ၾကားသိရသမွ်

Atadies နဲ့ Okami အပြင် Abbasov နဲ့ပါ ပွဲဖြစ်နိုင်ချေ ရှိသွားသည့် အောင်လအန်ဆန်း

Unicode

ကျွန်တော်တို့ မြန်မာပရိသတ်များ၏ အချစ်တော် ကချင်သားကြီး အောင်လအန်ဆန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ 25 ရက်နေ့က ရုရှားဖိုက်တာဖြစ်သည့် ဗစ်တလီ ဘစ်ဒက်ရှ်နှင့် ရင်ဆိုင် ထိုးသတ်ခဲ့ပါသည်။အဆိုပါ ပွဲစဉ်တွင် အနိုင်ရရှိမည့်သူသည် မစ်ဒယ်ဝိတ်တန်း၏ ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရရှိမည်ဖြစ်သော်လည်း အောင်လသည် ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

ဒါကြောင့် အောင်လတစ်ယောက် မစ်ဒယ်ဝိတ်တတန်းခါးပတ်ကို စိန်ခေါ်နိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ပါသည်။ အောင်လအနေဖြင့် အဆိုပါ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် ကြားပွဲများ ဆက်လက် ထိုးသတ်ရတော့မှာဘဲ ဖြစ်ပါသည်။

မစ်ဒယ်ဝိတ်တန်း ဖိုက်တာများထဲတွင် အောင်လနှင့် ပွဲဖြစ်နိုင်ချေ ရှိနေသည့် ဖိုက်တာ (၃) ဦးရှိပါသည်။ အဆိုပါ (၃) ဦးထဲတွင် အောင်လနှင့် ထိုးသတ်ချင်ပါတယ်ဟု စိန်ခေါ်ထားသည့် ယူရှင်အိုကာမီနှင့် မကျေပွဲ ထိုးသတ်ဖို့ ဆန္ဒရှိနေသည့် အန်တိုင်းဒီစ့်တို့ ပါဝင်ပါသည်။

ဒါ့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရိုင်နီယာနှင့် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်ခဲ့သူ ကီမီရန်အဘာဆော့ဗ်သည်လည်း အောင်လနှင့် ပွဲဖြစ်နိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။

အဘာဆော့ဗ်သည် ဝယ်သာဝိတ်တန်းမှာ ချန်ပီယံ ဖြစ်လာပြီးနောက် မစ်ဒယ်ဝိတ်တန်းသို့ ပြောင်းလဲထိုးသတ်ခဲ့ပြီး၊ မစ်ဒယ်ဝိတ်တန်း အဖွင့်ပွဲစဉ်မှာ ရိုင်နီယာနှင့် မစ်ဒယ်ဝိတ်တန်းခါးပတ်လုခွင့် ရခဲ့ပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အဘာ‌ဆော့ဗ်ရဲ့ မစ်ဒယ်ဝိတ်တန်း ဒုတိယအကြိမ်မြောက် ပြိုင်ဘက်ဟာ အောင်လအန်ဆန်း ဖြစ်လာနိုင်လိမ့်မည်ဟု ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

Zawgyi









Atadies နဲ့ Okami အပြင် Abbasov နဲ့ပါ ပွဲဖြစ်နိုင်ချေ ရှိသွားသည့် အောင်လအန်ဆန်း

Leave a Reply

Your email address will not be published. Required fields are marked *