ၾကားသိရသမွ်


သူတောင်းစားတယောက်က ပေးတဲ့ စီးပွားရေးပညာ (အရမ်းကောင်းလို့ ပြန်လည် မျှဝေလိုက်ပါတယ်)

ညီလေးရယ် သနားပါကွယ်။ နည်းနည်းလောက်သနားခဲ့ပါ ကျွန်တော်လည်းပျင်းပျင်းနဲ့ အိပ်ကပ်ထဲကအကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်။ ပြီးတော့သူနဲ့စကားပြောဖြစ်သွားတယ်။ အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်။

ကျွန်တော်ကဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်သိလား။ ခင်ဗျားကိုကျွန်တော် အစောတည်းကတွေ့တယ်။ ဒီShopping Mallမှာ Levisဝယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်

ကျွန်တော်အရမ်းအံ့သြသွားပြီးပြောမိတယ် ခင်ဗျားနားလည်တာများသားပဲ။ သူတောင်းစားလုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျလုပ်ရတယ်ဗျ လို့သူကပြောတယ်။ကျွန်တော်ကြောင်သွားတယ်။

စိတ်ဝင်စားသွားပြီးသူ့ကို ဘယ်လိုသိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦးလို့မေးလိုက်တယ်။သူကကျွန်တော့်မှာတစ်ခြား သူတောင်းစားနဲ့မတူတဲ့ အချက်ဘာတွေရှိလဲ ခင်ဗျားအရင်ကြည့်ပါဦးလို့ပြန်ပြောတယ်။

ကျွန်တော်သူ့ကိုစေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်။ ဆံပင်တွေရှုပ်ပွနေတယ်၊ အင်္ကျီအဝတ်အစားတွေ စုတ်ပြတ်နေတယ်။အရမ်းပိန်တယ်။ ဒါပေမယ့်ပေရေမနေကြဘူး။ သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ဖြတ်လိုက်တယ်။

လူတွေကသူတောင်းစားဆို ရွံကြတယ်ဗျ။ဒါပေမယ့်ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။ အဲဒါကကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ ကျွန်တော်ခေါင်းငြိမ့်ဝန်ခံလိုက်တယ်။

အဟုတ်ကိုရွံစရာမကောင်းပါဘူး။ မဟုတ်ရင်ကျွန်တော် ဘယ်လိုလုပ်သူတောင်းစားတစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ။ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကိုနားလည်တယ်ကျွန်တော့်ရဲ့ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့strengthဟာ ရွံစရာကောင်းမနေတာပါ။

Opportunitiesနဲ့ Threatsကတော့ အပြင်ကအခြေအနေတွေပါဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ။ ကျွန်တော်အသေးစိတ်တွက်ချက်ဖူးတယ်ဗျဒီနေရာမှာတစ်နေ့ကို လူဦးရေသောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ။ ဆင်းရဲတဲ့သူတွေများတယ်။ ဒါပေမယ့်ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ။

သီအိုရီအရပြောရရင် အကယ်၍ကျွန်တော်ဟာ တစ်ရက်ကိုလူတစ်ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ တစ်လကိုသုံးသိန်းလောက်ဝင်နိုင်တယ်ဒါပေမယ့်လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ကျွန်တော်လည်း တစ်နေ့တည်းနဲ့လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာမဖြစ်နိုင်ဘူး။

အဲဒါကြောင့်ကျွန်တော်ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာသူကတံတွေးမျိုပြီး ဆက်ပြောပြန်တယ်။

ဒီဘက်ပိုင်းမှာကျွန်တော့်ရဲ့ target customersက စုစုပေါင်းဖြတ်သန်းသွားလာနေတဲ့ လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့။အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်။ potential customersက ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက၅၀% ကျန်တဲ့၅၀%ကတော့ ကျွန်တော်လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်။

ကျွန်တော့်မှာသူတို့နဲ့ ကံစမ်းနေဖို့အချိန်မလောက်လို့ အဲဒါဆိုခင်ဗျားရဲ့ customerကို ခင်ဗျားဘယ်လိုသတ်မှတ်လ၊ ကျွန်တော်မေးလိုက်မိတယ်။ အရင်ဆုံးtarget customerကိုပြောပြမယ်။ ခင်ဗျားတို့လိုလူငယ်တွေပေါ့၊ ဝင်ငွေရှိတယ်၊ ရက်ရောတယ်။

ဒါ့အပြင်စုံတွေရောပဲသူတို့ကတစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရောပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကိုကျွန်တော်က potential customerလို့ သတ်မှတ်ထားတယ်။

သူတို့ကရှုပ်ရှုပ်ယှက်ယှက်တွေ ကြောက်တတ်ကြတော့အများအားဖြင့် ပေးတတ်ကြတယ်အဲဒီလူအုပ်စုနှစ်မျိုးလုံးကို အသက်၂၀ကနေ ၃၀ကြားကိုထားတယ်။ သိပ်အသက်ငယ်ရင်လည်း ဝင်ငွေသိပ်မရှိတတ်ကြဘူးလေ။

အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမကထိန်းချုပ်နေပြီ။ အဲလိုလူတွေက ဘာမှမျှော်မှန်းစရာသိပ်မရှိဘူးအဲဒါဆိုခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက်ရတတ်သလဲ ကျွန်တော်မေးလိုက်တယ်။

Monday to Fridayကတော့ နည်းနည်းပါးတယ်ဗျ။ ၂၀၀လောက်တော့ရတာပေါ့။ စနေ၊တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ရတာပေါ့ဗျာ အဲလောက်တောင်များများရလား။ ကျွန်တော်နည်းနည်းသံသယရှိနေတာတွေ့တော့ သူကကျွန်တော့ကိုတွက်ပြတယ်။

ခင်ဗျားတို့လိုပဲ ကျွန်တော်လည်းတစ်ရက်ကို ၈နာရီအလုပ်လုပ်တယ်ဗျာ။ မနက်၁၁နာရီကနေ ည၇နာရီထိ၊ စနေတနင်္ဂနွေလည်းမနားဘူး။ကျွန်တော်တစ်ခါတောင်းတဲ့ ကြာချိန်က၅မိနစ်ပေါ့။

လမ်းလျှောက်ပြီးပစ်မှတ်ရှာတဲ့ အချိန်တွေကိုနှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကိုတစ်ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈၀ရတာပေါ့ပြီးတော့မှအောင်မြင်နိုင်ခြေ၆၀% (၅၀%+၇၀%) ၂နဲ့မြှောက်လိုက်ရင် ၃၀၀နီးပါးလောက်ရတာပေါ့။

customerကိုအမြီးဆွဲပြီး တစ်လမ်းလုံးလျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သူသာပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့်ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှအောင်မြင်မှာကိုး။

အဲဒါကြောင့်အကန့်အသတ်ရှိတဲ့ အချိန်တွေကိုမပေးချင်တဲ့ customerဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှဟုတ်သေးတယ် ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။ ပြောတဲ့စကားတွေက ဝါရင့်Marketing Supervisor လားကျနေတာပဲ။

ခင်ဗျားဆက်ပြောပါ… ကျွန်တော်ပိုစိတ်ဝင်စားလာတယ်
ဒီနေ့တော့ပညာတွေရပြီ။တစ်ချို့ကသူတောင်းစားဟာ ကံကိုမှီပြီးစားရတယ်လို့ပြောကြတယ်။ ကျွန်တော်ကတော့ အဲလိုမသတ်မှတ်ဘူး။

ဥပမာပြောမယ်ဗျာ။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချောတစ်ယောက်နဲ့၊ ကောင်မလေးချောချောလေးတစ်ယောက်ရပ်နေရင် ဘယ်တစ်ယောက်ကိုခင်ဗျားတောင်းမလဲ ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ဖြေလိုက်တယ်။

ခင်ဗျားယောက်ျားလေးကို သွားတောင်းသင့်တယ်။ ဘေးမှာမိန်းမချောလေးရပ်နေတော့၊ သူမပေးဘဲနေရမှာရှက်လိမ့်မယ်။ ကောင်မလေးသာသွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေးရှောင်သွားလို့ရတာပေါ့။

ခင်ဗျားကိုနောက်ဥပမာ တစ်ခုထပ်ပေးမယ်။ တစ်နေ့ကshopping mall တစ်ခုရှေ့မှာပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့အထုပ်တွေနဲ့ မိန်းမငယ်တစ်ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့လူငယ်ပိုင်း စုံတွဲတစ်တွဲရယ်၊

သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ laptopအိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော်လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်။ ပြီးတော့ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။

သူကအိတ်ထဲက အကြွေစေ့နှစ်စေ့ကိုနှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလို့သူ့မှတောင်းတာလဲလို့မေးတယ်။ ကျွန်တော်ကဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ဟိုယောက်ျားကတော့ အရာရှိပိုင်းကုမ္ပဏီ ဝန်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်။

ယုတ္တိရှိသား၊ ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေဖြစ်လာတယ်။ သိပ္ပံနည်းကျတောင်းရမယ်။ နေ့တိုင်းဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။

ဘယ်သူကဂုံးတံတားပေါ် အားယားယားသွားလျှောက်နေမလဲ လှေကားတက်လိုက်ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကိုကိုယ်ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ။ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကိုထက်မြက်လာစေတယ်။

ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုသုတရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။ ၂၁ရာစုမှအလိုအပ်ဆုံးက လူတော်တွေပဲလေဗျာတစ်ခါကလူတစ်ယောက် ကျွန်တော်ကိုငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေလွမ်းလိုက်တာလို့ အခါ၁၀၀သွားအော်ပေးရမတဲ့။ ကျွန်တော်တွက်ကြည့်လိုက်တယ်။

တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော်တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ကျွန်တော် ငြင်းလိုက်တယ်

ဒီစိန်းကျိန့်မြို့မှာ သာမာန်သူတောင်းစားဆိုရင် တစ်လကိုရှစ်ရာ၊တစ်ထောင် ရအောင်တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀စွန်းစွန်းရတာပေါ့။စိန်းကျိန့်တစ်မြို့လုံး သူတောင်းစားအယောက်တစ်သိန်းမှာ ဆယ်ယောက်လောက်ပဲ တစ်လကိုတစ်သောင်းအထက် ရအောင်တောင်းနိုင်တယ်။

ကျွန်တော်ကအဲဒီ ဆယ်ယောက်ထဲကတစ်ယောက်ပဲ။ ပြီးတော့ဝင်ငွေကငြိမ်တယ်။ အများအားဖြင့်အရမ်းကြီး အတက်အကျမရှိဘူး

မိုက်လှချည်လား။ ကျွန်တော်ဒီသူတောင်းစားကို တော်တော်လေးစားသွားတယ်။ ကျွန်တော်ကကျွန်တော့်ကိုကျွန်တော် ပျော်ရွှင်တဲ့သူတောင်းစားလို့ အမြဲပြောတယ်။

အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါပိုက်ဆံများများ ဝင်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်ကသူတို့ကို ပြန်ပြောတယ်၊ ခင်ဗျားတို့မှားနေတယ်။ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့စိတ် ရှိနေလို့ ဝင်ငွေများနေတာလို့အပြောကောင်းချက်ဗျာ တောင်းတယ်ဆိုတာကျွန်တော့်အလုပ်ပဲဗျ။

အဲဒီတော့အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်။မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ တခြားသူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူအိပ်နေကြတယ်။ အဲလိုလုပ်လို့ လုံးဝမဖြစ်ဘူးဗျ။

စိတ်ထဲကနေဒီမြို့ရဲ့ အလှကိုခံစားရမယ်ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကိုခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံးပျော်ပျော်ပါးပါးပေါ့။ အဲလိုဆိုရင်ဒီဘ၀ အသက်ရှင်ရတာ အဓိပ်ပါယျမမဲ့တော့ဘူးပေါ့ဗြာ။

အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေးဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကိုတွေ့တော့လည်း ကိုယ့်ကိုကိုယ်ပြန်မြင်နေသလိုပေါ့။

ခင်ဗျားကမိန်းမနဲ့ကလေးနဲ့လား။ ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။ကျွန်တော်မိန်းမက အိမ်ရှင်မတာဝန်ကို အပြည့်ယူထားတယ်။ကလေးက မူလတန်းတက်နေပြီ။

ကျွန်တော် ဖူထျန်ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installmentနဲ့ဝယ်ထားတယ်။ ၁၀နှစ်ခွဲပေးရမယ်။ နောက်၆နှစ်ဆိုကြေပြီဗျကျွန်တော်ကြိုးစားမှဖြစ်မယ်။

ကျွန်တော့သားလေးကြီးလာရင် တက္ကသိုလ်မှာMarketing Majorယူခိုင်းရမယ်။ပြီးရင်အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့ သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်။

လွန်ခဲ့တဲ့၅နှစ်တုန်းက PROFIBUS ဆိုတဲ့ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ Sales Managerအဖြစ် promotionရတယ်ဗျဆစ်လကို၅၀၀၀နဲ့ပေါ့။

အဲချိန်တုန်းက တစ်သောင်းကျော်တန် Samsung Laptopတစ်လုံးကို installmentနဲ့ဝယ်ခဲ့တယ်။ တစ်လကို၂၀၀၀သွင်းရတယ်။သေမလိုရှင်မလိုပဲဗျာ။ နောက်တော့ကျွန်တော်စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ တစ်သက်လုံးလူမွှေးလူတောင် ပြောင်မှာမဟုတ်ဘူးလို့

အဲဒါနဲ့အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကိုပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။ ကျွန်တော်ကအဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ သူ့စကားလည်းဆုံးရော ကျွန်တော်စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက ကျွန်တော့်ကိုတပည့်အဖြစ်လက်ခံနိုင်မလားဗျာ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *