(႐ုရွားသတင္းေထာက္ေျပာျပခ်က္)
၁၂/၇/၂၀၂၂
မအလက ပူတင္ဒါမွမဟုတ္ ပူတင္ေထာက္ခံတဲ့တာဝန္ရွိသူတစ္ဦးနဲ႔ ေတြ႕ခြင့္ရဖို႔ ေတာင္းထားေပမဲ့ လက္ခံေတြ႕ဖို႔ အစီအစဥ္မရွိဘူးအေၾကာင္းျပန္ထားတယ္ပဲသိတယ္။ က်န္တာမသိဘူး။
ေမာ္စကိုနဲ႔ မိုင္ ၁ ရာေလာက္ေဝးတဲ့ Kaluga ေဒသ Ethnomir ယဥ္ေက်းမႈ ပန္းၿခံမွာ ျမန္မာဘုန္းႀကီး တည္တဲ့ ေ႐ႊစည္းခုံေစတီဖြင့္ပြဲကို သူ႔အစီအစဥ္နဲ႔သူ လာတက္တာလို႔သိတယ္။
ပူတင္ကိုးကြယ္တဲ့ ႐ုရွား ေအာ္သိုေဒါက္ ခရစ္ယာန္ဘုန္းေတာ္ႀကီးဆီကိုလည္း လက္ခံေတြ႕ဖို႔ အကူအညီေတာင္းထားတယ္သိတယ္။ ေတြ႕ခြင့္ရ မရေတာ့ မသိဘူး။
ေမာ္စကို အာကာသႏွင့္ န်ဴကလီးယားေအဂ်င္စီက လူေတြနဲ႔ ေတြ႕ခြင့္ရဖို႔ ေတာင္းထားတာလည္းရွိတယ္။ ေအာက္က ဂ်ဴနီယာဝန္ထမ္းတခ်ိဳ႕နဲ႔ေတာ့ ေတြ႕ခြင့္ေပးမယ္သိရတယ္။
(ေမာ္စကိုက ႐ုရွားသတင္းေထာက္တစ္ဦးေျပာျပခ်က္ျဖစ္သည္)source-Burma News Network
ေမာ္စကိုၿမိဳ႕ကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေရာက္ရွိလာ
စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ကို ဒီကေန႔ အဂၤါေန႔မွာ ေရာက္ရွိလာၿပီး ႐ုရွား အာကာသေအဂ်င္စီ Roscosmos ရဲ႕ အႀကီးအကဲ ဒီမစ္ထရီ ႐ိုဂိုဇင္နဲ႔ ေတြ႕ဆုံဖို႔ ရွိတယ္လို႔ မစၥတာ ႐ိုဂိုဇင္ရဲ႕ အႀကံေပး ပုဂၢိဳလ္က Sputnik ႐ုရွားအစိုးရသတင္းဌာနကို ေျပာပါတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ႐ုရွားအစိုးရ န်ဴကလီးယား ေအဂ်င္စီ Rosatom ကုမၸဏီရဲ႕ တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔လည္း ေတြ႕ဆုံဖို႔ ရွိၿပီး ႐ုရွားႏိုင္ငံမွာ ဖြင့္လွစ္မယ့္ ျမန္မာ ယဥ္ေက်းမႈ စင္တာ ဖြင့္ပြဲအခမ္းအနားကို တက္ေရာက္ဖို႔ ရွိတယ္လို႔ သူက ေျပာပါတယ္။
ေမာ္စကိုၿမိဳ႕မွာ ေရာက္ရွိေနတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္နဲ႔ေတာ့ ေတြ႕ဆုံဖို႔ အစီအစဥ္ မရွိဘူးလို႔ ႐ုရွားအစိုးရ႐ုံး ေျပာခြင့္ရသူ ဒီမစ္ထရီ ပက္စ္ေကာ့ဗ္က ေျပာပါတယ္။
အေမရိကန္အစိုးရအေနနဲ႔ ျမန္မာ့အေရးကို အစဥ္မျပတ္ ေစာင့္ၾကည့္သြားၿပီး စစ္ေကာင္စီအေပၚ ဆက္လက္ ဖိအားေပးသြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္က ထိုင္းႏိုင္ငံခရီးစဥ္အတြင္း ေျပာၾကားခဲ့အၿပီး ၂ ရက္အၾကာမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားႏိုင္ငံကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။
မော်စကိုရောက် မအလမိသားစုနဲ့အဖွဲ့ လူလိုသူလို ဧည့်ခံမည့်သူမရှိသေးဘူး
(ရုရှားသတင်းထောက်ပြောပြချက်)
၁၂/၇/၂၀၂၂
မအလက ပူတင်ဒါမှမဟုတ် ပူတင်ထောက်ခံတဲ့တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ခွင့်ရဖို့ တောင်းထားပေမဲ့ လက်ခံတွေ့ဖို့ အစီအစဉ်မရှိဘူးအကြောင်းပြန်ထားတယ်ပဲသိတယ်။ ကျန်တာမသိဘူး။
မော်စကိုနဲ့ မိုင် ၁ ရာလောက်ဝေးတဲ့ Kaluga ဒေသ Ethnomir ယဉ်ကျေးမှု ပန်းခြံမှာ မြန်မာဘုန်းကြီး တည်တဲ့ ရွှေစည်းခုံစေတီဖွင့်ပွဲကို သူ့အစီအစဉ်နဲ့သူ လာတက်တာလို့သိတယ်။
ပူတင်ကိုးကွယ်တဲ့ ရုရှား အော်သိုဒေါက် ခရစ်ယာန်ဘုန်းတော်ကြီးဆီကိုလည်း လက်ခံတွေ့ဖို့ အကူအညီတောင်းထားတယ်သိတယ်။ တွေ့ခွင့်ရ မရတော့ မသိဘူး။
မော်စကို အာကာသနှင့် နျူကလီးယားအေဂျင်စီက လူတွေနဲ့ တွေ့ခွင့်ရဖို့ တောင်းထားတာလည်းရှိတယ်။ အောက်က ဂျူနီယာဝန်ထမ်းတချို့နဲ့တော့ တွေ့ခွင့်ပေးမယ်သိရတယ်။
(မော်စကိုက ရုရှားသတင်းထောက်တစ်ဦးပြောပြချက်ဖြစ်သည်)source-Burma News Network
မော်စကိုမြို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာ
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိလာပြီး ရုရှား အာကာသအေဂျင်စီ Roscosmos ရဲ့ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ ရိုဂိုဇင်ရဲ့ အကြံပေး ပုဂ္ဂိုလ်က Sputnik ရုရှားအစိုးရသတင်းဌာနကို ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအစိုးရ နျူကလီးယား အေဂျင်စီ Rosatom ကုမ္ပဏီရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပြီး ရုရှားနိုင်ငံမှာ ဖွင့်လှစ်မယ့် မြန်မာ ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့တော့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ရုရှားအစိုးရရုံး ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးကို အစဉ်မပြတ် စောင့်ကြည့်သွားပြီး စစ်ကောင်စီအပေါ် ဆက်လက် ဖိအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့အပြီး ၂ ရက်အကြာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။