အချစ်ရေး

ချစ်သူကို ရင်ခွင်ထဲမှာ တုန်တတ် သွားစေတဲ့ အထိဖြစ်စေမယ့် အနမ်း ဆယ်မျိုး

ချစ်သူကို ရင်ခွင်ထဲမှာ တုန်တတ် သွားစေတဲ့ အထိဖြစ်စေမယ့် အနမ်း ၁၀ မျိုး (FA တွေ မပါ)မဂ်လာပါ ပရိတ်သတ်ကြီးရေချစ်သူကို

ရင်ခွင်ထဲမှာ တုန်တတ်သွားစေမည့် အနမ်း 10 မျိုး။ဒီအနမ်း (10) မျိုးထဲက ကျနော့် ချစ်သူကို မေးကြည့်တယ်

ဘယ်ဟာကို ပိုကြိုက်သလဲ လို့ ။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်း ပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား မ မရွေး အသုံးပြုနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်

(1) ရေတံခွန်အနမ်း

ချစ်သူလေးနဲ့ တွေ့တဲ့ အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရတလစပ် နမ်းခြင်း

(2) ရွှင်ပျော်ပျော်အနမ်း

ချစ်သူ့ ကိုယ်ပေါ်မှာ ရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ ဆိတ် ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း

(3) ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအနမ်း

ချစ်သူလေးရဲ့ နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံ နှုတ်ခမ်းသားလေးတွေ အပေါ် လျှာဖျားလေးနဲ့ တို့ထိ ကလိ ပေးလျှက် နမ်းခြင်း

(4) စွမ်းအင်ပြည့် အနမ်း

ချစ်သူရဲ့ နှုတ်ခမ်းကို လုံးဝမထိမိစေပဲ တစ်ကိုယ်လုံးကို ရင်ခွင်ထဲ ထည့်ကာ သူ့ ကျောပြင်လေးကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း

(5) ရေခဲစိမ် အနမ်း

ပူအိုက်တဲ့ ရာသီမှာ ချစ်သူနဲ့ အတူ ရေခဲမုန့် စားခြင်းဖြင့် ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့် ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင် လုပ်ပြီးမှ နမ်းခြင်း

(6) မူဟန်ကြွယ်အနမ်း

ချစ်သူနဲ့ အတူ နေတဲ့အခါ အလျှင်စလို မနမ်းမိစေပဲ ချစ်သူလိုလားမှန်း သိသည့်တိုင် မသိယောင်ဆောင် နေပြီး သူလေးဘက်က အငမ်းမရတောင်းတ လာမှ နမ်းခြင်း

(7) တူးတူပုန်း အနမ်း

ချစ်သူလေးနဲ့ ပြေးလွှား ဆော့ကစားရင်း ကိုယ်အချင်းချင်း ပွတ်သတ် ထိတွေ့စေပြီး ပျော်ရွှင် အူမြူးအောင် လုပ်ပြီးမှ နမ်းခြင်း

(8) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း

နှုတ်ခမ်းချင်း မထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင် စသည်ကို မွှေးမွှေးပေးခြင်းဖြင့် နမ်းခြင်း

(9) သကာစိမ်အနမ်း

ချော့ကလက် သကြာလုံး စသည်ကို တစ်ဦးပါးစပ်ထဲ တစ်ဦးပါးစပ်ဖြင့် ထည့်ပေးလျှက် အပြန်အလှန် နမ်းခြင်း

(10) ငတက်ပြားအနမ်း

ချစ်သူနဲ့ အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေ ကြည့်လျှက် လစ်ရင် လစ်သလို နမ်းခြင်း၊ ဟု အနမ်း(၁၀) မျိုးကို မှတ်သားရပါကြောင်း။ Fa တွေ ဖတ်ပြီး ခေါင်းအုံးကြီးကို ကိုက်မနေနဲဦးနော်

Leave a Reply

Your email address will not be published. Required fields are marked *