မိုးေကာင္းၿမိဳ႕မွာ ဆိုင္ကယ္အေရာင္းဆိုင္ မိုးႀကိဳးပစ္ခံရၿပီး ညေစာင့္အမ်ိဳးသမီး ၂ ဦးေသဆုံး
ၾသဂုတ္၂၇ ၊ ၂၀၂၂
ကခ်င္ျပည္နယ္ ၊ မိုးေကာင္းၿမိဳ႕၊ ဖိုးခ်စ္ကုန္းရပ္ကြက္မွာရွိတဲ့ စက္ပစၥည္းနဲ႔ ဆိုင္ကယ္အေရာင္းဆိုင္းကို မေန႔ၾသဂုတ္ ၂၆ ရက္ည ၁၀ နာရီဝန္းက်င္က
မိုးႀကိဳးပစ္ခံရၿပီး အဲ့ဒီဆိုင္မွာ ညေစာင့္တာဝန္က်တဲ့ အေရာင္းစာေရးမ ၂ ဦး ေသဆုံးသြားတယ္လို႔ ကခ်င္ျပည္နယ္
သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးအဖြဲ႕ဆီက သိရပါတယ္။
” ကခ်င္ျပည္နယ္မွာက မုန္းတိုင္းသတိေပးခ်က္ထုတ္ထားတယ္ ၊ မေန႔က ညေနပိုင္းကစၿပီး မိုးအဆက္မျပတ္႐ြာတယ္ ၊ မိုးႀကိဳးပစ္တာေတြရွိတယ္ ၊
မိုးေကာင္း ၊ ဖိုးခ်စ္ကုန္းရပ္က ၊ ေငြခ်မ္းေျမ့ စက္ပစၥည္းနဲ႔ ဆိုင္ကယ္အေရာင္းဆိုင္ မိုးႀကိဳးထိမွန္ၿပီး ဆိုင္ကယ္ေတြ ေပါက္ကြဲ မီးေလာင္ကုန္တယ္ ၊
အဲ့ဒီ မိုးႀကိဳးထိ မီးေလာင္ေပါက္ကြဲတဲ့အထဲမွာ ဆိုင္ညအေစာင့္တာဝန္က် အေရာင္းစာေရးမ ၂ ဦး ေသဆုံးတယ္ ၊ ၁ ဦးရဲ႕႐ုပ္အေလာင္းကို
ျပန္ရၿပီးက်န္ ၁ ဦးရဲ႕ အေလာင္းကိုေတာ့ အပ်က္အစီးေတြၾကားမွာ ဒီမနက္အထိ ရွာေဖြေနတုန္းျဖစ္တယ္ ” လို႔ မိုးေကာင္းၿမိဳ႕နယ္မီးသတ္ဦးဌာနမွ တပ္ဖြဲ႕ဝင္တေယာက္က ေျပာပါတယ္။
မိုးႀကိဳးထိမွန္ၿပီး ဆိုင္ကယ္ေတြ ေပါက္ကြဲ မီးေလာင္ခဲ့အတြက္ ဆိုင္ကယ္ေတြနဲ႔ စက္ပစၥည္းေတြအျပင္ ဆိုင္တခုလုံး မီးေလာင္ခဲ့တာေၾကာင့္
ပ်က္စီးဆုံးရႈံးမႈ ကာလခန္႔မွန္းတန္ဖိုးကို စီစစ္တြက္ခ်က္ေနေပမယ့္ ဒီကေန႔ မနက္ပိုင္းအထိေတာ့ ဆုံးရႈံးမႈတန္ဖိုး အေျဖထြက္မလာေသးဘူးလို႔သိရပါတယ္။
မိုးႀကိဳးထိမွန္ေသဆုံးသူ ၂ ဦးနဲ႔ပတ္သက္ၿပီးေတာ့ မိုးေကာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ေသမႈေသခင္းဖြင့္ေဆာင္႐ြက္ထားတယ္လို႔ ရဲအသိုင္းအဝိုင္းဆီက သိရပါတယ္။
” တႏိုင္ငံလုံးအေနနဲ႔ မိုးႀကိဳးပစ္တဲ့ ျဖစ္စဥ္ အႀကိမ္ေရ ၃၅ ႀကိမ္ရွိတယ္ ၊ မိုးႀကိဳးထိမွန္ၿပီး ေသဆုံးသူက ၄၀ ေယာက္ ၊ ဒဏ္ရာရလို႔ ေဆးကုသခံေနရသူက
၉ ဦးရွိတယ္ “လို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရး ၫြန္ၾကားေရးမႉး႐ုံး တာဝန္ရွိသူတဦးက ေျပာပါတယ္။
အဲ့ဒီ အေရအတြက္ဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြကနဲ႔ ႏႈိင္းရင္ ဒီႏွစ္ ဧၿပီနဲ႔ေမ ၂ လအတြင္း ျဖစ္ပြားမႈႏူန္းက ပိုမ်ားလာတယ္လို႔ သိရပါတယ္။
အဲ့ဒါေၾကာင့္ မိုးႀကိဳးေဘးအႏၲရာယ္ဆိုင္ရာ အသိပညာေပးမႈေတြက်ယ္ျပန္႔စြာ လုပ္ေဆာင္ေပးဖို႔ လိုအပ္ေနတယ္လို႔ မိုးေကာင္းၿမိဳ႕ခံတဦးက ေျပာပါတယ္။
သဘာဝေဘးအႏၲရာယ္ေၾကာင့္ မိုးႀကိဳးထိမွန္ ေသဆုံးသူ ၁ ဦးကို ေထာက္ပံ့ေၾကးေငြ ၃ သိန္းက်ပ္ ၊ ေဆးကုသေနတဲ့ ဒဏ္ရာရသူ
၁ ဦးကို ၅ ေသာင္းက်ပ္ႏူန္းနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးဌာနက ေထာက္ပံ့ေပးတယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္ မိုးႀကိဳးထိမွန္ေသဆုံးသူေတြနဲ႔ ဒဏ္ရာရ ေဆးကုသရသူေတြကို ပုံမွန္ႏူန္းထား ၃ သိန္းနဲ႔ ၅ ေသာင္း ေထာက္ပံ့ေပးရာ
ႏွစ္စဥ္ေထာက္ပံ့ရတဲ့ ေငြပမာဏဟာ သိန္း ၂ ရာေက်ာ္ကေနသိန္း ၅ ရာအတြင္း ကုန္က်တယ္လို႔ သိရပါတယ္။
#voiceofmyanmar #VOM #မိုးေကာင္း #မိုးႀကိဳးပစ္ #အမ်ိဳးသမီးႏွစ္ဦးေသဆုံး
Unicode,
မိုးကောင်းမြို့မှာ ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးပစ်ခံရပြီး ညစောင့်အမျိုးသမီး ၂ ဦးသေဆုံး
သြဂုတ်၂၇ ၊ ၂၀၂၂
ကချင်ပြည်နယ် ၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ စက်ပစ္စည်းနဲ့ ဆိုင်ကယ်အရောင်းဆိုင်းကို မနေ့သြဂုတ် ၂၆ ရက်ည ၁၀ နာရီဝန်းကျင်က
မိုးကြိုးပစ်ခံရပြီး အဲ့ဒီဆိုင်မှာ ညစောင့်တာဝန်ကျတဲ့ အရောင်းစာရေးမ ၂ ဦး သေဆုံးသွားတယ်လို့ ကချင်ပြည်နယ်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဆီက သိရပါတယ်။
” ကချင်ပြည်နယ်မှာက မုန်းတိုင်းသတိပေးချက်ထုတ်ထားတယ် ၊ မနေ့က ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာတယ် ၊ မိုးကြိုးပစ်တာတွေရှိတယ် ၊
မိုးကောင်း ၊ ဖိုးချစ်ကုန်းရပ်က ၊ ငွေချမ်းမြေ့ စက်ပစ္စည်းနဲ့ ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးထိမှန်ပြီး ဆိုင်ကယ်တွေ ပေါက်ကွဲ မီးလောင်ကုန်တယ် ၊
အဲ့ဒီ မိုးကြိုးထိ မီးလောင်ပေါက်ကွဲတဲ့အထဲမှာ ဆိုင်ညအစောင့်တာဝန်ကျ အရောင်းစာရေးမ ၂ ဦး သေဆုံးတယ် ၊ ၁ ဦးရဲ့ရုပ်အလောင်းကို
ပြန်ရပြီးကျန် ၁ ဦးရဲ့ အလောင်းကိုတော့ အပျက်အစီးတွေကြားမှာ ဒီမနက်အထိ ရှာဖွေနေတုန်းဖြစ်တယ် ” လို့ မိုးကောင်းမြို့နယ်မီးသတ်ဦးဌာနမှ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
မိုးကြိုးထိမှန်ပြီး ဆိုင်ကယ်တွေ ပေါက်ကွဲ မီးလောင်ခဲ့အတွက် ဆိုင်ကယ်တွေနဲ့ စက်ပစ္စည်းတွေအပြင် ဆိုင်တခုလုံး မီးလောင်ခဲ့တာကြောင့်
ပျက်စီးဆုံးရှုံးမှု ကာလခန့်မှန်းတန်ဖိုးကို စီစစ်တွက်ချက်နေပေမယ့် ဒီကနေ့ မနက်ပိုင်းအထိတော့ ဆုံးရှုံးမှုတန်ဖိုး အဖြေထွက်မလာသေးဘူးလို့သိရပါတယ်။
မိုးကြိုးထိမှန်သေဆုံးသူ ၂ ဦးနဲ့ပတ်သက်ပြီးတော့ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ဆောင်ရွက်ထားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။
” တနိုင်ငံလုံးအနေနဲ့ မိုးကြိုးပစ်တဲ့ ဖြစ်စဉ် အကြိမ်ရေ ၃၅ ကြိမ်ရှိတယ် ၊ မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၄၀ ယောက် ၊ ဒဏ်ရာရလို့ ဆေးကုသခံနေရသူက
၉ ဦးရှိတယ် “လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ညွန်ကြားရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်တွေကနဲ့ နှိုင်းရင် ဒီနှစ် ဧပြီနဲ့မေ ၂ လအတွင်း ဖြစ်ပွားမှုနူန်းက ပိုများလာတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုတွေကျယ်ပြန့်စွာ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ မိုးကောင်းမြို့ခံတဦးက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန် သေဆုံးသူ ၁ ဦးကို ထောက်ပံ့ကြေးငွေ ၃ သိန်းကျပ် ၊ ဆေးကုသနေတဲ့ ဒဏ်ရာရသူ
၁ ဦးကို ၅ သောင်းကျပ်နူန်းနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် မိုးကြိုးထိမှန်သေဆုံးသူတွေနဲ့ ဒဏ်ရာရ ဆေးကုသရသူတွေကို ပုံမှန်နူန်းထား ၃ သိန်းနဲ့ ၅ သောင်း ထောက်ပံ့ပေးရာ
နှစ်စဉ်ထောက်ပံ့ရတဲ့ ငွေပမာဏဟာ သိန်း ၂ ရာကျော်ကနေသိန်း ၅ ရာအတွင်း ကုန်ကျတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မိုးကောင်း #မိုးကြိုးပစ် #အမျိုးသမီးနှစ်ဦးသေဆုံး,