သား ဖိနပ် မပျောက်တော့ဘူး ဖေကြီး(နောက်ဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးဝေးပါစေ သားလေးရယ်…)
ဒီသားလေးကိုမှတ်မိကြလားမသိဘူး HIV ရောဂါသည် ဖခင်ကိုယ်တိုင် ဦးဇင်းထံပေးအပ်ပြီး လှည်ကူးကနေခေါ်လာခဲ့တဲ့ သားငယ်လေးပါ။ပြီးခဲ့တဲ့ ရက်ပိုင်ကပဲ သားငယ်လေးရဲ့ဖခင်ဟာ လူလောကကို လက်ပြနုတ်ဆက်ပြီး အပြီးပိုင်ထွက်ခွါသွားပါပြီ။သားငယ်လေးမှာ အမေရှိပါသေးတယ် အမေရှိပေမယ့်လည်း အမေဖြစ်သူကလည်း ဒီ
ရောဂါနဲ့ပါပဲ။သားငယ်လေးရဲ့ အဖေနဲ့ အမေက တကယ်တော့ ကွဲနေကြတာပါ… သားငယ်လေးရဲ့ အဖေဆုံးသွားကြောင်းကို အမေဖြစ်သူကိုယ်တိုင် ကျောင်းကိုလာရောက်ပြောကြားခဲ့တာပါ။
အမေဖြစ်သူ ကျောင်းရောက်လာတော့ သားနဲ့အမေဖြစ်သူရဲ့ ခဏတာတွေ့ဆုံခန်းလေးက ခုထိဦးဇင်းရဲ့ မျက်လုံထဲ ထင်ကျန်နေဆဲပါပဲ။
ကျောင်းခြံထဲကို လူတစ်ယောက်ဝင်လာရင် ကျောင်းအတွင်းထဲကနေ ကျောင်းခြံဝကိုလှမ်းကြည့် ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမမြင်ရပါဘူး …။အဲ့ဒီနေ့က နေ့လယ် ၂နာရီဝန်းကျင်လောက်ဖြစ်မယ် ဦးဇင်းလည်း အမည်မရှိတဲ့ အရာတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်။သားငယ်က ဦးဇင်းနားမှာ အရုပ်တွေနဲ့ဆော့ကစားနေ တာပေါ့ကျောင်းဝန်းထဲကို လူတစ်ယောက်ဝင်လာတာကို ဦးဇင်းမြင်တယ်။
ဦးဇင်းသိတာက လူတစ်ယောက်ဆိုတာ လောက်ပဲမြင်တာ ယောကျာ်းလား မိန်းမလာဆိုတာတောင် ဦးဇင်းမသဲကွဲဘူး။ဒါပေမယ့်….
အနားမှာဆော့နေတဲ့ သားငယ်က လှမ်းကြည့်ပြီး ပါးစပ်ကလည်း မေမေလို့ခေါ်ပြီး ကျောင်းထဲဝင်လာတဲ့လူဆီ ကိုပြေးသွားတယ် ဦးဇင်းအံ့သြသွားတယ်။ဦးဇင်းသေချာကြည်တာတောင် ယောကျာ်း မိန်းမမကွဲဘူး သားငယ်က သူရဲ့အမေဆိုတာ သေချာသိနေတယ်။ဪ…..သားနဲ့အမိရဲ့ မေတ္တာတရားက ဘယ်လိုပင် ဝေးကွာနေပေမယ့် အရိပ်တစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ်။
အနံံ့တစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ် အသံတစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ်။မေတ္တာတရားရဲ့ စွမ်းအားက အံ့ဖွယ်ရှိပေစွ သားအမိနှစ်ယောက် ပွေ့ဖက်ငိုယိုပြီး ကျောင်းထဲဝင်လာကြတယ်။သားလည်းငို အမေလည်းငိုပေါ့ ဦးဇင်းလည်း
ဘာမှမပြောပဲ နားလည်စွာပဲ သားအမိနှစ်ယောက်ကိုကြည့်နေလိုက်တယ်။အတန်ကြာသည်အထိ တင်းကြပ်စွာ ပွေ့ဖက်ငိုနေလိုက်ကြတာ ငိုလို့အားရမှ ဦးဇင်းကို သတိရဟန်တူပါရဲ့ ဦးဇင်းထံမျက်နှာမူလာပြီး တပည့်တော်က သားလေးရဲ့အမေပါဘုရား သူအဖေနဲ့တပည့်တော်က ကွဲနေတာပါဘုရား သားလေးကို ဆရာတော်ဆီ သူအဖေပို့လိုက်တယ်ဆိုတာ ကြားပါတယ်။
ခုတပည့်တော်ဒီကိုလာတာ သားလေးကို တွေ့ချင်တာရော နောက်တစ်ခုက သူအဖေဆုံးသွားပြီဘုရား အဲဒါကိုလာပြီး အသိပေးတာပါဘုရားတဲ့။တပည့်တော် သားကိုခေါ်ဘို့လာတာမဟုတ်ပါဘူးဘုရား တပည့်တော်လည်း သိပ်မနေရတော့ဘူးဘုရားတဲ့ ပြောလည်းပြော ငိုလည်းငိုဆရာတော်ကိုလည်း တပည့်တော် နောက်ဘဝပေါင်း များစွာအထိ ကျေးဇူးတင်နေမှာပါဘုရားတဲ့
သားလေးကိုလည်း လိမ်လိမ်မာမာနေဘို့ တဖွဖွမှာ ဆရာတော်စကားကိုလည်း နားထောင်နော်သားဆိုပြီ မှာနေတဲ့ အမေရဲ့မေတ္တာ ဘယ်အရာနဲ့ ဖော်ကြူးရမှန်း တောင်မသိလောက်အောင်ပါပဲ။ခဏနေတော့ အိတ်ထဲကနေ သားငယ်လေးကို ဖိနပ်လေးတစ်ရံထုတ်ပြီးပေးတယ်…
တပည့်တော်သားက ဖိနပ်မမြဲဘူးဘုရား ခဏခဏပျောက်တယ်။(ဟုတ်ပါတယ် သားငယ်ကို ကျောင်းရောက်တဲ့ နေ့ကစပြီး တစ်နေ့ တစ်ရံနီးပါ ဖိနပ်ထုတ်ပေးရပါတယ် ဖိနပ်မပျောက်ဖို့လည်း ခဏခဏမှာရတယ်) သားဖြစ်သူကို အမေဖြစ်သူက ဖိနပ်ကလေးထုတ်ပေးပြီး သားငယ်ကိုစိတ်မချစွာ မှာရှာတယ်။ကျန်းမာရေးဂရုစိုက်ဖို့ ဖိနပ်စီးဘို့ နောက်ဆို ဘိနပ်မပျောက်ဘို့ တဖွဖွမှာရင်း ညနေ၄နာရီလောက် သားငယ်လေးကို နုတ်ဆက်ပြီးကျောင်းကနေပြန်သွားတယ်။
နောက်နေ့မနက်ကြတော့ ကျောင်းဆရာတစ်ယောက်က ဦးဇင်းကို လာပြောတယ် ဦးဇင်းတဲ့ ကောင်းဆက်မျိုးဆက်က ဘာဖြစ်တာလည်းမသိဘူးတဲ့။ညအိပ်ရင် သူဖိနပ်ကလေးကို ဖက်ဖက်ပြီအိပ်တာတဲ့ ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားမိတယ်။ထူးခြားစွာပဲ ဦးဇင်းကိုလည်း လာပြောတယ်။
ဖေကြီးဖေကြီးတဲ့ ဖိနပ်ကလေးကို ကိုင်ပြီးလာပြတယ် သားဖိနပ်မပျောက်တော့ဘူးနော်တဲ့။ရင်ထဲကခံစားချက်ကို သူ့ခင်မျာ မပြောတတ်ရှာပေမယ့် ဒီဘိနပ်ကလေးဟာ အမေပေးခဲ့တဲ့ တစ်ခုတည်းသော အမွေပစ္စည်းလေးပါလားဆိုတဲ့အသိနဲ့ သားငယ်လေး တစ်ယုတယရှိနေတာဖြစ်မယ်။အေးချမ်းပါစေသားငယ်လေးရယ်….။ ။
Credit:အရှင်ဇနာနန္ဒYGW ရန်ကုန်မန္တလေးအမြန်လမ်းသစ်ဘေး၈၉မိုင်၅ဖာလုံ(YGW ပရဟိတမိဘမဲ့ကျောင်း)ဖုန်း 09780000085
Zawgyi
သား ဖိနပ္ မေပ်ာက္ေတာ့ဘူး ေဖႀကီး(ေနာက္ဘဝဆက္တိုင္းဒီလိုအျဖစ္မ်ိဳးေဝးပါေစ သားေလးရယ္…)
ဒီသားေလးကိုမွတ္မိၾကလားမသိဘူး HIV ေရာဂါသည္ ဖခင္ကိုယ္တိုင္ ဦးဇင္းထံေပးအပ္ၿပီး လွည္ကူးကေနေခၚလာခဲ့တဲ့ သားငယ္ေလးပါ။ၿပီးခဲ့တဲ့ ရက္ပိုင္ကပဲ သားငယ္ေလးရဲ႕ဖခင္ဟာ လူေလာကကို လက္ျပႏုတ္ဆက္ၿပီး အၿပီးပိုင္ထြက္ခြါသြားပါၿပီ။သားငယ္ေလးမွာ အေမရွိပါေသးတယ္ အေမရွိေပမယ့္လည္း အေမျဖစ္သူကလည္း ဒီေရာဂါနဲ႔ပါပဲ။သားငယ္ေလးရဲ႕ အေဖနဲ႔ အေမက တကယ္ေတာ့ ကြဲေနၾကတာပါ… သားငယ္ေလးရဲ႕ အေဖဆုံးသြားေၾကာင္းကို အေမျဖစ္သူကိုယ္တိုင္ ေက်ာင္းကိုလာေရာက္ေျပာၾကားခဲ့တာပါ။
အေမျဖစ္သူ ေက်ာင္းေရာက္လာေတာ့ သားနဲ႔အေမျဖစ္သူရဲ႕ ခဏတာေတြ႕ဆုံခန္းေလးက ခုထိဦးဇင္းရဲ႕ မ်က္လုံထဲ ထင္က်န္ေနဆဲပါပဲ။
ေက်ာင္းၿခံထဲကို လူတစ္ေယာက္ဝင္လာရင္ ေက်ာင္းအတြင္းထဲကေန ေက်ာင္းၿခံဝကိုလွမ္းၾကည့္ ဘယ္သူဘယ္ဝါဆိုတာ သဲသဲကြဲကြဲမျမင္ရပါဘူး …။အဲ့ဒီေန႔က ေန႔လယ္ ၂နာရီဝန္းက်င္ေလာက္ျဖစ္မယ္ ဦးဇင္းလည္း အမည္မရွိတဲ့ အရာေတြနဲ႔ပဲ အလုပ္ရႈပ္ေနတယ္။သားငယ္က ဦးဇင္းနားမွာ အ႐ုပ္ေတြနဲ႔ေဆာ့ကစားေန တာေပါ့ေက်ာင္းဝန္းထဲကို လူတစ္ေယာက္ဝင္လာတာကို ဦးဇင္းျမင္တယ္။
ဦးဇင္းသိတာက လူတစ္ေယာက္ဆိုတာ ေလာက္ပဲျမင္တာ ေယာက်ာ္းလား မိန္းမလာဆိုတာေတာင္ ဦးဇင္းမသဲကြဲဘူး။ဒါေပမယ့္….
အနားမွာေဆာ့ေနတဲ့ သားငယ္က လွမ္းၾကည့္ၿပီး ပါးစပ္ကလည္း ေမေမလို႔ေခၚၿပီး ေက်ာင္းထဲဝင္လာတဲ့လူဆီ ကိုေျပးသြားတယ္ ဦးဇင္းအံ့ၾသသြားတယ္။ဦးဇင္းေသခ်ာၾကည္တာေတာင္ ေယာက်ာ္း မိန္းမမကြဲဘူး သားငယ္က သူရဲ႕အေမဆိုတာ ေသခ်ာသိေနတယ္။ဪ…..သားနဲ႔အမိရဲ႕ ေမတၱာတရားက ဘယ္လိုပင္ ေဝးကြာေနေပမယ့္ အရိပ္တစ္ခုနဲ႔လည္း အေမနဲ႔သားရယ္လို႔ ခံစားသိႏိုင္တယ္။
အနံံ့တစ္ခုနဲ႔လည္း အေမနဲ႔သားရယ္လို႔ ခံစားသိႏိုင္တယ္ အသံတစ္ခုနဲ႔လည္း အေမနဲ႔သားရယ္လို႔ ခံစားသိႏိုင္တယ္။ေမတၱာတရားရဲ႕ စြမ္းအားက အံ့ဖြယ္ရွိေပစြ သားအမိႏွစ္ေယာက္ ေပြ႕ဖက္ငိုယိုၿပီး ေက်ာင္းထဲဝင္လာၾကတယ္။သားလည္းငို အေမလည္းငိုေပါ့ ဦးဇင္းလည္း
ဘာမွမေျပာပဲ နားလည္စြာပဲ သားအမိႏွစ္ေယာက္ကိုၾကည့္ေနလိုက္တယ္။အတန္ၾကာသည္အထိ တင္းၾကပ္စြာ ေပြ႕ဖက္ငိုေနလိုက္ၾကတာ ငိုလို႔အားရမွ ဦးဇင္းကို သတိရဟန္တူပါရဲ႕ ဦးဇင္းထံမ်က္ႏွာမူလာၿပီး တပည့္ေတာ္က သားေလးရဲ႕အေမပါဘုရား သူအေဖနဲ႔တပည့္ေတာ္က ကြဲေနတာပါဘုရား သားေလးကို ဆရာေတာ္ဆီ သူအေဖပို႔လိုက္တယ္ဆိုတာ ၾကားပါတယ္။
ခုတပည့္ေတာ္ဒီကိုလာတာ သားေလးကို ေတြ႕ခ်င္တာေရာ ေနာက္တစ္ခုက သူအေဖဆုံးသြားၿပီဘုရား အဲဒါကိုလာၿပီး အသိေပးတာပါဘုရားတဲ့။တပည့္ေတာ္ သားကိုေခၚဘို႔လာတာမဟုတ္ပါဘူးဘုရား တပည့္ေတာ္လည္း သိပ္မေနရေတာ့ဘူးဘုရားတဲ့ ေျပာလည္းေျပာ ငိုလည္းငိုဆရာေတာ္ကိုလည္း တပည့္ေတာ္ ေနာက္ဘဝေပါင္း မ်ားစြာအထိ ေက်းဇူးတင္ေနမွာပါဘုရားတဲ့
သားေလးကိုလည္း လိမ္လိမ္မာမာေနဘို႔ တဖြဖြမွာ ဆရာေတာ္စကားကိုလည္း နားေထာင္ေနာ္သားဆိုၿပီ မွာေနတဲ့ အေမရဲ႕ေမတၱာ ဘယ္အရာနဲ႔ ေဖာ္ၾကဴးရမွန္း ေတာင္မသိေလာက္ေအာင္ပါပဲ။ခဏေနေတာ့ အိတ္ထဲကေန သားငယ္ေလးကို ဖိနပ္ေလးတစ္ရံထုတ္ၿပီးေပးတယ္…
တပည့္ေတာ္သားက ဖိနပ္မၿမဲဘူးဘုရား ခဏခဏေပ်ာက္တယ္။(ဟုတ္ပါတယ္ သားငယ္ကို ေက်ာင္းေရာက္တဲ့ ေန႔ကစၿပီး တစ္ေန႔ တစ္ရံနီးပါ ဖိနပ္ထုတ္ေပးရပါတယ္ ဖိနပ္မေပ်ာက္ဖို႔လည္း ခဏခဏမွာရတယ္) သားျဖစ္သူကို အေမျဖစ္သူက ဖိနပ္ကေလးထုတ္ေပးၿပီး သားငယ္ကိုစိတ္မခ်စြာ မွာရွာတယ္။က်န္းမာေရးဂ႐ုစိုက္ဖို႔ ဖိနပ္စီးဘို႔ ေနာက္ဆို ဘိနပ္မေပ်ာက္ဘို႔ တဖြဖြမွာရင္း ညေန၄နာရီေလာက္ သားငယ္ေလးကို ႏုတ္ဆက္ၿပီးေက်ာင္းကေနျပန္သြားတယ္။
ေနာက္ေန႔မနက္ၾကေတာ့ ေက်ာင္းဆရာတစ္ေယာက္က ဦးဇင္းကို လာေျပာတယ္ ဦးဇင္းတဲ့ ေကာင္းဆက္မ်ိဳးဆက္က ဘာျဖစ္တာလည္းမသိဘူးတဲ့။ညအိပ္ရင္ သူဖိနပ္ကေလးကို ဖက္ဖက္ၿပီအိပ္တာတဲ့ ရင္ထဲမွာ စိတ္မေကာင္းျဖစ္သြားမိတယ္။ထူးျခားစြာပဲ ဦးဇင္းကိုလည္း လာေျပာတယ္။
ေဖႀကီးေဖႀကီးတဲ့ ဖိနပ္ကေလးကို ကိုင္ၿပီးလာျပတယ္ သားဖိနပ္မေပ်ာက္ေတာ့ဘူးေနာ္တဲ့။ရင္ထဲကခံစားခ်က္ကို သူ႔ခင္မ်ာ မေျပာတတ္ရွာေပမယ့္ ဒီဘိနပ္ကေလးဟာ အေမေပးခဲ့တဲ့ တစ္ခုတည္းေသာ အေမြပစၥည္းေလးပါလားဆိုတဲ့အသိနဲ႔ သားငယ္ေလး တစ္ယုတယရွိေနတာျဖစ္မယ္။ေအးခ်မ္းပါေစသားငယ္ေလးရယ္….။ ။
Credit:အရွင္ဇနာနႏၵYGW ရန္ကုန္မႏၲေလးအျမန္လမ္းသစ္ေဘး၈၉မိုင္၅ဖာလုံ(YGW ပရဟိတမိဘမဲ့ေက်ာင္း)ဖုန္း 09780000085