ၾကားသိရသမွ်

ပုံမှန်အခြားခွေးတွေနဲ့မတူဘဲ အစိမ်းရောင်အမွေးဖြင့် မွေးဖွားလာခဲ့တဲ့ ခွေးပေါက်စလေး

ပုံမှန်အခြားခွေးတွေနဲ့မတူဘဲ အစိမ်းရောင်အမွေးဖြင့် မွေးဖွားလာခဲ့တဲ့ ခွေးပေါက်စလေး

အီတလီနိုင်ငံရှိ Cristian Mallocci အမည်ရှိသိုးမွေးမြူတဲ့လယ်ပိုင်ရှင်ဟာ ကမ္ဘာ့သတင်းမှာ သူပါဝင်ရလိမ့်မယ်လို့လုံးဝမတွေးခဲ့ဖူးဘူးလို့ ဆိုပါတယ်။Mediterranean ပင်လယ် Sardinia ကျွန်းပေါ်မှာတည်ရှိတဲ့ Mallocci ရဲ့ခြံထဲမှာ သူကျွေးမွေးပြုစုထားတဲ့ခွေး ၈ ကောင်ထဲအနက်မှ Spelacchia လို့ခေါ်တဲ့ခွေးတစ်ကောင်က ခွေးပေါက်စလေး ၅ ကောင်ကိုမွေးဖွားခဲ့ပါတယ်။

ခွေးပေါက်စလေး ၄ ကောင်စလုံးက သူတို့အမေကဲ့သို့ အမွေးဖြူကြပေမဲ့ Pistachio လို့ခေါ်တဲ့ထူးခြားတဲ့ ခွေးပေါက်စလေးတစ်ကောင်ကတော့ အစိမ်းရောင်အမွေးဖြင့် မွေးဖွားလာခဲ့ပါတယ်။

အစိမ်းရောင်အမွေးဖြင့်မွေးဖွားလာတဲ့ ခွေးလေးတစ်ကောင်က တမူထူးပြီးရှားပါးပေမဲ့လည်း အလွယ်တကူရှင်းပြနိုင်ပါတယ်။

ခွေးပေါက်စလေးတွေက မိခင်ရဲ့ဝမ်းဗိုက်ထဲမှာရှိစဉ်အတွင်း Biliverdin လို့ခေါ်တဲ့အစိမ်းရောင်ခြယ်ပစ္စည်းနှင့်ထိတွေ့မိခြင်းကြောင့်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။

ဒါပေမဲ့ Pistachio ရဲ့အစိမ်းရောင်အမွေးတွေက ထာဝရအစဉ်အမြဲ တည်ရှိနေမှာမဟုတ်သလို ၎င်းအစိမ်းရောင်အမွေးတွေက တစ်နေ့ပြီးတစ်နေ့ ပျောက်ကွယ်လာနေပါတယ်။

Spelacchia ကိုယ်ဝန်ဆောင်စဉ် biliverdin လို့ ခေါ်တဲ့ သည်းခြေမှာပါဝင်တဲ့ဒြပ်က အချင်းရှိ Amnioticအရည်ထဲသို့ ရောနှောသွားတာဖြစ်ကြောင်း Mallocci က ရှင်းပြခဲ့ပါတယ်။

အခြားခွေးပေါက်လေးတွေက သူတို့ရဲ့အမြဲထာဝရနေအိမ်ကို ရှာတွေ့သွားပေမဲ့ Mallocci က Pistachio ကိုတော့ သူ့ရဲ့လယ်ယာမြေမှာဘဲ စောင့်ရှောက်ထားမှာဖြစ်ပြီး သူ့ရဲ့မိခင်နဲ့အတူ ခြံထဲက သိုးတွေကိုစောင့်ရှောက်တတ်ဖို့ လေ့ကျင့်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ပုံမှန်မဟုတ်တဲ့ ခွေးလေးက မျှော်လင့်မထားတဲ့လက်ဆောင်ဖြစ်ကြောင်းနှင့် သူ့ရဲ့အစိမ်းရောင်အမှတ်လက္ခဏာက လူအများရဲ့မျက်နှာတွေကိုအပြုံးပန်းဝေသွားစေတဲ့ရည်ရွယ်ချက်ဖြင့် သူဟာ ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာခဲ့တယ်လို့ Mallocci က ဆိုခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *