ၾကားသိရသမွ်

ကေလးေတြကို ခ်စ္ရင္ ေအာက္ပါအက်င့္(၃)ခုကို ေဖ်ာက္ေပးပါ

ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘဝတစ်ခုလုံး ထိခိုက်တတ်ပါတယ်။

မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။

၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။

အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။ ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။

ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။

လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိတ်ဓာတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။

အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ လိုပါ

တယ်။ ဥပမာ ကလေးကိုယ့်ကိုကိုယ် ထမင်းစားခိုင်းတာမျိုး၊ ပန်းကန်သိမ်းခိုင်းတာမျိုး။

ပြီးရင် ကလေးကို မေးခွန်းများများမေးပါ။ ကလေးကို များများစဉ်းစား ဖို့လေ့ကျင့်ပေးတဲ့သဘောပါ။

ကလေး မိမိဖာသာ မိမိပြသနာကို ဖြေရှင်းတတ်အောင် အားပေးအားမြောက်ပြုပါ။

တဖြည်းဖြည်း မိမိကိုယ်မိမိ ယုံကြည်မူ တိုးပွားလာပါလိမ့်မည်။

၂။ လိုချင်တာ မရရင် ချက်ချင်း ဒေါသဖြစ်ခြင်း၊ စိတ်ကောက်ခြင်း၊ လူရိုက်တဲ့အထိ ဖြစ်လာခြင်း။

ကလေးနည်းတဲ့အိမ်ထောင်စု မှာ တစ်အိမ်သားလုံးက ကလေးကို ဖူးဖူးမူတ်ဝိုင်းချစ်တတ်ပါတယ်။

ပိုးမွေးသလို မွေးတယ်ဆိုပါတော့၊ တဖြည်းဖြည်းနဲ့ ကလေးဟာ မိမိသည်သာ ဒီမိသားစုတစ်ခုလုံးရဲ့ ဗဟိုဖြစ်လာပါတော့တယ်။

လိုချင်တဲ့အရာဆိုရင် ချက်ချင်းရမှ၊ ဘာမဆို ကိုယ့်သဘောတွေ့မှ ပုံစံမျိုး ဖြစ်လာပါတယ်။

နည်းနည်းလေး အလိုမကျရင် အော်မယ်၊ ငိုမယ်၊ ဒေါသထွက်မယ်၊ လူရိုက်မယ်အထိ ဖြစ်လာပါတော့တယ်။ မိဘများအနေနဲ့ အလိုလိုက်သင့်မှလိုက်ပါ။

ကလေးများ စောင့်ဆိုင်းတတ်တဲ့ အကျင့် မွေးပေးပါ။ အခြားသူများရဲ့ ခံစားချက်ကို လည်း ကိုယ်ချင်းစာ စဉ်းစားတတ်ပါစေ။ ကိုယ့်စိတ်လှုပ်ရှားမူကို ကိုယ်ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးပါ။

၃။ ဘာပဲလုပ်လုပ် စိတ်ပါဝင်စားမူ နည်းခြင်း၊ အစမရှိ အဆုံးလည်းမရှိ ဖြစ်တတ်ခြင်း။

အာရုံများလွန်းတဲ့ ကလေးများကို ဆိုလိုတာပါ။ အဲဒီ အာရုံများလွန်းတဲ့ အကျင့်ကို ငယ်ငယ်ကတည်းက ဖျောက်ထားပေးမှ အဆင်ပြေမှာပါ။

ဘာပဲလုပ်လုပ်၊ ဘာပဲဆော့ဆော့ သေသေချာချာ စခိုင်းပြီး ပြီးမြောက်သွားအောင်လုပ်ပါစေ။

ပြီးမှ နောက်တစ်ခု ပြောင်းခွင့်ပြုပါ။ ဥပမာ ပုံဆေးချယ်တယ်ဆိုပါဆို့ ၊ ဆေးချယ်တဲ့ ပုံ ပြီးဆုံးသွားမှ အရုပ်ပေးဆော့ပါ။

အရုပ်ကို ဆော့ပြီးမှ တီဗွီပေးကြည့်ပါ။ တစ်ပြိုင်တည်း လုပ်ခွင့်မပေးပါနှင့်။ ဘာပဲလုပ်လုပ် အာရုံစိုက်စေတဲ့သဘောပါ။

credit

zawgyi

ကေလးမ်ားဟာ ေအာက္ပါအက်င့္ဆိုးႀကီး သုံးခုကို စြဲကပ္သြားၿပီဆိုရင္ ဘဝတစ္ခုလုံး ထိခိုက္တတ္ပါတယ္။

မိဘမ်ား အေနနဲ႔ အေလးထားၿပီး အျမန္ျပဳျပင္ေပးေစလိုပါတယ္။

၁။ မွီခိုလြန္းျခင္း၊ ဦးေနာက္မသုံးလိုျခင္း၊ ျပသနာေသးေသးေလးကအစ မိဘကို အကူအညီေတာင္းျခင္း။

အခ်စ္လြန္ေတာ့ အႏွစ္ျဖစ္တတ္ပါတယ္။ ကေလးမ်ားဟာ အ႐ြယ္ႀကီးလာတဲ့အထိ အစစ အရာရာ လူႀကီးကို အားကိုးတႀကီး ဆက္ျဖစ္ေနတာမ်ိဳးကို ဆိုလိုတာပါ။

ျပသနာေသးေသးေလးကအစ ေျဖရွင္းဖို႔ မစဥ္းစားဘူး၊ ဦးေနာက္သုံးဖို႔ ေလးဖ်င္းေနတတ္တယ္။

လူႀကီးကို အားကိုးလြန္တဲ့ကေလးဟာ စိတ္ဓာတ္ပိုမို ေပ်ာ့ညံ့ တတ္ပါတယ္။

အႀကံေပးခ်င္တာကေတာ့ ေန႔စဥ္ ျပဳလုပ္ရတဲ့ ကိစၥ အခ်ိဳ႕မွာ မိဘမ်ားအေနနဲ႔ ကေလးကို မ်ားမ်ား လုပ္မေပးဖို႔ လိုပါ

တယ္။ ဥပမာ ကေလးကိုယ့္ကိုကိုယ္ ထမင္းစားခိုင္းတာမ်ိဳး၊ ပန္းကန္သိမ္းခိုင္းတာမ်ိဳး။

ၿပီးရင္ ကေလးကို ေမးခြန္းမ်ားမ်ားေမးပါ။ ကေလးကို မ်ားမ်ားစဥ္းစား ဖို႔ေလ့က်င့္ေပးတဲ့သေဘာပါ။

ကေလး မိမိဖာသာ မိမိျပသနာကို ေျဖရွင္းတတ္ေအာင္ အားေပးအားေျမာက္ျပဳပါ။

တျဖည္းျဖည္း မိမိကိုယ္မိမိ ယုံၾကည္မူ တိုးပြားလာပါလိမ့္မည္။

၂။ လိုခ်င္တာ မရရင္ ခ်က္ခ်င္း ေဒါသျဖစ္ျခင္း၊ စိတ္ေကာက္ျခင္း၊ လူ႐ိုက္တဲ့အထိ ျဖစ္လာျခင္း။

ကေလးနည္းတဲ့အိမ္ေထာင္စု မွာ တစ္အိမ္သားလုံးက ကေလးကို ဖူးဖူးမူတ္ဝိုင္းခ်စ္တတ္ပါတယ္။

ပိုးေမြးသလို ေမြးတယ္ဆိုပါေတာ့၊ တျဖည္းျဖည္းနဲ႔ ကေလးဟာ မိမိသည္သာ ဒီမိသားစုတစ္ခုလုံးရဲ႕ ဗဟိုျဖစ္လာပါေတာ့တယ္။

လိုခ်င္တဲ့အရာဆိုရင္ ခ်က္ခ်င္းရမွ၊ ဘာမဆို ကိုယ့္သေဘာေတြ႕မွ ပုံစံမ်ိဳး ျဖစ္လာပါတယ္။

နည္းနည္းေလး အလိုမက်ရင္ ေအာ္မယ္၊ ငိုမယ္၊ ေဒါသထြက္မယ္၊ လူ႐ိုက္မယ္အထိ ျဖစ္လာပါေတာ့တယ္။ မိဘမ်ားအေနနဲ႔ အလိုလိုက္သင့္မွလိုက္ပါ။

ကေလးမ်ား ေစာင့္ဆိုင္းတတ္တဲ့ အက်င့္ ေမြးေပးပါ။ အျခားသူမ်ားရဲ႕ ခံစားခ်က္ကို လည္း ကိုယ္ခ်င္းစာ စဥ္းစားတတ္ပါေစ။ ကိုယ့္စိတ္လႈပ္ရွားမူကို ကိုယ္ထိန္းသိမ္းတတ္ေအာင္ ေလ့က်င့္ေပးပါ။

၃။ ဘာပဲလုပ္လုပ္ စိတ္ပါဝင္စားမူ နည္းျခင္း၊ အစမရွိ အဆုံးလည္းမရွိ ျဖစ္တတ္ျခင္း။

အာ႐ုံမ်ားလြန္းတဲ့ ကေလးမ်ားကို ဆိုလိုတာပါ။ အဲဒီ အာ႐ုံမ်ားလြန္းတဲ့ အက်င့္ကို ငယ္ငယ္ကတည္းက ေဖ်ာက္ထားေပးမွ အဆင္ေျပမွာပါ။

ဘာပဲလုပ္လုပ္၊ ဘာပဲေဆာ့ေဆာ့ ေသေသခ်ာခ်ာ စခိုင္းၿပီး ၿပီးေျမာက္သြားေအာင္လုပ္ပါေစ။

ၿပီးမွ ေနာက္တစ္ခု ေျပာင္းခြင့္ျပဳပါ။ ဥပမာ ပုံေဆးခ်ယ္တယ္ဆိုပါဆို႔ ၊ ေဆးခ်ယ္တဲ့ ပုံ ၿပီးဆုံးသြားမွ အ႐ုပ္ေပးေဆာ့ပါ။

အ႐ုပ္ကို ေဆာ့ၿပီးမွ တီဗြီေပးၾကည့္ပါ။ တစ္ၿပိဳင္တည္း လုပ္ခြင့္မေပးပါႏွင့္။ ဘာပဲလုပ္လုပ္ အာ႐ုံစိုက္ေစတဲ့သေဘာပါ။

credit

Leave a Reply

Your email address will not be published. Required fields are marked *