Unicode
ဆယ်တန်းအောင်ပြီးနောက် ကျောင်းဆက်မတတ်ဘဲ နားရက်မရှိအလုပ်လုပ်ခဲ့ရာမှ အသက်၂၁နှစ်အရွယ်တွင် ဝမ်သန်း၁၀၀အထိချမ်းသာလာခဲ့သည့် လေးစားဖွယ်ကောင်မလေး
ကြိုးစားနေသူတစ်ယောက်အတွက်တော့ အောင်မြင်မှုဆိုသောအရာဟာ တဖြည်းဖြည်းနီးကပ်လာမှာဖြစ်ပါတယ်။မဖြစ်နိုင်သောအရာဟူ၍မရှိဘဲ အမြဲတမ်းလျှောက်လှမ်းနေမှသာ ပန်းတိုင်ကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။
ယခုတွင်လည်း Yoo Jinဆိုသည့်ကောင်မလေးဟာ ဆယ်တန်းအောင်ပြီးသောအခါ တက္ကသိုလ်ဆက်တက်ရန်ထက် အလုပ်လုပ်ပြီး ပိုက်ဆံရှာရန်ရွေးချယ်ခဲ့ပါတယ်။ထို့ကြောင့်ရုံးတစ်ခုတွင်ဝန်းထမ်းအနေဖြင့် စတင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ရုံးပိတ်ရက်နှင့်အားလပ်ချိန်များတွင် စတိုးဆိုင်များ၌ ငွေရှင်းကောင်တာတွင် အချိန်ပိုင်းအလုပ်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။
ကောင်မလေးတွင်အားလပ်ရက်ဟူ၍မရှိဘဲ ကြိုးစားခဲ့ပြီး အသက်၂၁နှစ်အရွယ်မှာတော့ ဝမ်သန်းတစ်ရာကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)