Cobra Column
” တိုက်ပွဲ သတင်း ထုတ်ပြန်ချက် ”
ကရင့်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၆) ၊ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်း တို့ ဇူလိုင် (၁၂) ရက်နေ့ ယနေ့ မနက် (၈) နာရီခန့်မှ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး တို့အပါအဝင် အရာရှိများ၊ တပ်သား အများအပြား သေဆုံးပြီး ” တပ်ရင်း ဖွဲ့စည်းပုံ ပျက်သည်” အထိ သေကြေ၊ ပျက်စီး၊ ဒဏ်ရာများ ရရှိပါသည်။
ကော်ဘရာ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေဆဲ ဖြစ်ပါသည်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီ တပ်ပျက်လုနီး ဖြစ်သွားသော်လည်း ပြည်သူလူထု၏ မေတ္တာလွှမ်းခြုံသဖြင့် ကော်ဘရာစစ်သည် (၃)ဦးသာ ” ပွန်းပဲ့ဒဏ်ရာ ” ရရှိခဲ့ပါသည်။
ကော်ဘရာစစ်သည်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပြီး ကနေဦး အနေဖြင့် အောက်ပါလက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။
RPG အသီး – ၂၆ လုံး……RPG ပို့ယမ်း – ၂၁ တောင့်…….ရှေ့ထွက်မိုင်း – ၁လုံး……နင်းမိုင်း – ၂၁ လုံး
လက်ပစ်ဗုံး – ၁၇ လုံး…….စကုတ် – ၂ ခု…….မိုင်းရှာစက် – ၁ ခု…..၄၀ မမ – ၃၁ လုံး…..အမျိုးအမည်မသိ 79 – ၃ လုံး
မိတ်ကပ် – ၂ဘူး…….ဖြိုခွင်းရေး ယမ်းမဲ – ၇ချောင်း…..၆၀ မမ -၂၉ လုံး……အီနာဂါ – ၂၂လုံး
ကီးပတ်ဖုန်း – ၇လုံး…..Touch screen ဖုန်း – ၄လုံး……ငွေ – သိန်း၂၀…..၅.၅၆ ကျည် – ၅၀၀၀
စက်လတ်ကျည် – ၃၀၀၀…..MA – 1 – ၁လက်…….ဂျန်ဘာစက် – ၁ခု
ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ၊ စစ်အသုံးအဆောင် ပစ္စည်းများ
Cobra Column