ဧရာဝတီတိုင္းမ္ ၾသဂုတ္လ ၂၈ ရက္
ပဲခူးတိုင္း(အေနာက္ျခမ္း)၊ ျပည္ၿမိဳ႕မွာ ၃ ႏွစ္အရြယ္ ကေလးနဲ႔မိခင္ ဒီကေန႔ ၾသဂုတ္လ ၂၈ ရက္ ေန႔လည္ ၃ နာရီဝန္းက်င္မွာ နဝေဒးတံတားေပၚကေန ဧရာဝတီျမစ္ထဲကိုခုန္ခ်သြားတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္
ခုန္ခ်သြားသူဟာ ေခတၱရာၿမိဳ႕သစ္ ၁၂ လမ္းမွာ ေနထိုင္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ မအိေဝထြန္း (ခ)အိေလးနဲ႔ သူမရဲ့ သမီးျဖစ္သူ အသက္ ၃ ႏွစ္အရြယ္ မႏွင္းရတီေမာင္တို႔ျဖစ္တယ္လို႔ သိရပါတယ္
ေန႔လည္ ၃ နာရီေလာက္ သားအမိ ၂ ေယာက္ဆိုင္ကယ္နဲ႔ တံတားေပၚတက္လာတယ္။ ခေလးဖ်ားေနလို႔ဆိုၿပီး ရဲကိုေျပာေတာ့ ရဲကလည္းမစစ္ေတာ့ဘဲနဲ႔ လႊတ္ေပးလိုက္တယ္
တံတားတိုင္ ၂ နဲ႔ ၃ၾကားမွာ ဆိုင္ကယ္ရပ္ေနတာေတြ႕ေတာ့ ရဲကမသကၤါလို႔ အေဝးကလွမ္းၾကည့္ေနတုန္း ျမစ္ထဲသားအမိ ၂ ေယာက္ခုန္ခ်သြားတာ။ ဘာလို႔ခုန္ခ်လည္းေတာ့မသိဘူး လို႔ ျပည္ၿမိဳ႕ခံအမ်ိဳးသားတဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္
ခုန္ခ်သြားၿပီးတဲ့ေနာက္ ရဲေတြက တံတားေပၚကေနၾကည့္ေနတဲ့အခ်ိန္မွာ ကေလးက ေရျပင္ေပၚျပန္တက္လာၿပီး မိခင္ျဖစ္သူက ေရထဲနစ္ျမဳပ္ေနတယ္လို႔ သူကဆက္လက္ေျပာပါတယ္
လက္ရွိမွာ မိခင္ေရာ ကေလးကိုေတြ႕ရွိတာမ်ိဳးမရွိေသးဘဲ ကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြေနဆဲျဖစ္တယ္လို႔သိရပါတယ္ ဓာတ္ပုံ – လူမႈကြန္ယက္ AyeyarwaddyTimes
ပြည်မြို့မှာ ၃ နှစ် အရွယ်ကလေးနဲ့မိခင် နဝဒေးတံတားပေါ်က ဧရာဝတီမြစ်ထဲ ခုန်ချ
ဧရာဝတီတိုင်းမ် သြဂုတ်လ ၂၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ၃ နှစ်အရွယ် ကလေးနဲ့မိခင် ဒီကနေ့ သြဂုတ်လ ၂၈ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ နဝဒေးတံတားပေါ်ကနေ ဧရာဝတီမြစ်ထဲကိုခုန်ချသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်
ခုန်ချသွားသူဟာ ခေတ္တရာမြို့သစ် ၁၂ လမ်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မအိဝေထွန်း (ခ)အိလေးနဲ့ သူမရဲ့ သမီးဖြစ်သူ အသက် ၃ နှစ်အရွယ် မနှင်းရတီမောင်တို့ဖြစ်တယ်လို့ သိရပါတယ်
နေ့လည် ၃ နာရီလောက် သားအမိ ၂ ယောက်ဆိုင်ကယ်နဲ့ တံတားပေါ်တက်လာတယ်။ ခလေးဖျားနေလို့ဆိုပြီး ရဲကိုပြောတော့ ရဲကလည်းမစစ်တော့ဘဲနဲ့ လွှတ်ပေးလိုက်တယ်
တံတားတိုင် ၂ နဲ့ ၃ကြားမှာ ဆိုင်ကယ်ရပ်နေတာတွေ့တော့ ရဲကမသင်္ကါလို့ အဝေးကလှမ်းကြည့်နေတုန်း မြစ်ထဲသားအမိ ၂ ယောက်ခုန်ချသွားတာ။ ဘာလို့ခုန်ချလည်းတော့မသိဘူး လို့ ပြည်မြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်
ခုန်ချသွားပြီးတဲ့နောက် ရဲတွေက တံတားပေါ်ကနေကြည့်နေတဲ့အချိန်မှာ ကလေးက ရေပြင်ပေါ်ပြန်တက်လာပြီး မိခင်ဖြစ်သူက ရေထဲနစ်မြုပ်နေတယ်လို့ သူကဆက်လက်ပြောပါတယ်
လက်ရှိမှာ မိခင်ရော ကလေးကိုတွေ့ရှိတာမျိုးမရှိသေးဘဲ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ် ဓာတ်ပုံ – လူမှုကွန်ယက် AyeyarwaddyTimes