အေထြအေထြဗဟုသုတ

သေတတ်သည် (သတိထားပါ)

သေတတ်သည် (သတိထားပါ )ညနေကတောင်ဖြစ်သေးတယ် တံတွေးခန်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်အယ်နီညိုမှာဒီရောဂါကြောင့်အများ ကြီးသေနိင်ပါတယ်။

Heat Stroke အပူလျှပ်တဲ့ရောဂါပေါ့။ ကျွန်တော်ဖြစ်ဖူးပါတယ်။

ကားစီးနေရင်းခန္ဓာကိုယ်တစ်ခုလုံးပူလာပါတယ်။ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့။ ပြီးတော့ဒီလောက်ပူနေတာချွေးမထွက်ဘူး။

ခေါင်းတွေမူးခြေတွေလက်တွေတုန်လာတယ်။ဖြစ်တာကဥက္ကံမြို့အကျော်ဖလုံရွာနားမှာ။ Expressပေါ်မှာနာရီတွက်ကြည့်မိတယ်။

နောက်မိနစ်၂၀မှတိုက်ကြီးရောက်မယ် ။ရေသန့်ဗူးကိုသောက်ပါတယ်။ မရ။သောက်ပြီးတာနဲ့ပါးစပ်ထဲမှာတံတွေးမရှိတော့ပါ။

ခြောက်ကပ်သွားပါတယ်။ရေလဲကုန်ပြီ။ပေလို့မရတော့။ ကားစပါယ်ယာခေါ်ပြီးဓါတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုင်္ပြီးအကူအညီတောင်းပါတယ်။ဓါတ်ဆားနှစ်ထုပ်ရပါတယ်။

ရေဗူးတွေလည်းရပါတယ်။သောက်လိုက်တော့ပါးစပ်မှာတံတွေးပြန်ထွက်လာပါတယ်။

မူးတာမပျောက်နှလုံးခုန်မြန်တာနဲနဲသက်သာပါတယ်။ မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပါ။တိုက်ကြီးမှာဆင်းပြီးအနီးဆုံးဆေးခန်းကိုကျွန်တော်ပြေးပါတယ်။ ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပါတယ်။

သွေးချိန်တော့၅၀/၄၀ကိုကျသွားပါပြီ။ဆရာဝန် မလေးကချက်ချင်းဒရစ်ချိတ်ဆယ်လူပေးပြီပေါ့။ရှင့်ဆုံးဖြတ်ချက်မှန်တယ်။ မဟုတ်ရင်အသက်

အန္တရာယ်နီးတယ်တဲ့။ ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ။ ပေရင်သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲတကိုယ်လုံးပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ မရှက်ပါနဲ့။ ရေဖျော်ရည်ဓါတ်ဆားရေသောက်ပါ။ အချိန်မဆွဲပါနဲ့။

ရောက်တဲ့နေရာက ကျန်းမာရေးဌာနာမှာ ဒရစ်ချိတ်ပါ။ ဓါတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။ ချက်ချင်းသောက်ပါလို့ဖြစ်ဖူးတာကိုတင်ပြပါတယ်။

အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာမသိရင်ဒုက္ခနဲ့လှလှတွေ့မှာပါ။ သတိထားပေးကြပါ။ပေလို့မရပါ။ ၁၅မိနစ်

အတောအတွင်း Body heat ကို ၄၀အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။ ရေဖျော်ရည်ဓါတ်ဆားအဓိကပါ။

မဟုတ်တဲ့ ဆေးတွေလျှောက်တိုက်ရင်အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာမဟုတ်ပါ။ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။

ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။နီးစပ်ရာလည်းသတိပေးပါ။ လာမှာနော်အယ်နီညိုနဲ့ အတူHeat Stroke တဲ့။ ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *