ျပည္တြင္းသတင္း

ရခိုင္ကမ္းေျခတြင္ ေတာ္ပီဒိုတလုံး ေတြ႕ရွိ (႐ုပ္/သံ)

မာန္ေအာင္ကၽြန္း အေနာက္ဘက္ မိန္းမႂကြယ္ေက်းရြာအနီးရွိ ကမ္းေျခတြင္ ေတာ္ပီဒိုတလုံး တင္ေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္းသိရသည္

အဆိုပါ ေတာ္ပီဒိုကို ဇူလိုင္ ၁၃ ရက္ နံနက္ပိုင္းတြင္ ေဒသခံမ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ အရာ၀တၳဳသည္ အရွည္ ၉ ေပ၊ လုံးပတ္ ၃ ေပပတ္လည္ရွိေၾကာင္း မာန္ေအာင္ကၽြန္းေဒသခံ အခ်ိဳ႕က ဆိုသည္

ေတာ္ပီဒို၏ အလယ္တြင္ လိေမၼာ္ေရာင္ ေဆးသုတ္ထားၿပီး က်န္ကိုယ္ထည္ကို ေငြေရာင္ ျခယ္ထားကာ အေနာက္ပိုင္းတြင္ LWT-XP D&P Torpedo ဆိုသည့္ စာသား ေရးသားထားသည္

ဇူလိုင္လ ပထမပတ္အတြင္း ရခိုင္ကမ္းရိုးတန္းေရျပင္၌ စစ္ေကာင္စီ၏ ေရတပ္က ေရငုပ္သေဘၤာ ႏွစ္စင္းအပါအဝင္ တိုက္ခိုက္ေရး စစ္ေရယာဥ္မ်ား၊ရဟတ္ယာဥ္မ်ားျဖင့္ စစ္ေရး ေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ကာ၊ ထိုေလ့ က်င့္ေရးေနရာသို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္လည္း လာေရာက္ၾကည့္ရႈခဲ့ေသးသည္

အဆိုပါ ေလ့က်င့္မႈတြင္ ေရငုပ္သေဘၤာကာကြယ္မႈ စစ္ ဆင္ေရးလည္း ပါဝင္ၿပီး ပစ္မွတ္မ်ားကို ေတာ္ပီဒို မ်ားျဖင့္ လည္းေကာင္း၊ ေရတပ္အေျမာက္ႀကီးမ်ားျဖင့္၊ စက္ေသနတ္ႀကီးမ်ားျဖင့္

လက္ေတြ႕ေလ့က်င့္ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း စစ္ေကာင္စီ မီဒီယာမ်ားတြင္ ေဖာ္ျပထားသည္ ထိုသို႔ ေလ့က်င့္မႈမ်ားျပဳလုပ္ၿပီးေနာက္ မာန္ေအာင္ကၽြန္းေပၚ ယခုကဲ့သို႔ ေတြ႕ခဲ့ၾကျခင္း ျဖစ္သည္

အဆိုပါစစ္ေရးေလ့က်င့္မႈကို ျမန္႔မာပင္လယ္ျပင္ရွိ စီးပြားေရးဇုန္မ်ားကို ကာကြယ္နိုင္စြမ္းရွိသည့္ ေရတပ္တစ္ခုျဖစ္လာေစရန္ ေမၽွာ္မွန္းထားေၾကာင္း စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပားၾကားခဲ့သည္ ဓာတ္ပုံ- CJ

မာန်အောင်ကျွန်း အနောက်ဘက် မိန်းမကြွယ်ကျေးရွာအနီးရှိ ကမ်းခြေတွင် တော်ပီဒိုတလုံး တင်နေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်

အဆိုပါ တော်ပီဒိုကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အရာဝတ္ထုသည် အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည်ရှိကြောင်း မာန်အောင်ကျွန်းဒေသခံ အချို့က ဆိုသည်

တော်ပီဒို၏ အလယ်တွင် လိမ္မော်ရောင် ဆေးသုတ်ထားပြီး ကျန်ကိုယ်ထည်ကို ငွေရောင် ခြယ်ထားကာ အနောက်ပိုင်းတွင် LWT-XP D&P Torpedo ဆိုသည့် စာသား ရေးသားထားသည်

ဇူလိုင်လ ပထမပတ်အတွင်း ရခိုင်ကမ်းရိုးတန်းရေပြင်၌ စစ်ကောင်စီ၏ ရေတပ်က ရေငုပ်သင်္ဘော နှစ်စင်းအပါအဝင် တိုက်ခိုက်ရေး စစ်ရေယာဉ်များ၊ရဟတ်ယာဉ်များဖြင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ၊ ထိုလေ့ ကျင့်ရေးနေရာသို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း လာရောက်ကြည့်ရှုခဲ့သေးသည်

အဆိုပါ လေ့ကျင့်မှုတွင် ရေငုပ်သင်္ဘောကာကွယ်မှု စစ် ဆင်ရေးလည်း ပါဝင်ပြီး ပစ်မှတ်များကို တော်ပီဒို များဖြင့် လည်းကောင်း၊ ရေတပ်အမြောက်ကြီးများဖြင့်၊ စက်သေနတ်ကြီးများဖြင့် လက်တွေ့လေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည် ထိုသို့ လေ့ကျင့်မှုများပြုလုပ်ပြီးနောက် မာန်အောင်ကျွန်းပေါ် ယခုကဲ့သို့ တွေ့ခဲ့ကြခြင်း ဖြစ်သည်

အဆိုပါစစ်ရေးလေ့ကျင့်မှုကို မြန့်မာပင်လယ်ပြင်ရှိ စီးပွားရေးဇုန်များကို ကာကွယ်နိုင်စွမ်းရှိသည့် ရေတပ်တစ်ခုဖြစ်လာစေရန် မျှော်မှန်းထားကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြေားကြားခဲ့သည် ဓာတ်ပုံ- CJ

Leave a Reply

Your email address will not be published. Required fields are marked *