ကလေး ကျောင်းကပြန်လာရင် အချိန်ယူပြီး စိတ်ပါ ဝင်စားစွာနဲ့ သင့်ကလေးကို အောက်ပါမေးခွန်း ( ၄ ) ခု နဲ့ နေ့တိုင်း ဆွေးနွေးကြည့်ပါ။
ရက်တွေကြာ လာတာနဲ့ အမျှ အလွန် အကျိုးရှိတာကို သင်တွေ့ရှိ လာပါ လိမ့်မည်။ ဒီနေရာမှာ “သား”လို့သုံးထားပေမဲ့ “သမီး” ရှင်အတွက်လည်း ပါဝင်ပါတယ်။
၁။ ကျောင်းမှာ သားဘာစိတ်ဝင်စားစရာတွေ ကြုံတွေ့ခဲ့သလဲ ဒီမေးခွန်း ဟာ သင့်ကလေးရဲ့ တန်ဖိုးအမြင်ကို တိုင်းတာဖို့ပါ။
သူ့ရဲ့ အတွင်းစိတ်ထဲမှာ ဘယ်အရာတွေကို အကောင်းဟု သပ်မှတ်ပြီး ဘယ်အရာများကိုတော့ အဆိုးသပ်မှတ်ထားပါသလဲ၊ ဘာကြောင့်အဲလို မြင် တာလဲ။ မိဘတွေသိဖို့ လိုပါတယ်။
အဲဒါသိသွားရင် ကလေးရဲ့ စိတ်လမ်းကြောင်း ကို ကူညီလမ်းညွန် ဖို့ နည်းလမ်းရှာတွေ့သွားပါတယ်။ ၂။ ဒီကနေ့ သားဘာကောင်းတာတွေ လုပ်နိုင်ခဲ့သလဲ ကောင်းမူတစ်ခု နေ့စဉ်ပြုခိုင်းတာပါ။
အားပေးတဲ့မေးခွန်းလည်းဖြစ်ပါတယ်။ ကလေးရဲ့ မိမိကိုယ်မိမိ ယုံကြည်ချက် တိုးပွားစေတဲ့ မေးခွန်းမျိုုးပါ။ သားဒီနေ့ ကျောင်းမှာ ဘာလုပ်ခဲ့သလဲ၊ အဲဒီလုပ်ခဲ့တဲ့ အရာ ဘယ်လိုကောင်းသလဲ ရှင်းပြခိုင်းတာပါ။
၃။ ဒီနေ့ သား ဘာတွေ အသိတိုးပြီး ဘာတွေ ရလိုက်သလဲ ဘယ်ဘာသာတွေ ကို ဘယ်လိုသင်ယူခဲ့ သလဲ ဆိုတဲ့ မေးခွန်းမျိုးပါ။ သွယ်ဝိုက်မေးတဲ့ သဘောပါ။
သင်ခဲ့တဲ့ ဘာသာအကြောင်းအရာတွေကို တာဝန်ကျေပြီ ၊ သင်ပြီးပြီးရော ဆိုတဲ့သဘောမျိုးဖြင့်မဟုတ်ပဲ တစ်ခုခု အသိတိုးလိုက်တယ်။
တစ်ခုခု ရလိုက်တယ်ဆိုတဲ့ တန်ဖိုးအမြင် ဝင်လာအောင် ပြုစု ပျိုးထောင်တဲ့ မေး ခွန်းမျိုးပါ။ သင်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည် စမ်း စစ်ခိုင်းရာလည်း ရောက်ပါတယ်။
အတန်းထဲမှာ ပိုမိုဂရုစိုက်လာအောင် သွယ်ဝိုက်ပြီး အားပေးရာလည်း ရောက်ပါတယ်။
၄။ ဖေဖေ ( သို့ )မေမေ ဘာကူညီပေးရမှာလဲ ငါတို့မင်းကို အရမ်းချစ်တယ်။ မင်းရဲ့ နောက်မှာ အမြဲရှိတယ်။ အကြောင်းအကျိုး နဲ့ ညီညွတ်ရင် မင်းကို ကူညီဖို့ အသင့်ရှိတယ်။
ကိုယ်တိုင်ကြိုးစားရမှာက မင်းရဲ့ တာဝန်ဖြစ်တယ်။ မိဘရဲ့ အချစ်ကို ပြသတဲ့ အပြင် သားသမီးကိုလည်း ကိုယ့်တာဝန်ကို သိစေတဲ့ မေးခွန်းဖြစ်ပါတယ်။ မိဘများ အတွက် အသုံးဝင်နိုင်ပါစေ ။
Crd
zawgyi
ကေလး ေက်ာင္းကျပန္လာရင္ အခ်ိန္ယူၿပီး စိတ္ပါ ဝင္စားစြာနဲ႔ သင့္ကေလးကို ေအာက္ပါေမးခြန္း ( ၄ ) ခု နဲ႔ ေန႔တိုင္း ေဆြးေႏြးၾကည့္ပါ။
ရက္ေတြၾကာ လာတာနဲ႔ အမွ် အလြန္ အက်ိဳးရွိတာကို သင္ေတြ႕ရွိ လာပါ လိမ့္မည္။ ဒီေနရာမွာ “သား”လို႔သုံးထားေပမဲ့ “သမီး” ရွင္အတြက္လည္း ပါဝင္ပါတယ္။
၁။ ေက်ာင္းမွာ သားဘာစိတ္ဝင္စားစရာေတြ ႀကဳံေတြ႕ခဲ့သလဲ ဒီေမးခြန္း ဟာ သင့္ကေလးရဲ႕ တန္ဖိုးအျမင္ကို တိုင္းတာဖို႔ပါ။
သူ႔ရဲ႕ အတြင္းစိတ္ထဲမွာ ဘယ္အရာေတြကို အေကာင္းဟု သပ္မွတ္ၿပီး ဘယ္အရာမ်ားကိုေတာ့ အဆိုးသပ္မွတ္ထားပါသလဲ၊ ဘာေၾကာင့္အဲလို ျမင္ တာလဲ။ မိဘေတြသိဖို႔ လိုပါတယ္။
အဲဒါသိသြားရင္ ကေလးရဲ႕ စိတ္လမ္းေၾကာင္း ကို ကူညီလမ္းၫြန္ ဖို႔ နည္းလမ္းရွာေတြ႕သြားပါတယ္။ ၂။ ဒီကေန႔ သားဘာေကာင္းတာေတြ လုပ္ႏိုင္ခဲ့သလဲ ေကာင္းမူတစ္ခု ေန႔စဥ္ျပဳခိုင္းတာပါ။
အားေပးတဲ့ေမးခြန္းလည္းျဖစ္ပါတယ္။ ကေလးရဲ႕ မိမိကိုယ္မိမိ ယုံၾကည္ခ်က္ တိုးပြားေစတဲ့ ေမးခြန္းမ်ိဳုးပါ။ သားဒီေန႔ ေက်ာင္းမွာ ဘာလုပ္ခဲ့သလဲ၊ အဲဒီလုပ္ခဲ့တဲ့ အရာ ဘယ္လိုေကာင္းသလဲ ရွင္းျပခိုင္းတာပါ။
၃။ ဒီေန႔ သား ဘာေတြ အသိတိုးၿပီး ဘာေတြ ရလိုက္သလဲ ဘယ္ဘာသာေတြ ကို ဘယ္လိုသင္ယူခဲ့ သလဲ ဆိုတဲ့ ေမးခြန္းမ်ိဳးပါ။ သြယ္ဝိုက္ေမးတဲ့ သေဘာပါ။
သင္ခဲ့တဲ့ ဘာသာအေၾကာင္းအရာေတြကို တာဝန္ေက်ၿပီ ၊ သင္ၿပီးၿပီးေရာ ဆိုတဲ့သေဘာမ်ိဳးျဖင့္မဟုတ္ပဲ တစ္ခုခု အသိတိုးလိုက္တယ္။
တစ္ခုခု ရလိုက္တယ္ဆိုတဲ့ တန္ဖိုးအျမင္ ဝင္လာေအာင္ ျပဳစု ပ်ိဳးေထာင္တဲ့ ေမး ခြန္းမ်ိဳးပါ။ သင္ခဲ့တဲ့ အေၾကာင္းအရာေတြကို ျပန္လည္ စမ္း စစ္ခိုင္းရာလည္း ေရာက္ပါတယ္။
အတန္းထဲမွာ ပိုမိုဂ႐ုစိုက္လာေအာင္ သြယ္ဝိုက္ၿပီး အားေပးရာလည္း ေရာက္ပါတယ္။
၄။ ေဖေဖ ( သို႔ )ေမေမ ဘာကူညီေပးရမွာလဲ ငါတို႔မင္းကို အရမ္းခ်စ္တယ္။ မင္းရဲ႕ ေနာက္မွာ အၿမဲရွိတယ္။ အေၾကာင္းအက်ိဳး နဲ႔ ညီၫြတ္ရင္ မင္းကို ကူညီဖို႔ အသင့္ရွိတယ္။
ကိုယ္တိုင္ႀကိဳးစားရမွာက မင္းရဲ႕ တာဝန္ျဖစ္တယ္။ မိဘရဲ႕ အခ်စ္ကို ျပသတဲ့ အျပင္ သားသမီးကိုလည္း ကိုယ့္တာဝန္ကို သိေစတဲ့ ေမးခြန္းျဖစ္ပါတယ္။ မိဘမ်ား အတြက္ အသုံးဝင္ႏိုင္ပါေစ ။
Crd