ၾကားသိရသမွ်


ခေတ်မကောင်းတဲ့ အချိန်မှာ အခြေခံလူတန်းစားတွေကို လိုင်းပေါ်ကနေ ဂျင်းထည့်နေကြတဲ့ အဖြစ်

အွန်လိုင်းမှာ မဲပေါက်တယ်ဆိုပြီး ဂျင်းထည့်ခံရတဲ့ သူတွေ တဖြည်းဖြည်း များလာပါတယ်။

ဆိုင်ကယ်မဲ၊ ဖုန်းမဲ၊ ရွှေလက်ဝတ်လက်စားမဲတွေကို တမဲ ဘယ်လောက်နဲ့ လိုင်းပေါ်မှာ စုပြီး မဲဖောက်ပေးတယ်ဆိုကာ ဂျင်းထည့်နေကြတာ ဖြစ်ပါတယ်။ ယခုလည်း တမဲ ကျပ် ၃၉၀၀၀ နဲ့ စုပြီး မဲပေါက်တယ်ဆိုကာ ဂျင်းထည့်ခံရတဲ့ အကြောင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

ရွှေဆွဲကြိုးလေး မဲပေါက်တယ်ဆိုပြီး ဖုန်းဆက်ပို့လိုက်လို့ ပါဆယ်ရုံးကနေ ၃၉၀၀၀ နဲ့ ခုဘဲ ထုတ်လာတာ အမ နားမလည်လို့ အတုအစစ်လေး စစ်ပေးပါလား ညီမလေးရယ်တဲ့။

ပစ္စည်းလေး ကြည့်လိုက်တာနဲ့ အတုမှန်းသိပေမဲ့ လာပြတဲ့အမ ကျေနပ်အောင် မှတ်ကျောက်လေးတင်ပြပေးပြီး စိတ်မကောင်းစွာနဲ့ဘဲ စတိုးဆိုင်တွေမှာရောင်းတဲ့ ၄/၅ထောင်ဘဲ ရှိတဲ့ အတုလို့ ပြောလိုက်ရတယ် မျက်နှာလည်း မကောင်းတော့ဘူး မိုးရေတွေကြားထဲ စိုရွှဲပြီး ပြန်သွားလေတယ်။

၃၉၀၀၀ ထဲမလို့ တော်သေးတယ်လို့ ပြောလို့ရပေမဲ့ ခုလို ငွေကြေးရှားပါးနေတဲ့ အချိန်မှာ သူ့အတွက်လည်းနှမြောစရာပါဘဲရှင် အရင်ကလည်း မဲပေါက်တယ်ဆိုပြီး ထုတ်ပြီး လာပြကြတာ ၃ဦးလောက် ရှိပေမဲ့ အရင်ကြိုးတွေ /ဆွဲပြားတွေကိုတော့ မရိုက်ထားဖြစ်ဘူး။ ခုကတော့ လူလိမ်တွေ အရမ်းပေါလာတဲ့ ခေတ်မှာ မိတ်ဆွေများ သတိလက်လွတ် မဖြစ်သွားစေဖို့ ရည်ရွယ်ပြီးတင်ပြလိုက်တာပါ ။

အချို့ဆို ဖုန်းမဲပေါက်တယ် ၂သိန်း အရင်လွှဲရမယ်ဆိုလို့ ရွှေအပေါင်လာထားတယ်။ ရှင်းပြ အတတ်နိုင်ဆုံးအမှီတားလိုက်နိုင်လို့တော်သေးတယ် လူလိမ်တွေက ရိုးသားလှတဲ့ လူကြီးတွေကို အဓိက ပစ်မှတ်ထားတာ များတယ်။ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေရှင်

Leave a Reply

Your email address will not be published. Required fields are marked *