ျပည္တြင္းသတင္း

မင္းေအာင္လွိုင္အစ္မ ဇင္ဇင္လွိုင္၏ ေရႊႏွင္းဆီလမ္းရွိ ေနအိမ္ ခြဲခံရၿပီး ကားမ်ား ပ်က္စီး

မင္းေအာင္လွိုင္အစ္မ ဇင္ဇင္လွိုင္၏ ေရႊႏွင္းဆီလမ္းရွိ ေနအိမ္ ခြဲခံရၿပီး ကားမ်ား ပ်က္စီး

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ေရႊႏွင္းဆီးလမ္းႏွင့္ ေရႊႏွင္းဆီ ၇ လမ္းရွိ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္၏ အစ္မ ျဖစ္သူ ဇင္ဇင္လွိုင္၏ေနအိမ္ကို

ဇူလိုင္လ ၁၁ ရက္ေန႔ ည ၈ နာရီ ၁၀ မိနစ္ အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကား HTY-Battalionႏွင့္ မဟာမိတ္တို႔ က နံနံသီးခြဲရာ ေနအိမ္ရွိ ကားမ်ား ပ်က္စီးသြားေၾကာင္း သိရွိရသည္

ဇူလိုင္လ ၁၁ ရက္ေန႔ ည ၈ နာရီ ၁၀ မိနစ္ Federal Liberation Army (HTY-Battalion) ႏွင့္ Union of Myanmar Civil Defense-UMCD တို႔က မရမ္းကုန္းၿမိဳ႕နယ္၊ ေရႊႏွင္းဆီလမ္းႏွင့္ ေရႊႏွင္းဆီ ၇ လမ္း၊ၿခံအမွတ္ ၉၉ တြင္ ေနသူ မင္းေအာင္လွိုင္၏ အစ္မ ဇင္ဇင္လွိုင္ေနအိမ္ကိုပစ္ေဖာက္ခြဲခဲ့ေၾကာင္း ၊ ေနအိမ္အတြင္းမွ ကားမ်ား ပ်က္စီးသြားေၾကာင္း သိရွိရသည္

ဇူလိုင္ ၁၁ ရက္ေန႔ညက ေရႊႏွင္းဆီလမ္းမွာ အရင္ေပါက္တာေတာ့ ဟုတ္တယ္။ ၿပီးေတာ့မွ ၉ မိုင္ အိုးရွင္းေရွ႕မွာ ေပါက္တာ ေရႊႏွင္းဆီလမ္းမွာ ေပါက္ၿပီး ၅ မိနစ္နဲ႔ ၁၀ မိနစ္ေလာက္ပဲျခားမယ္ ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ဆိုသည္

ဇြန္လ ၃ ရက္ေန႔တြင္လည္း ဇင္ဇင္လွိုင္၏ ေနအိမ္ကို နံနံသီးခြဲရန္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့သျဖင့္ ဇူလိုင္လ ၁၁ ရက္ေန႔တြင္ ထပ္မံတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕ကဆိုသည္

ပန္းခ်ီဆရာခင္လွိုင္ႏွင့္ ေဒၚလွမႈ(ခ)လွေရႊတို႔တြင္ သားသမီး ၃ ဦး ထြန္းကားၿပီး သမီးအႀကီး ဇင္ဇင္လွိုင္၊ သားအလတ္ ထြန္းေအာင္လွိုင္ႏွင့္ အငယ္ဆုံးမွာ လက္ရွိ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ျဖစ္သည္ ဓာတ္ပုံ- မင္းေအာင္လွိုင္၏ အစ္မျဖစ္သူ ဇင္ဇင္လွိုင္၊ Crd- Khit Thit

မင်းအောင်လှိုင်အစ်မ ဇင်ဇင်လှိုင်၏ ရွှေနှင်းဆီလမ်းရှိ နေအိမ် ခွဲခံရပြီး ကားများ ပျက်စီး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီးလမ်းနှင့် ရွှေနှင်းဆီ ၇ လမ်းရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အစ်မ ဖြစ်သူ ဇင်ဇင်လှိုင်၏နေအိမ်ကို ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ် အချိန်တွင် ရန်ကုန်မြို့ပြပျောက်ကြား HTY-Battalionနှင့် မဟာမိတ်တို့ က နံနံသီးခွဲရာ နေအိမ်ရှိ ကားများ ပျက်စီးသွားကြောင်း သိရှိရသည်

ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ် Federal Liberation Army (HTY-Battalion) နှင့် Union of Myanmar Civil Defense-UMCD တို့က မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီလမ်းနှင့် ရွှေနှင်းဆီ ၇ လမ်း၊ခြံအမှတ် ၉၉ တွင် နေသူ မင်းအောင်လှိုင်၏ အစ်မ ဇင်ဇင်လှိုင်နေအိမ်ကိုပစ်ဖောက်ခွဲခဲ့ကြောင်း ၊ နေအိမ်အတွင်းမှ ကားများ ပျက်စီးသွားကြောင်း သိရှိရသည်

ဇူလိုင် ၁၁ ရက်နေ့ညက ရွှေနှင်းဆီလမ်းမှာ အရင်ပေါက်တာတော့ ဟုတ်တယ်။ ပြီးတော့မှ ၉ မိုင် အိုးရှင်းရှေ့မှာ ပေါက်တာ ရွှေနှင်းဆီလမ်းမှာ ပေါက်ပြီး ၅ မိနစ်နဲ့ ၁၀ မိနစ်လောက်ပဲခြားမယ် ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်

ဇွန်လ ၃ ရက်နေ့တွင်လည်း ဇင်ဇင်လှိုင်၏ နေအိမ်ကို နံနံသီးခွဲရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့ကဆိုသည်

ပန်းချီဆရာခင်လှိုင်နှင့် ဒေါ်လှမှု(ခ)လှရွှေတို့တွင် သားသမီး ၃ ဦး ထွန်းကားပြီး သမီးအကြီး ဇင်ဇင်လှိုင်၊ သားအလတ် ထွန်းအောင်လှိုင်နှင့် အငယ်ဆုံးမှာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်သည် ဓာတ်ပုံ- မင်းအောင်လှိုင်၏ အစ်မဖြစ်သူ ဇင်ဇင်လှိုင်၊ Crd- Khit Thit

Leave a Reply

Your email address will not be published. Required fields are marked *