အမျိုးသမီးတို့၏ မျက်နှာပေါ်မှ ကောင်းသောနေရာတွင်ရှိသည့် မှဲ့ အမျိုးအစား (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) နဖူးပြင်ညာဘက်အခြမ်းတွင်မှဲ့ ရှိပါက
ထိုအမျိုးသမီးသည် လွန်စွာကံကောင်းတက်၏။ ဘဝတွင် အစစ ရာရာအောင်မြင်၍ အသက်ရှည် ချမ်းသာစွာနေထိုင် ရတက်ပါတယ်။ ထိုအမျိုးသမီးများသည်ဘုန်းကံကြီးသော ၊
ရာထူးဂူဏ်ရှိန်ကြီးသော၊ ဉာဏ်ပညာကြီးသော အောင်မြင်သော သြဇာအာဏာရှိသော ယောင်္ကျားကိုရတက်သည်။ထိုအမျိုးသမီးကိုရသော အမျိုးသားများပင် ဘုန်းကံမြင့်သူများဖြစ်လာတက်ပါသည်။
(၂) နဖူးအလယ်တည့်တည့်တွင် မှဲ့ ရှိပါက
ထိုအမျိုးသမီးသည် မိမိအားလွန်စွာချစ်ခင် ကြင်နာသော မိမိဆွေမျိုးများအား လေးစားချစ်ခင်သော လိမ္မာယဉ်ကျေးသော ၊
မိမိကို အရာရာရှေ့တန်းတင်ဦးစားပေး တက်သော မိမိအားမြတ်နိုးတန်ဖိုးထားသော ၊ မိမိအပေါ်တွင်သစ္စာရှိသော ယောင်္ကျားကိုရရှိတက်သည်။
ယခင်က ဆိုးသွမ်းသော ယောင်္ကျားများပင်လျှင် မိမိနှင်ထပ်ပြီးပါက လိမ္မာ ယဉ်ကျေးသော လူကောင်းလူမွန် တစ်ယောက်ဖြစ်လာတက်ပါသည်။ ထိုးအမျိုးသမျိုးများသည် မိဘအတွက် အားကိုးရသော ၊
မိဘကျေးဇူးကိုသိတက်သော အများအကျိုးသယ်ပိုးတက်သော မိမိဆွေးမျိုးသားချင်းများကို အကျိုးပြုနိုင်သော သာကောင်းရတနာများဖွားမြင်တက်သည်
အိုကံကောင်းသောသူများဖြစ်တက်ပါသည်။ ထို နဖူးအယ်တည့်တည့်တွင်ရှိသောမှဲ့ကို ရတနာ ဆံကျစ်မှဲ့ဟု ခေါ်ပါသည်။
(၃) နဖူးပြင် ဘယ်ဘက်တွင် မှဲ့ ရှိလျှင်
ထိုမှဲ့ပိုင်ရှင် အမျိုးသမီးများသည် မိမိအားကိုးယုံကြည်ရသော ၊ ထက်မြတ်သော ၊မိမိအပေါ် ချစ်ခင်ကြင်နာ နွေးထွေးတန်ဖိုးထားတက်သော ယောင်္ကျားကောင်းကို ရရှိတက်ပါသည်။
ထို့အတူ မိမိအကျိုးအတွက်အကျိုးပေးသော သားကောင်းရတနာ ၊ သမီးကောင်းရတနာများ ထွန်းကားတက်၍ ဘဝကို အေးချမ်းစွာအသက်ရှင်နေထိုင်ရတက်ပါသည် ။
ထို အမျိုးသမီး၏ နဖူး ဘယ်ဘက်တွင်ရှိသော မှဲ့အား ရတနာ ဆီမီးထွန်း မှဲ့ဟုခေါ်ဆိုပါသည်။
(၄) ညာဘက်ပါးပြင် ပါးစပ်နားတွင် မှဲ့ ရှိလျှင်
ထိုအမျိုးသမီးသည် လွန်စွာ ချစ်ခင်ကြင်နာတက်သော သူဖြစ်တက်ပါသည်။ အိမ်ထောင်ကျသော် အိမ်ထောင်ဘက် အမျိုးသား၏ ကောင်းကျိုးများကိုခံစားရတက်ပြီး အိမ်ထောင်ဘက်၏ အချစ်ကိုလည်းပိုင်ဆိုင်ရတက်ပါသည် ။
မိမိ၏ အိမ်ထောင်ဖတ်အပေါ်မှာလည်း လွန်စွာမှ ချစ်ခင် ကြင်နာတက်သော အမျိုးသမီးများဖြစ်တက်ပါတယ်။ ထို ညာဘက်ပါးပြင် ပါးစပ်နားတွင်ရှိသော မှဲ့ အား ရွှေပိတုန်းစုပ် မှဲ့ဟု ခေါ်ဆိုပါသည်။
(၅) ဘယ်ဘက်ပါးပြင် ပါးစပ်နားတွင် မှဲ့ရှိလျှင်
ထိုမှဲ့ ပိုင်ရှင်အမျိုးသမီးသည် လွန်းစွာ မှ နှုတ်ချိုချိုနှင့် စကားပြောကောင်းကာ ပရိယာယ်ကြွယ်သော သူများဖြစ်တက်ပါသည်။
မိမိ အလိုရှိရာမှန်သမျှကို သူတစ်ပါးလက်ခံယုံကြည်အောင် ပြေပြစ်ချောမောစွာ ပြောဆိုနိုင်စွမ်းရှိ၍ အပြောအဟော ကောင်းသော အတက်ပညာကို ပိုင်ဆိုင်ထားသည်ဟုဆိုရပေမည်။
အလွန်ဉာဏ်ကောင်၍ အလွန်ထက်ထက်မြတ်မြတ်ရှိသောအမျိုးသမီးများလည်းဖြစ်တက်ပါသည်။ ထို ဘယ်ဘက်ပါးပြင် ပါးစပ်နားတွင်ရှိသော မှဲ့ အား နှုတ်တဆိတ် မှဲ့ ဟု ခေါ်ဆိုပါသည်။
(၆) နားရွတ် အပေါ်တွင် မှဲ့ရှိလျင်
ထိုမှဲ့ပိုင်ရှင်အမျိုးသမီးများသည် စိတ်သဘောထားအလွန်ကောင်းသော သူများဖြစ်တက်သည်။ သူတစ်ပါး၏ ခံစာချက်များအား စိတ်ရှည်ရှည်ထား၍ နားထောင်နှစ်သိမ့် အားပေးတက်၏ ။
လူတစ်ပါးအပေါ် အနိုင်မယူတက် နူးညံ့ချိုသာသော စကားကိုပြောဆိုတက်၏။ လွန်စွာယဉ်ကျေးသိမ်မွေ့၍ ဣန္ဒြေသိက္ခာ ရှိစွာကျင့်ကြံ နေထိုင်ပြောဆိုတက်သူဖြစ်သည်။
လူတိုင်းမှချစ်ခင်ကြ၍ အလွန် လူချစ်လူခင်ပေါများသောသူများလည်ဖြစ်တက်ပါသည်။
(၇) နားရွက်၏ ဘေးပါးအစပ်နားတွင် မှဲ့ ရှိလျှင်
ထိုမှဲ့ ပိုင်ရှင် အမျိုးသမီးသည် ဘဝကို အေးအေးချမ်းချမ်းအသက်မွေးနေထိုင်တက်သူများဖြစ်သည် ။ အလုပ်အကိုင်များလည်းအဆင်ပြေနေတက်ပြီး အပူသောက ကင်းသောသူများလည်းဖြစ်ပေသည်။
ဘဝတွင် ခက်ခက်ခဲခဲ ဟူ၍ မရှိ အရာရာအဆင်ပြေစွာရှိနေတက်ပါသည်။ သူတစ်အပေါ် သနားကြင်နာတက်၍ လူချစ်လူခင်ပေါများသည်။
စာအုပ် စာပေ များ အတက်ပညာများ၊ လက်မှုပညာများ၊ နည်းပညာများတို့တွင် လွန်စွာ ဝါဒနာ ကြီး၍ ထွန်းပေါက်အောင်မြင်သူများဖြစ်တက်၏။
(၈) အပေါ်နခမ်း အထက်တည့်တည့်တွင် မှဲ့ရှိလျှင်
ထိုမှဲ့ ပိုင်ရှင် အမျိုးသမီးသည် စကားပြောဆိုဆက်ဆံရာတွင် အလွန်သွတ်လက်ချက်ချာ၍ အပြောအဆိုကောင်း၍ ချစ်စရာအမူအရာဟန်ပန်နှင့် နှုတ်ဆို ဉာဏ်ကောင်းသော သူများဖြစ်တက်၏။
အစားအသောက်အကောင်းများကို အလွန်ကြိုက်နှစ်သက်သူများဖြစ်တက်ပါသည်။ အလှအပကို လွန်စွာကြိုက်သောမိန်းခလေးများဖြစ်တက်ပါသည်။
ထိုအမျိုးသမိးများတွင် ရုပ်ရည် ခန့်ညား ချောမောလှပသော ယောင်္ကျားကို ရရှိတက်ပြီး ယောင်္ကျာ၏အလွန်ချစ်ခင်ကြင်နာမှုကိုလည်းရရှိတက်ပါတယ်။
(၉) မျက်ခုံး အလယ်တွင် မှဲ့ ရှိလျှင်
ထိုမှဲ့ပိုင်ရှင် အမျိုးသမီးများသည် ဉာဏ်ပညာကြီး၍ ထက်မြတ်တည်ငြိမ် သောအမျိုးသမီးများဖြစ်တက်ပါသည်။ လူအများ မှအထင်ကြီး၍ လေးစား ကြည်ညို ခြင်းကိုလည်း ရရှိခံစားရတက်ပါသည်။
ထိုအမျိုးသမီးများ အိမ်သည် မိမိအားအကျိုးပြုသော၊ မိမိအားချစ်ခင်ကြင်နာသော ၊ မိမိအားရှေ့တန်းတင်၍ အစစအရာရာ ဦးစာပေးတက်သော ယောင်္ကျားမျိုးနှင့်သာအိမ်ထောင်ကျ၏။
ထိုအမျိုးသမီးတို့၏ အိမ်ထောင်ရေးမှာ သာယာအေးချမ်းတက်ပါသည်။
(၁၀) မျက်ခုံးတို့၏ အတွင်းပိုင်း အစွန် အောက်အစပ်နားတွင် မှဲ့ ရှိလျှင်
ထို မှဲ့ပိုင်ရှင်အမျိုးသမီးများသည် စိတ်သဘောထားကောင်း၍ တည်ငြိမ်အေးချမ်းသော သစ္စာရှိသော သစ္စာတရားကို တန်းဖိုးထားတက်သော အမျိုးသမီးများဖြစ်တက်၏ ။
လွန်စွာယဉ်ကျေးသိမ်မွေ့၍ ဣန္ဒြေသိက္ခာ ရှိစွာကျင့်ကြံ နေထိုင်ပြောဆိုတက်သူဖြစ်သည်။ အိမ်ထောင် ဘက်ကောင်းကိုရရှိတက်ပြီး အိမ်ထောင်ရေးသာယာအေးချမ်းမှုကို ရရှိတက်ပါသည်။
သားကောင်းရတနာ သမီးကောင်းရတနာများ ရရှိတက်ပြီး ဘဝကို အေးချမ်းစွာ အသက်ရှင်ရပ်တည်နိုင်သောသူများဖြစ်ကြပါသည်။
ခရက်ဒစ် – ဆရာ ဦးဘိုနိုင် (ဗေဒင်)