ၾကားသိရသမွ်

သင္နဲ႔ သင့္မိသားစုအတြက္ သိထားသင့္တဲ့ ငရုတ္သီးေျခာက္မႈိ အေၾကာင္း…

သင္နဲ႔ သင့္မိသားစုအတြက္ သိထားသင့္တဲ့ ငရုတ္သီးေျခာက္မႈိ အေၾကာင္း

အရက္၊ ဘီယာ…မေသာက္ဘဲ …အသည္းေျခာက္ၿပီး… ေသေစႏိုင္တဲ့ င႐ုတ္သီးေျခာက္မႈိ င႐ုတ္သီးေျခာက္မႈိ က ေၾကာက္စရာပါဗ်ာ

ျမန္မာ့ ဟင္း ျမန္မာ့စားဖြယ္လို႔ဆိုလိုက္တာနဲ႔ င႐ုတ္သီးအစပ္ဟင္းဆိုတာ လုံးဝေျပးမလြတ္ပါဘူး။ ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ားက င႐ုတ္သီး အင္မတန္ႀကိဳက္ၾကတဲ့ လူမ်ိဳးေတြျဖစ္ၾကပါတယ္။

တစ္ေန႔တစ္ေန႔ ဘာဟင္းပဲခ်က္ခ်က္ အနည္းဆုံး အစပ္ဟင္းေလးတစ္ခြက္ကေတာ့ ပါလိုက္ရမွ။ င႐ုတ္သီးေတာင့္ ၊ င႐ုတ္သီးေလးစိပ္ခြဲ၊ အေလွာ္မႈန႔္ ၊ အစိမ္းမႈန႔္ ၊ အေရာင္တင္မႈန႔္ စတာေတြကို ဆိုင္ကဝယ္စားရင္စား၊မဟုတ္ရင္လည္း အိမ္မွာသိမ္းထားၿပီး စားတတ္ၾကပါတယ္။

ဒါေၾကာင့္ ေန႔စဥ္ဟင္းခ်က္ရာမွာမပါမျဖစ္ ျဖစ္တဲ့ င႐ုတ္သီးမွာ ကပ္ေနတတ္တဲ့ မႈိေရာဂါ အေၾကာင္းကိုေတာ့ သိထားသင့္ ဖို႔လိုပါတယ္။မိသားစုတစ္စုရဲ႕ က်န္းမာေရးကို အဓိကတာဝန္ယူရတာက မီးဖိုေခ်ာင္ျဖစ္တာေၾကာင့္ က်န္းမာေရး အႏၲရာယ္ေတြ ေပးႏိုင္တဲ့ င႐ုတ္သီးမႈိအေၾကာင္းႏွင့္ ဘယ္လိုကာကြယ္ရမလဲဆိုတာေတြကိုဒီေဆာင္းပါးေလးမွာဆက္လက္ဖတ္ရႈၾကည့္ရေအာင္။

င ႐ုတ္ သီးမႈိ(Aflatoxin) ဆိုတာဘာလဲ

င ႐ုတ္ သီးမႈိ(Aflatoxin) ဆိုတာက လူေတြကို ေျခာက္လွန႔္ေနတဲ့ “ ကင္ဆာေရာဂါ” ကို အဓိကျဖစ္ေစတဲ့ မႈိတစ္မ်ိဳး ျဖစ္ပါတယ္။

င႐ုတ္သီးမႈိ(Aflatoxin) အမ်ိဳးအစားေပါင္း ၁၃ မ်ိဳးရွိတဲ့အထဲမွာAflatoxin B1 ကေတာ့အေတြ႕ရ အမ်ားဆုံးျဖစ္ပါတယ္။ Aflatoxin အဆိပ္ကို Aspergillus flavus & Aspergillus parasiticus ဆိုတဲ့ မႈိ ေတြကေန ထုတ္ပါတယ္။

ကင္ဆာသုေတသန႒ာနမ်ားရဲ႕ ေတြ႕ရွိခ်က္ေတြအရ Aflatoxin ကို “အဆင့္ ၁” ကင္ဆာျဖစ္ေစႏိုင္တဲ့ အုပ္စုမွာ ထည့္ထားပါတယ္။င ႐ုတ္ သီးမႈိ (Aflatoxin) ကို ဘယ္မွာ အမ်ားဆုံးေတြ႕ရသလဲ။င ႐ုတ္ သီး မႈိ (Aflatoxin) ကို င႐ုတ္သီး၊ ေျမပဲ ၊ ဆန္စပါး၊ ေျပာင္းဖူး၊ အေစ့အစံမ်ားျဖစ္ေသာ (သစ္ၾကားေစ့၊ ဗန္ဒါေစ့)၊ ပဲ အမ်ိဳးမ်ိဳး၊

ဟင္းခတ္အေမႊးအႀကိဳင္မ်ား စတဲ့ အသီးအႏွံေတြကို အမ်ားဆုံးစားေလ့ရွိတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံ၊ အာဖရိကႏိုင္ငံေတြမွာ အမ်ားဆုံးေတြ႕ရပါတယ္။ဒီ မႈိ အ မ်ိဳး အ စားေတြက ပူေႏြးစိုစြတ္တဲ့ ေနရာတြမွာ အမ်ားဆုံးေပါက္ပြားၾကပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ င႐ုတ္သီးထဲမွာ အေတြ႕မ်ားပါတယ္။ေကာက္ပဲသီးႏွံေတြကို ရိတ္သိမ္းၿပီးေတာ့ စနစ္တက်ေသခ်ာေနလွမ္းတာမ်ိဳးမရွိတာ ၊ သန႔္သန႔္ ရွင္းရွင္း မကိုင္တြယ္တာ၊ စနစ္တက် ထုတ္ပိုးမႈ မရွိတာေတြေၾကာင့္ ဒီမႈိေတြ ေပါက္ဖြားႏိုင္ပါတယ္။အခုလို မိုးတြင္း အခ်ိန္အခါမ်ိဳးမွာဆိုရင္ ပိုေတာင္ သတိထားသင့္ပါတယ္။င႐ုတ္သီးမႈိ (Aflatoxin)က ဘယ္လိုပုံစံျဖင့္ လူေတြကို ဆိုးက်ိဳးေပးသလဲ။

င႐ုတ္သီးမႈိ (Aflatoxin) ကို အလိုေလ်ာက္ ခႏၶာကိုယ္ကတိုက္ထုတ္ေပးမယ့္ ခုခံအားစနစ္မ်ိဳး ဘယ္သက္ရွိသတၱဝါမွာမွ မရွိပါ။လူ႔ ခႏၶာကိုယ္မွာရွိတဲ့ ခုခံအားစနစ္က Aflatoxin အဆိပ္ကို အခ်ိန္အတိုင္းအတာတစ္ခုအထိေတာ့ ခံႏိုင္ရည္ ရွိပါတယ္။ မႈိရွိေနတဲ့ ေျမပဲ၊ င႐ုတ္သီး၊ စတဲ့အစားအစာေတြကို မသိလိုက္ဘဲ

တစ္ခါတည္း အမ်ားႀကီးစားသုံးမိတာေၾကာင့္ Aflatoxin အဆိပ္မိၿပီး အသည္းကင္ဆာျဖစ္လာႏိုင္သလို ၊ မႈိပါဝင္ေနေသာ အစားအစာမ်ားအား နည္းနည္းခ်င္းစီ စားသုံးမိရာကေနလည္းအခ်ိန္ၾကာလာတာႏွင့္ အမွ် အသည္းကင္ဆာေရာဂါျဖစ္လာႏိုင္ပါသည္။

ပ်ိဳ႕အန္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ အဆုတ္ပတ္လည္တြင္ အရည္စုျခင္း၊ ဦေႏွာက္တြင္ အရည္အိတ္တည္ျခင္း၊ အသည္းကို အဓိက ဒုကၡေပးျခင္း၊ ႏွလုံး ႏွင့္ ေက်ာက္ကပ္အား ဒုကၡေပးျခင္း၊ အသက္ေသဆုံးျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။

Aflatoxin ကို တစ္ႀကိမ္တည္း အမ်ားႀကီး စားမိၿပီး အဆိပ္သင့္တာမ်ိဳး ျဖစ္ေစႏိုင္ေပမယ့္ ရွားပါတယ္။ သတိမျပဳမိဘဲ နည္းနည္းခ်င္းစီ စားမိရာကေန အခ်ိန္ၾကာလာတာႏွင့္အမွ်အသည္းကင္ဆာျဖစ္လာတာေတာ့ ပိုအျဖစ္မ်ားပါတယ္။ အသည္းကင္ဆာျဖစ္တာကေတာ့ အဆိုးဆုံးေပါ့။ Aflatoxin ကအစာေျခစနစ္ကိုလည္း ဒုကၡေပးႏိုင္ပါေသးတယ္။

Aflatoxin အား ဘယ္လိုကာကြယ္မလဲ။ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြမွာ ပါဝင္ႏိုင္ၿပီး အသက္အန ၱရာယ္ေပးႏိုင္တဲ့ Aflatoxin င႐ုတ္သီးမႈိကို အစားအစာေတြမွာ ပါဝင္မႈေလ်ာ့နည္းေအာင္ ကာကြယ္ႏိုင္တဲ့ နည္းေတြကို ေျပာျပေပးခ်င္ပါတယ္။

မႈိေတြ ကပ္တြယ္ေနျခင္းက ေလ်ာ့က်ေအာင္ င႐ုတ္သီး၊ ဆန္ ၊ အေစ့အစံ ႏွင့္ ပဲမ်ားအား ေနလွန္းအေျခာက္ခံျခင္း၊ စိုစြတ္ေသာေနရာတြင္ မသိမ္းဘဲ ေျခာက္ေသြ႕ေသာေနရာတြင္ သိမ္းျခင္း၊စနစ္တက် ထုတ္ပိုးထားျခင္း၊ အစားအစာမ်ား အား အခ်ိန္အၾကာႀကီးထား စားသုံးျခင္းမ်ိဳးမလုပ္ျခင္း၊ အစားအစာမ်ားအား မီးျပင္းျပင္းႏွင့္ ခ်က္ျပဳတ္ျခင္းျဖင့္ မႈိမွ ထုတ္ေသာအဆိပ္ျပင္းအား ေလွ်ာ့ခ်ႏိုင္ျခင္း၊

အစားအစာမ်ားအား အပင္ေဖာက္၊ အခ်ဥ္ေဖာက္၍စားသုံးျခင္း၊အသည္း ကင္ဆာအား အမ်ားဆုံးျဖစ္ေစႏိုင္သည့္အတြက္ တစ္ႏွစ္တစ္ခါ အသည္းအား က်န္းမားေရစစ္ေဆးမႈအား ျပဳလုပ္ေပးျခင္း၊ အသည္းေရာင္ အသားဝါကာကြယ္ေဆးမ်ားထိုးထားျခင္း၊

က်န္းမာေရးႏွင့္ညီၫြတ္ၿပီး လတ္ဆတ္ေသာ အသီးအႏွံမ်ားအား စားသုံးျခင္း၊ ကင္ဆာျဖစ္ေစႏိုင္ေသာ အရာမ်ားကိုဓာတ္တိုးဆန႔္က်င္ေစေသာ ျဖည့္စြက္စာမ်ား (ဗီတာမင္ A,ဗီတာမင္ C, ဗီတာမင္E) စားသုံးျခင္း၊

ေလ့လာေတြ႕ရွိခ်က္မ်ားအရ အစိမ္းေရာင္ေရညႇိ( ကလို႐ိုဖီလ္း) သည္ Aflatoxin ၏ သက္တမ္းအားေလွ်ာ့ခ်ႏိုင္သျဖင့္ ကလို႐ိုဖီးလ္ ေဆးျပားမ်ားအား ေသာက္ သုံးေပးျခင္းတို႔ျဖင့္

Aflatoxin အဆိပ္သင့္ျခင္းကို ေလွ်ာ့ခ်ျခင္း ၊ ကာကြယ္ျခင္းေတြ ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အစပ္ေတာ္ေတာ္ႀကိဳက္တဲ့ ျမန္မာလူမ်ိဳးေတြအေနႏွင့္ အသည္းကို ဒုကၡေပးႏိုင္တဲ့ င႐ုတ္သီးမႈိ အေၾကာင္းကို သိထားသင့္ၿပီး ႀကိဳတင္ကာကြယ္ျခင္းျဖင့္ က်န္းမာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

credit; hello Doctor

Unicode

သင်နဲ့ သင့်မိသားစုအတွက် သိထားသင့်တဲ့ ငရုတ်သီးခြောက်မှို အကြောင်း

အရက်၊ ဘီယာ…မသောက်ဘဲ …အသည်းခြောက်ပြီး… သေစေနိုင်တဲ့ ငရုတ်သီးခြောက်မှို ငရုတ်သီးခြောက်မှို က ကြောက်စရာပါဗျာ

မြန်မာ့ ဟင်း မြန်မာ့စားဖွယ်လို့ဆိုလိုက်တာနဲ့ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံးဝပြေးမလွတ်ပါဘူး။ မြန်မာလူမျိုး တော်တော်များများက ငရုတ်သီး အင်မတန်ကြိုက်ကြတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။

တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံး အစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့် စတာတွေကို ဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း အိမ်မှာသိမ်းထားပြီး စားတတ်ကြပါတယ်။

ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့ ငရုတ်သီးမှာ ကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့် ဖို့လိုပါတယ်။မိသားစုတစ်စုရဲ့ ကျန်းမာရေးကို အဓိကတာဝန်ယူရတာက မီးဖိုချောင်ဖြစ်တာကြောင့် ကျန်းမာရေး အန္တရာယ်တွေ ပေးနိုင်တဲ့ ငရုတ်သီးမှိုအကြောင်းနှင့် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုဒီဆောင်းပါးလေးမှာဆက်လက်ဖတ်ရှုကြည့်ရအောင်။

င ရုတ် သီးမှို(Aflatoxin) ဆိုတာဘာလဲ။

င ရုတ် သီးမှို(Aflatoxin) ဆိုတာက လူတွေကို ခြောက်လှန့်နေတဲ့ “ ကင်ဆာရောဂါ” ကို အဓိကဖြစ်စေတဲ့ မှိုတစ်မျိုး ဖြစ်ပါတယ်။ ငရုတ်သီးမှို(Aflatoxin) အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာAflatoxin B1 ကတော့အတွေ့ရ အများဆုံးဖြစ်ပါတယ်။ Aflatoxin အဆိပ်ကို Aspergillus flavus & Aspergillus parasiticus ဆိုတဲ့ မှို တွေကနေ ထုတ်ပါတယ်။

ကင်ဆာသုတေသနဋ္ဌာနများရဲ့ တွေ့ရှိချက်တွေအရ Aflatoxin ကို “အဆင့် ၁” ကင်ဆာဖြစ်စေနိုင်တဲ့ အုပ်စုမှာ ထည့်ထားပါတယ်။င ရုတ် သီးမှို (Aflatoxin) ကို ဘယ်မှာ အများဆုံးတွေ့ရသလဲ။င ရုတ် သီး မှို (Aflatoxin) ကို ငရုတ်သီး၊ မြေပဲ ၊ ဆန်စပါး၊ ပြောင်းဖူး၊ အစေ့အစံများဖြစ်သော (သစ်ကြားစေ့၊ ဗန်ဒါစေ့)၊ ပဲ အမျိုးမျိုး၊

ဟင်းခတ်အမွှေးအကြိုင်များ စတဲ့ အသီးအနှံတွေကို အများဆုံးစားလေ့ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံ၊ အာဖရိကနိုင်ငံတွေမှာ အများဆုံးတွေ့ရပါတယ်။ဒီ မှို အ မျိုး အ စားတွေက ပူနွေးစိုစွတ်တဲ့ နေရာတွမှာ အများဆုံးပေါက်ပွားကြပါတယ်

။ မြန်မာနိုင်ငံမှာတော့ ငရုတ်သီးထဲမှာ အတွေ့များပါတယ်။ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးတော့ စနစ်တကျသေချာနေလှမ်းတာမျိုးမရှိတာ ၊ သန့်သန့် ရှင်းရှင်း မကိုင်တွယ်တာ၊ စနစ်တကျ ထုတ်ပိုးမှု မရှိတာတွေကြောင့် ဒီမှိုတွေ ပေါက်ဖွားနိုင်ပါတယ်။အခုလို မိုးတွင်း အချိန်အခါမျိုးမှာဆိုရင် ပိုတောင် သတိထားသင့်ပါတယ်။ငရုတ်သီးမှို (Aflatoxin)က ဘယ်လိုပုံစံဖြင့် လူတွေကို ဆိုးကျိုးပေးသလဲ။

ငရုတ်သီးမှို (Aflatoxin) ကို အလိုလျောက် ခန္ဓာကိုယ်ကတိုက်ထုတ်ပေးမယ့် ခုခံအားစနစ်မျိုး ဘယ်သက်ရှိသတ္တဝါမှာမှ မရှိပါ။လူ့ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်က Aflatoxin အဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ ခံနိုင်ရည် ရှိပါတယ်။ မှိုရှိနေတဲ့ မြေပဲ၊ ငရုတ်သီး၊ စတဲ့အစားအစာတွေကို မသိလိုက်ဘဲ

တစ်ခါတည်း အများကြီးစားသုံးမိတာကြောင့် Aflatoxin အဆိပ်မိပြီး အသည်းကင်ဆာဖြစ်လာနိုင်သလို ၊ မှိုပါဝင်နေသော အစားအစာများအား နည်းနည်းချင်းစီ စားသုံးမိရာကနေလည်းအချိန်ကြာလာတာနှင့် အမျှ အသည်းကင်ဆာရောဂါဖြစ်လာနိုင်ပါသည်။

ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အဆုတ်ပတ်လည်တွင် အရည်စုခြင်း၊ ဦနှောက်တွင် အရည်အိတ်တည်ခြင်း၊ အသည်းကို အဓိက ဒုက္ခပေးခြင်း၊ နှလုံး နှင့် ကျောက်ကပ်အား ဒုက္ခပေးခြင်း၊ အသက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Aflatoxin ကို တစ်ကြိမ်တည်း အများကြီး စားမိပြီး အဆိပ်သင့်တာမျိုး ဖြစ်စေနိုင်ပေမယ့် ရှားပါတယ်။ သတိမပြုမိဘဲ နည်းနည်းချင်းစီ စားမိရာကနေ အချိန်ကြာလာတာနှင့်အမျှအသည်းကင်ဆာဖြစ်လာတာတော့ ပိုအဖြစ်များပါတယ်။ အသည်းကင်ဆာဖြစ်တာကတော့ အဆိုးဆုံးပေါ့။ Aflatoxin ကအစာခြေစနစ်ကိုလည်း ဒုက္ခပေးနိုင်ပါသေးတယ်။

Aflatoxin အား ဘယ်လိုကာကွယ်မလဲ။နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ ပါဝင်နိုင်ပြီး အသက်အန ္တရာယ်ပေးနိုင်တဲ့ Aflatoxin ငရုတ်သီးမှိုကို အစားအစာတွေမှာ ပါဝင်မှုလျော့နည်းအောင် ကာကွယ်နိုင်တဲ့ နည်းတွေကို ပြောပြပေးချင်ပါတယ်။

မှိုတွေ ကပ်တွယ်နေခြင်းက လျော့ကျအောင် ငရုတ်သီး၊ ဆန် ၊ အစေ့အစံ နှင့် ပဲများအား နေလှန်းအခြောက်ခံခြင်း၊ စိုစွတ်သောနေရာတွင် မသိမ်းဘဲ ခြောက်သွေ့သောနေရာတွင် သိမ်းခြင်း၊စနစ်တကျ ထုတ်ပိုးထားခြင်း၊ အစားအစာများ အား အချိန်အကြာကြီးထား စားသုံးခြင်းမျိုးမလုပ်ခြင်း၊ အစားအစာများအား မီးပြင်းပြင်းနှင့် ချက်ပြုတ်ခြင်းဖြင့် မှိုမှ ထုတ်သောအဆိပ်ပြင်းအား လျှော့ချနိုင်ခြင်း၊

အစားအစာများအား အပင်ဖောက်၊ အချဉ်ဖောက်၍စားသုံးခြင်း၊အသည်း ကင်ဆာအား အများဆုံးဖြစ်စေနိုင်သည့်အတွက် တစ်နှစ်တစ်ခါ အသည်းအား ကျန်းမားရေစစ်ဆေးမှုအား ပြုလုပ်ပေးခြင်း၊ အသည်းရောင် အသားဝါကာကွယ်ဆေးများထိုးထားခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး လတ်ဆတ်သော အသီးအနှံများအား စားသုံးခြင်း၊ ကင်ဆာဖြစ်စေနိုင်သော အရာများကိုဓာတ်တိုးဆန့်ကျင်စေသော ဖြည့်စွက်စာများ (ဗီတာမင် A,ဗီတာမင် C, ဗီတာမင်E) စားသုံးခြင်း၊

လေ့လာတွေ့ရှိချက်များအရ အစိမ်းရောင်ရေညှိ( ကလိုရိုဖီလ်း) သည် Aflatoxin ၏ သက်တမ်းအားလျှော့ချနိုင်သဖြင့် ကလိုရိုဖီးလ် ဆေးပြားများအား သောက် သုံးပေးခြင်းတို့ဖြင့် Aflatoxin အဆိပ်သင့်ခြင်းကို လျှော့ချခြင်း ၊ ကာကွယ်ခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် အစပ်တော်တော်ကြိုက်တဲ့ မြန်မာလူမျိုးတွေအနေနှင့် အသည်းကို ဒုက္ခပေးနိုင်တဲ့ ငရုတ်သီးမှို အကြောင်းကို သိထားသင့်ပြီး ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

credit; hello Doctor

Leave a Reply

Your email address will not be published. Required fields are marked *