ၾကားသိရသမွ်

ခိုးရာလိုက်သွားတဲ့သမီးဖြစ်သူရဲ့ စာကိုဖက်ပီး အူပါတက်တယ်…

ဘဝအမောတွေ ခဏပြေပျောက်ဖို့

သို့ /ချစ်ရပါသော အမေ နဲ့ အဖေ

သမီး ခိုးရာနောက် လိုက်သွားပါပြီ။သမီးကို အဖေနဲ့အမေတို့ ပြုစုနေရမှာ ရှက်ပြီတော့ အားနာလာလို့ပါ။

အမေတို့ ဆင်ပေးထားတဲ့ လက်စွပ် ဆွဲကြှိုး လက်ကောက် တွေကို မယူချင်လို့ အိတ်နဲ့ထည့်ပြီး သမီးမှန်တင်ခုံပေါ်မှာတင်ထားပြီးမှ သမီးတို့ စားဝတ်နေရေး အဆင်မပြေရင် အမေတို့ပဲ့ စိတ်ဆင်းရဲမှာ စိုးလို့ သမီးအကုန်ယူသွားပါပြီ။

ATM card လေးလည်း ယူသွားတယ် အမေသိတယ်မဟုတ်လားအခုခေတ်က လမ်းခရီးမှာ ငွေကိုင်ရင် အန္တရာယ် များတယ်လေ။အသက်ကို ဉာဏ်စောင့် လို့ အမေတို့ပဲ သင်ပေးခဲ့တာ သမီး မမေ့ဘူး။

သမီး ချစ်သူကလည်း ရိုးရိုးသားသားပါ။ စိတ်မပူပါနဲ့နော်။

ယောင်္ကျားလေး ဆိုတော့လည်း နည်းနည်းပါးပါးတော့ သောက်တတ်စားတတ် တာပေါ့

အားကစားလည်း သူ ဝါသနာပါလို့ ဘောလုံးပွဲလည်း လောင်းတယ်လေ။မကောင်းတဲ့ မိန်းမတွေနဲ့လည်း သူ မရှုပ်ဘူးတဲ့။

ကောင်းတဲ့ မိန်းမတွေနဲ့ပဲ့ ရှုပ်တာတဲ့။ဘာပဲ့ဖြစ်ဖြစ် သမီးကို သူချစ်သလို သမီးကလည်း သူ့ကိုချစ်တယ်။

သူက ကြင်နာယုယတတ်ပါတယ်။ဂရုလည်းစိုက်တယ်။

ဟိုနေ့ကဆို သမီးပါးမှာ ခြင်တစ်ကောင်နားနေလို့သမီးကို ခြင်ကိုက်မှာ စိုးရိမ်ပြီသူ့လက်နဲ့ ဖျန်းကနဲရိုက်ပလိုက်တာ သွားနှစ်ချောင်း ကျွတ်သွားတယ်။

မိဘဆိုတာ သားသမီးကို စိတ်ဆိုးလည်း ခဏတဲ့ရွာဦးကျောင်းဆရာတော် ရှင်ပညာသာမိ ပြောဖူးတယ်။

မိဘတွေက မြေးမျက်နှာမြင်ရင် အရည်ပျော်ရောတဲ့။ ဒါကြောင့်လည်း အမေတို့အဖေတို့မြေးမြစ်တွေ ပွေ့ချီနိုင်အောင် သမီးတို့ကြိုးစားမှာပါ။

အမေတို့ ဒီစာကို ဖတ်နေချိန်မှာ သမီးက လေယာဉ်ပျံကြီးစီးပြီး ဟိုးအဝေးကိုသွားနေပြီ မထင်လိုက်ပါနဲ့။

သမီးအခု စီးနေတာ နွားလှည်းလိုလိုစက်အင်ဂျင်မကောင်းတဲ့ ဆိုင်ကယ်စုပ်ပေါ်မှာပါ။

ကျေးလက်သဘာဝကို သမီး ချစ်တယ်လေ။ ဒါကြောင့် ပကာသနနဲ့ စည်းစိမ်ဥစွာတွေကိုလည်းမမက်တော့ပါဘူး။တစ်နေ့ကျရင် သမီး အဖေတို့ အမေတိုရှိရာအိမ်ကို ဆက်ဆက် ပြန်လာခဲ့ပါမယ်။

သူနဲ့ကွဲသွားရင်ပေါ့။အမေတို့ အဖေတို့ စိတ်ပြေလက်ပျောက် ဖြစ်ဖို့လည်း သားသား မီးမီးလေးတွေ လက်ဆောင်အနေနဲ့ ပြန်လာရင်ယူလာခဲ့ပါ့မယ်…!!ပုံ/ သမီးမိုက်

ဘဝအမောများခဏပြေပျောက်ကြပါစေ

Crd …

Unicode

ဘဝအေမာေတြ ခဏေျပေပ်ာက္ဖို႔

သို႔ /ခ်စ္ရပါေသာ အေမ နဲ႔ အေဖ

သမီး ခိုးရာေနာက္ လိုက္သြားပါၿပီ။သမီးကို အေဖနဲ႔အေမတို႔ ျပဳစုေနရမွာ ရွက္ၿပီေတာ့ အားနာလာလို႔ပါ။

အေမတို႔ ဆင္ေပးထားတဲ့ လက္စြပ္ ဆြဲၾကႇိဳး လက္ေကာက္ ေတြကို မယူခ်င္လို႔ အိတ္နဲ႔ထည့္ၿပီး သမီးမွန္တင္ခုံေပၚမွာတင္ထားၿပီးမွ သမီးတို႔ စားဝတ္ေနေရး အဆင္မေျပရင္ အေမတို႔ပဲ့ စိတ္ဆင္းရဲမွာ စိုးလို႔ သမီးအကုန္ယူသြားပါၿပီ။

ATM card ေလးလည္း ယူသြားတယ္ အေမသိတယ္မဟုတ္လားအခုေခတ္က လမ္းခရီးမွာ ေငြကိုင္ရင္ အႏၲရာယ္ မ်ားတယ္ေလ။အသက္ကို ဥာဏ္ေစာင့္ လို႔ အေမတို႔ပဲ သင္ေပးခဲ့တာ သမီး မေမ့ဘူး။

သမီး ခ်စ္သူကလည္း ႐ိုး႐ိုးသားသားပါ။ စိတ္မပူပါနဲ႔ေနာ္။

ေယာက်ၤားေလး ဆိုေတာ့လည္း နည္းနည္းပါးပါးေတာ့ ေသာက္တတ္စားတတ္ တာေပါ့

အားကစားလည္း သူ ဝါသနာပါလို႔ ေဘာလုံးပြဲလည္း ေလာင္းတယ္ေလ။မေကာင္းတဲ့ မိန္းမေတြနဲ႔လည္း သူ မရႈပ္ဘူးတဲ့။

ေကာင္းတဲ့ မိန္းမေတြနဲ႔ပဲ့ ရႈပ္တာတဲ့။ဘာပဲ့ျဖစ္ျဖစ္ သမီးကို သူခ်စ္သလို သမီးကလည္း သူ႔ကိုခ်စ္တယ္။

သူက ၾကင္နာယုယတတ္ပါတယ္။ဂ႐ုလည္းစိုက္တယ္။

ဟိုေန႔ကဆို သမီးပါးမွာ ျခင္တစ္ေကာင္နားေနလို႔သမီးကို ျခင္ကိုက္မွာ စိုးရိမ္ၿပီသူ႔လက္နဲ႔ ဖ်န္းကနဲ႐ိုက္ပလိုက္တာ သြားႏွစ္ေခ်ာင္း ကြၽတ္သြားတယ္။

မိဘဆိုတာ သားသမီးကို စိတ္ဆိုးလည္း ခဏတဲ့႐ြာဦးေက်ာင္းဆရာေတာ္ ရွင္ပညာသာမိ ေျပာဖူးတယ္။

မိဘေတြက ေျမးမ်က္ႏွာျမင္ရင္ အရည္ေပ်ာ္ေရာတဲ့။ ဒါေၾကာင့္လည္း အေမတို႔အေဖတို႔ေျမးျမစ္ေတြ ေပြ႕ခ်ီႏိုင္ေအာင္ သမီးတို႔ႀကိဳးစားမွာပါ။

အေမတို႔ ဒီစာကို ဖတ္ေနခ်ိန္မွာ သမီးက ေလယာဥ္ပ်ံႀကီးစီးၿပီး ဟိုးအေဝးကိုသြားေနၿပီ မထင္လိုက္ပါနဲ႔။

သမီးအခု စီးေနတာ ႏြားလွည္းလိုလိုစက္အင္ဂ်င္မေကာင္းတဲ့ ဆိုင္ကယ္စုပ္ေပၚမွာပါ။

ေက်းလက္သဘာဝကို သမီး ခ်စ္တယ္ေလ။ ဒါေၾကာင့္ ပကာသနနဲ႔ စည္းစိမ္ဥစြာေတြကိုလည္းမမက္ေတာ့ပါဘူး။တစ္ေန႔က်ရင္ သမီး အေဖတို႔ အေမတိုရွိရာအိမ္ကို ဆက္ဆက္ ျပန္လာခဲ့ပါမယ္။

သူနဲ႔ကြဲသြားရင္ေပါ့။အေမတို႔ အေဖတို႔ စိတ္ေျပလက္ေပ်ာက္ ျဖစ္ဖို႔လည္း သားသား မီးမီးေလးေတြ လက္ေဆာင္အေနနဲ႔ ျပန္လာရင္ယူလာခဲ့ပါ့မယ္…!!ပုံ/ သမီးမိုက္

ဘဝအေမာမ်ားခဏေျပေပ်ာက္ၾကပါေစ

Crd …KK

Leave a Reply

Your email address will not be published. Required fields are marked *