ဇူလိုင် ၁၃ ရက် ဗုဒ္ဓဟူးနေ့မှာ ၂၀၂၂ ခုနှစ်အတွက် လကိုအကြီးဆုံးမြင်ရမည့် ဆူပါမွန်းည ဖြစ်ပါတယ်နော်။ ဒီအကြောင်းကို BBC ရဲ့ Sky at Night မဂ္ဂဇင်းမှာ ရေးသား ဖော်ပြထားပါတယ်။ ဒီလို ဆူပါမွန်းမျိုးကို ကမ္ဘာနဲ့ လ အနီးကပ်ဆုံးဖြစ်တဲ့ အချိန်အခါမျိုးနဲ့ လပြည့်ညနဲ့ ကြုံတဲ့ အခါမျိုးမှာ တွေ့ရတတ်ပါတယ်။
ဒီလို ကမ္ဘာနဲ့လ အနီးဆုံးဖြစ်တဲ့ ဖြစ်စဉ်ကို lunar perigee လို့ ခေါ်ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာနဲ့လ အနီးဆုံးရောက်မယ့် ကာလနဲ့ လပြည့်ညတိုက်ဆိုင်မှုဟာ နက်ဖြန် ဇူလိုင် ၁၃ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။
အချိန် အတိအကျပြောရရင် ကမ္ဘာနဲ့လ အနီးဆုံးဖြစ်မယ့် အချိန်ဟာ မြန်မာစံတော်ချိန် နေ့လယ် ၁:၃၉ အချိန်မှာ ကျရောက်မှာ ဖြစ်ပါတယ်။ လပြည့်မယ့် အချိန်ကတော့ ဇူလိုင် ၁၄ ရက်နေ့ မနက် ၁:၀၈ အချိန် ဖြစ်ပါတယ်။
ဒါ့ကြောင့် နက်ဖြန် ဇူလိုင် ၁၃ ဟာ ကမ္ဘာနဲ့လ အနီးကပ်ဆုံး ရောက်ပြီးတဲ့ အချိန်ကနေတွက်ရင် ၉ နာရီ နဲ့ ၂၉ မိနစ်ပဲ ကွာမှာ ဖြစ်ပါတယ်။ ဒီအချိန်ကွာခြားမှုဟာ ၂၀၂၂ ခုနှစ်အတွက် ကွာခြားချက် အကျဉ်းမြောင်းဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ဇူလိုင် ၁၃ ရက်နေ့ညဟာ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ဆူပါမွန်း ဖြစ်လာမှာဖြစ်ပါတယ်။
လရဲ့ပတ်လမ်းဟာ စက်ဝိုင်းပုံ တိတိကျကျမဟုတ်ပဲ ဘဲဥပုံလို ခပ်ရှည်ရှည်လေး ဖြစ်နေပါတယ်။ ဒါ့ကြောင့်လဟာ အချို့ အချိန်တွေမှာ ကမ္ဘာနဲ့ နည်းနည်းပိုဝေးသွားပြီး အချို့အချိန်တွေ မှာတော့ ကမ္ဘာနဲ့နီးကပ် လာပါတယ်။
တကယ်လို့ ကမ္ဘာ့နဲ့ နီးကပ်တဲ့အချိန်နဲ့ လပြည့်ညနဲ့တိုးမယ်ဆိုရင် လကိုအခြား အချိန်တွေထွက် ပိုပြီးအရွယ်ကြီးကြီး မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါကိုပဲဆူပါမွန်းလို့ ခေါ်တာဖြစ်ပါတယ်။
Ref: BBC Sky at Night
Zawgyi
နက္ျဖန္ ဇူလိုင္ ၁၃ ရက္ ဗုဒၶဟူးေန႔မွာ ၂၀၂၂ ခုႏွစ္အတြက္ လကိုအႀကီးဆုံးျမင္ရမည့္ ဆူပါမြန္းည ျဖစ္ပါတယ္ေနာ္။ ဒီအေၾကာင္းကို BBC ရဲ႕ Sky at Night မဂၢဇင္းမွာ ေရးသား ေဖာ္ျပထားပါတယ္။ ဒီလို ဆူပါမြန္းမ်ိဳးကို ကမာၻနဲ႔ လ အနီးကပ္ဆုံးျဖစ္တဲ့ အခ်ိန္အခါမ်ိဳးနဲ႔ လျပည့္ညနဲ႔ ႀကဳံတဲ့ အခါမ်ိဳးမွာ ေတြ႕ရတတ္ပါတယ္။
ဒီလို ကမာၻနဲ႔လ အနီးဆုံးျဖစ္တဲ့ ျဖစ္စဥ္ကို lunar perigee လို႔ ေခၚပါတယ္။ ဒီႏွစ္အတြက္ ကမာၻနဲ႔လ အနီးဆုံးေရာက္မယ့္ ကာလနဲ႔ လျပည့္ညတိုက္ဆိုင္မႈဟာ နက္ျဖန္ ဇူလိုင္ ၁၃ ရက္ေန႔မွာ က်ေရာက္မွာ ျဖစ္ပါတယ္။
အခ်ိန္ အတိအက်ေျပာရရင္ ကမာၻနဲ႔လ အနီးဆုံးျဖစ္မယ့္ အခ်ိန္ဟာ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ ၁:၃၉ အခ်ိန္မွာ က်ေရာက္မွာ ျဖစ္ပါတယ္။ လျပည့္မယ့္ အခ်ိန္ကေတာ့ ဇူလိုင္ ၁၄ ရက္ေန႔ မနက္ ၁:၀၈ အခ်ိန္ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ နက္ျဖန္ ဇူလိုင္ ၁၃ ဟာ ကမာၻနဲ႔လ အနီးကပ္ဆုံး ေရာက္ၿပီးတဲ့ အခ်ိန္ကေနတြက္ရင္ ၉ နာရီ နဲ႔ ၂၉ မိနစ္ပဲ ကြာမွာ ျဖစ္ပါတယ္။ ဒီအခ်ိန္ကြာျခားမႈဟာ ၂၀၂၂ ခုႏွစ္အတြက္ ကြာျခားခ်က္ အက်ဥ္းေျမာင္းဆုံးျဖစ္ပါတယ္။ ဒါ့ေၾကာင့္လဲ ဇူလိုင္ ၁၃ ရက္ေန႔ညဟာ ၂၀၂၂ ခုႏွစ္အတြက္ အေကာင္းဆုံး ဆူပါမြန္း ျဖစ္လာမွာျဖစ္ပါတယ္။
လရဲ႕ပတ္လမ္းဟာ စက္ဝိုင္းပုံ တိတိက်က်မဟုတ္ပဲ ဘဲဥပုံလို ခပ္ရွည္ရွည္ေလး ျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္လဟာ အခ်ိဳ႕ အခ်ိန္ေတြမွာ ကမာၻနဲ႔ နည္းနည္းပိုေဝးသြားၿပီး အခ်ိဳ႕အခ်ိန္ေတြ မွာေတာ့ ကမာၻနဲ႔နီးကပ္ လာပါတယ္။
တကယ္လို႔ ကမာၻ႔နဲ႔ နီးကပ္တဲ့အခ်ိန္နဲ႔ လျပည့္ညနဲ႔တိုးမယ္ဆိုရင္ လကိုအျခား အခ်ိန္ေတြထြက္ ပိုၿပီးအ႐ြယ္ႀကီးႀကီး ျမင္ၾကရမွာ ျဖစ္ပါတယ္။ ဒါကိုပဲဆူပါမြန္းလို႔ ေခၚတာျဖစ္ပါတယ္။
Ref: BBC Sky at Night