ဒေါသကြီးလွန်းတဲ့မန်နေဂျာ ကိုဒေါသ…စမူဆာသည်လေးနဲ့ တွေ့သောအခါ
“မန်နေဂျာ ကိုဒေါသ”
စက်ရုံကို မန်နေဂျာအသစ် ရောက်လာတယ်..
စိတ်မြန်ကိုယ်မြန်ရှိပြီး စည်ကမ်းကြီးတဲ့မန်နေဂျာလို့ လူသိများတယ်…
တစ်နေ့ တော့
အဲဒီမန်နေဂျာဟာ စက်ရုံထဲကဌာနတွေကို တစ်ခုပြီးတစ်ခု လှည့်လည်ကြည့်ရှုစစ်ဆေးနေတယ်…
ထုပ်ပိုးဌာန… ထုတ်လုပ်ရေးဌာန…ဈေးကွက်ဌာန… အဲ… ကံဆိုးချင်တော့
လုပ်သားနားနေခန်းထောင့်နားမှာ ငုတ်တုတ်ကြီးအိပ်ငိုက်နေတဲ့ လူတစ်ယောက်ကို မိပါလေရော..
ဘာပြောကောင်းမလဲ၊ မန်နေဂျာကိုဒေါသ ယမ်းပုံးမီးကျပေါ့…
အိပ်ငိုက်နေတဲ့လူကို သူကိုယ်တိုင်သွားနှိုးတယ်…
” ဟေ့ကောင် ဟေ့ကောင် ထစမ်း အခု”
“ဗျာ..အင်း…အဲ”
“အောင်မာ အလုပ်ချိန်ကြီး အိပ်နေတယ်.. ငါလုပ်လိုက်ရ နာတော့မယ်”
“မဟုတ်…မဟုတ်ဘူးဆရာ’ ကျနော်ရှင်းပြ..ပြ”
“ဘာမှရှင်းပြမနေနဲ့ ငါကိုယ်တိုင်မြင်တာ မင်းလစာဘယ်လောက်ရလဲ ပြောစမ်း”
“သုံးထောင်ပါ”
“ရော့…ဒီမှာသုံးလစာ၊ ဒီနေ့ကစပြီး ဒီစက်ရုံကို မင်းလာစရာမလိုတော့ဘူး၊ ကြားလားဟေ့ကောင်”
သနားစရာပါဗျာ.ဟုတ်ကဲ့…ဟုတ်ကဲ့” ဆိုပြီး ဟိုလူလည်း ငွေကိုးထောင်လေးကိုင်လို့ ကုတ်ကုတ် ကုတ်ကုတ် နဲ့ ထွက်သွားရှာတယ်…
ဒေါသမပြေသေးတဲ့မန်နေဂျာက သူ့ကိုဝိုင်းကြည့်နေတဲ့ ဝန်ထမ်းတွေကို ဆက်ပြီးကြိမ်းမောင်းနေတယ်…
“ကျန်တဲ့ဝန်ထမ်းတွေလည်း သတိထား၊ ဒါနမူနာဘဲမှတ်”
ရှုးရှုးရှဲရှဲုနဲ့ ထွက်သွားမယ်လုပ်ပြီးမှ သတိရလို့ပြန်မေးတယ်….
“ဒါနဲ့… အဲဒီကောင်က ဘယ်ဌာနကတုန်း”
ဝန်ထမ်းတစ်ယောက်က ဝင်ဖြေတယ်…
“ဘယ်ဌာနကမှ မဟုတ်ဘူး၊ စမူဆာလာပို့တဲ့ကောင်”
“ငင့်…???
crd
ေဒါသႀကီးလြန္းတဲ့မန္ေနဂ်ာ ကိုေဒါသ…စမူဆာသည္ေလးနဲ႕ ေတြ႕ေသာအခါ
“မန္ေနဂ်ာ ကိုေဒါသ”
စက္႐ုံကို မန္ေနဂ်ာအသစ္ ေရာက္လာတယ္..
စိတ္ျမန္ကိုယ္ျမန္ရွိၿပီး စည္ကမ္းႀကီးတဲ့မန္ေနဂ်ာလို႔ လူသိမ်ားတယ္…
တစ္ေန႔ ေတာ့
အဲဒီမန္ေနဂ်ာဟာ စက္႐ုံထဲကဌာနေတြကို တစ္ခုၿပီးတစ္ခု လွည့္လည္ၾကည့္ရႈစစ္ေဆးေနတယ္…
ထုပ္ပိုးဌာန… ထုတ္လုပ္ေရးဌာန…ေစ်းကြက္ဌာန… အဲ… ကံဆိုးခ်င္ေတာ့
လုပ္သားနားေနခန္းေထာင့္နားမွာ ငုတ္တုတ္ႀကီးအိပ္ငိုက္ေနတဲ့ လူတစ္ေယာက္ကို မိပါေလေရာ..
ဘာေျပာေကာင္းမလဲ၊ မန္ေနဂ်ာကိုေဒါသ ယမ္းပုံးမီးက်ေပါ့…
အိပ္ငိုက္ေနတဲ့လူကို သူကိုယ္တိုင္သြားႏွိုးတယ္…
” ေဟ့ေကာင္ ေဟ့ေကာင္ ထစမ္း အခု”
“ဗ်ာ..အင္း…အဲ”
“ေအာင္မာ အလုပ္ခ်ိန္ႀကီး အိပ္ေနတယ္.. ငါလုပ္လိုက္ရ နာေတာ့မယ္”
“မဟုတ္…မဟုတ္ဘူးဆရာ’ က်ေနာ္ရွင္းျပ..ျပ”
“ဘာမွရွင္းျပမေနနဲ႔ ငါကိုယ္တိုင္ျမင္တာ မင္းလစာဘယ္ေလာက္ရလဲ ေျပာစမ္း”
“သုံးေထာင္ပါ”
“ေရာ့…ဒီမွာသုံးလစာ၊ ဒီေန႔ကစၿပီး ဒီစက္႐ုံကို မင္းလာစရာမလိုေတာ့ဘူး၊ ၾကားလားေဟ့ေကာင္”
သနားစရာပါဗ်ာ.ဟုတ္ကဲ့…ဟုတ္ကဲ့” ဆိုၿပီး ဟိုလူလည္း ေငြကိုးေထာင္ေလးကိုင္လို႔ ကုတ္ကုတ္ ကုတ္ကုတ္ နဲ႔ ထြက္သြားရွာတယ္…
ေဒါသမေျပေသးတဲ့မန္ေနဂ်ာက သူ႔ကိုဝိုင္းၾကည့္ေနတဲ့ ၀န္ထမ္းေတြကို ဆက္ၿပီးႀကိမ္းေမာင္းေနတယ္…
“က်န္တဲ့၀န္ထမ္းေတြလည္း သတိထား၊ ဒါနမူနာဘဲမွတ္”
ရႈးရႈးရွဲရွဲုနဲ႔ ထြက္သြားမယ္လုပ္ၿပီးမွ သတိရလို႔ျပန္ေမးတယ္….
“ဒါနဲ႔… အဲဒီေကာင္က ဘယ္ဌာနကတုန္း”
၀န္ထမ္းတစ္ေယာက္က ၀င္ေျဖတယ္…
“ဘယ္ဌာနကမွ မဟုတ္ဘူး၊ စမူဆာလာပို႔တဲ့ေကာင္”
“ငင့္…???
crd