အေထြအေထြဗဟုသုတ

မြန်မာပြည် မှာ အသုဘ ပို့ပြီးပြန် လာတာနဲ့ ဘာ လို့ တရော်ကင်ပွန်းနဲ့ လက်ဆေး ရ တာလဲ ??

အသုဘ ပို့ပြီး ပြန်လာရင် တရော်ကင်းပွန်းကို ဘာကြောင့် အသုံးပြုရလဲဆိုတာ သိရအောင် ပြန်လည်မျဝေပေးထားတာပါ။ဒွတ္တဘောင် မင်းကြီးဟာ စစ်တိုက်ပြီးပြန်လာတော့ ပန်ထွာမင်းသမီးရဲ့တိုင်းပြည်မှာ တစ်ညဝင်အိပ်ခဲ့ပါတယ်။ ပန်ထွာမင်းသမီးဟာ မင်းကြီးဘုန်းကံနိမ့်အောင်ဆိုပြီး မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ဖို့ပေးခဲ့ပါတယ်။

မင်းကြီးလည်း အဲ့ဒီမျက်နှာသုတ်ပဝါကို မျက်နှာသုတ်လိုက်တာနဲ့ ချက်ချင်းပဲ ဘုန်းနိမ့်ပြီး နဖူးကမှည့်ရှင်ဟာ ကွယ်ခဲ့ပါတယ်။ မင်းကြီးလည်း ဘုန်းနိမ့်မှန်း သိပြီးပြန်လာခဲ့တယ်။ လမ်းရောက်တော့ မိုးရွာတဲ့အတွက် တရော်ပင်အောက်မှာ မိုးဝင်ခိုခဲ့ပါတယ်။

တရော်ကင်းပွန်းပင်က စီးကျလာတဲ့မိုးရေဟာ မင်းကြီးအပေါ်ကျပြီး ဘုန်းကျက်သရေရှိစေတဲ့ မှဲ့ရှင်ဟာ ပြန်ပေါ်လာခဲ့တယ်။ မင်းကြီးလည်း တရော်ဟာဘုန်းကျက်သရေ ရှိစေတယ်ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို မကြာခဏလုပ်ပေးတာကစပြီး မြန်မာဘုရင် အဆက်ဆက်ဟာ တရော်ကင်းပွန်းနဲ့ ဦးခေါင်းဆေးမင်္ဂလာကို ပြုလုပ်တဲ့ အယူအဆ ပေါ်ပေါက်ခဲ့ပါတယ်။

ကင်းပွန်းသီးရဲ့အာနိသင်က အပုပ်အစပ်နိုင်တာပါ။ ဘယ်လောက်ပဲ အပုပ်နံ့နံပါစေ ကင်းပွန်းသီးကို မီးမြှိုက်လိုက်ရင် အပုပ်နံ အားလုံးပျောက်ကွယ်သွားပါတယ်။ ဒါကြောင့် ဦးခေါင်းကအနံ့ကိုပျောက်အောင် ကင်းပွန်းသီးက စွမ်းဆောင်နိုင်ပြီး ဘုန်းကျက်သရေရှိဖို့ကို တရော်က စွမ်းဆောင်ပေးပါတယ်။

အဲဒါကြောင့် မြန်မာလူမျိုးတွေဟာ အသုဘပို့ပြန်လာတဲ့အခါတွေ မီးနေသည်အိမ်က ပြန်လာတဲ့အခါတွေမှာ တရော်ကင်းပွန်းကို အသုံးပြုကြတာ ဒီနေ့အထိပါပဲ။

Credit : ဦးမြင့်ခိုင်(စိတ်ပညာ)

Zawgyi

အသုဘ ပို႔ၿပီး ျပန္လာရင္ တေရာ္ကင္းပြန္းကို ဘာေၾကာင့္ အသုံးျပဳရလဲဆိုတာ သိရေအာင္ ျပန္လည္မ်ေဝေပးထားတာပါ။ဒြတၱေဘာင္ မင္းႀကီးဟာ စစ္တိုက္ၿပီးျပန္လာေတာ့ ပန္ထြာမင္းသမီးရဲ႕တိုင္းျပည္မွာ တစ္ညဝင္အိပ္ခဲ့ပါတယ္။ ပန္ထြာမင္းသမီးဟာ မင္းႀကီးဘုန္းကံနိမ့္ေအာင္ဆိုၿပီး မီးေနသည္ထမီနဲ႔ရက္လုပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္ဖို႔ေပးခဲ့ပါတယ္။

မင္းႀကီးလည္း အဲ့ဒီမ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္လိုက္တာနဲ႔ ခ်က္ခ်င္းပဲ ဘုန္းနိမ့္ၿပီး နဖူးကမွည့္ရွင္ဟာ ကြယ္ခဲ့ပါတယ္။ မင္းႀကီးလည္း ဘုန္းနိမ့္မွန္း သိၿပီးျပန္လာခဲ့တယ္။ လမ္းေရာက္ေတာ့ မိုး႐ြာတဲ့အတြက္ တေရာ္ပင္ေအာက္မွာ မိုးဝင္ခိုခဲ့ပါတယ္။

တေရာ္ကင္းပြန္းပင္က စီးက်လာတဲ့မိုးေရဟာ မင္းႀကီးအေပၚက်ၿပီး ဘုန္းက်က္သေရရွိေစတဲ့ မွဲ႔ရွင္ဟာ ျပန္ေပၚလာခဲ့တယ္။ မင္းႀကီးလည္း တေရာ္ဟာဘုန္းက်က္သေရ ရွိေစတယ္ဆိုၿပီး ဦးေခါင္းေဆးမဂၤလာကို မၾကာခဏလုပ္ေပးတာကစၿပီး ျမန္မာဘုရင္ အဆက္ဆက္ဟာ တေရာ္ကင္းပြန္းနဲ႔ ဦးေခါင္းေဆးမဂၤလာကို ျပဳလုပ္တဲ့ အယူအဆ ေပၚေပါက္ခဲ့ပါတယ္။

ကင္းပြန္းသီးရဲ႕အာနိသင္က အပုပ္အစပ္ႏိုင္တာပါ။ ဘယ္ေလာက္ပဲ အပုပ္နံ႔နံပါေစ ကင္းပြန္းသီးကို မီးျမႇိဳက္လိုက္ရင္ အပုပ္နံ အားလုံးေပ်ာက္ကြယ္သြားပါတယ္။ ဒါေၾကာင့္ ဦးေခါင္းကအနံ႔ကိုေပ်ာက္ေအာင္ ကင္းပြန္းသီးက စြမ္းေဆာင္ႏိုင္ၿပီး ဘုန္းက်က္သေရရွိဖို႔ကို တေရာ္က စြမ္းေဆာင္ေပးပါတယ္။

အဲဒါေၾကာင့္ ျမန္မာလူမ်ိဳးေတြဟာ အသုဘပို႔ျပန္လာတဲ့အခါေတြ မီးေနသည္အိမ္က ျပန္လာတဲ့အခါေတြမွာ တေရာ္ကင္းပြန္းကို အသုံးျပဳၾကတာ ဒီေန႔အထိပါပဲ။

Credit : ဦးျမင့္ခိုင္(စိတ္ပညာ)

Leave a Reply

Your email address will not be published. Required fields are marked *