ကိုဇေယျာသော်အား အောက်မေ့ သတိရခြင်းများစွာဖြင့် ရေးသားပေးပို့ထားသည့် ကဗျာ
ထောင်တွင်းမှ ရေးသားပေးပို့ထားသည့် ဇေယျာသော်ရဲ့ကဗျာလေးကို ကိုဇေယျာသော်အား အောက်မေ့သတိရခြင်းများစွာဖြင့်ပြန်လည် တင်ပေးလိုက်ပါရစေ။
-ကြားလား မြင်လား မဝေဝါးနဲ့ သူငယ်ချင်းငါပြောတာကို မင်းကြားပါစ ဒါမှ မဟုတ် ငါ့စကားဟာ နားခါးစေတာမို့မကြားသလိုများ နေ နေလိုက်တာလား
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘ၀ ချွတ်ခြုံကျဒုက္ခတွေက အထွေထွေ ဒီအမှန်တရားတွေကို မကြားဘဲ မနေလိုက်ပါနဲ့ သူငယ်ချင်း
မြင်အောင်ကြည့်ပါ လို့ ငါကပြောတော့မင်းကဖြေတယ် မြင်တယ်လေမြင်တယ် မြင်နေသားဘဲ တဲ့
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲသတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို မြင်တယ်လို့မှတ် မြင်သိစိတ် မှာတင်ရပ် နေရင် ဟောဒီ လောကီအရေးမှာ အလုပ်ဟာ မဖြစ်သေးဘူးသူငယ်ချင်း
မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်၀န်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့ လောကဓံ မင်းဝေဖန် ဆန်းစစ်ကြည့်ပါ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့ယောင်ယောင်ဝါးဝါး လုပ်နေဖို့ကိုအချိန်တွေမပိုတော့ဘူးသူငယ်ချင်း
မင်းတို့ငါတို့ ဘဝတွေဟာ နမောတေ ဂါထာ အခါခါရွတ်ရုံနဲ့ဘဲဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာလတ်တလောအတွက်လဲ မကြီးပွားနောင် နတ်သိကြား မလေးစားရင်နေပါ
အမှန်တရား တော့ ဖြစ်ဖို့လိုတယ် သူငယ်ချင်း။
ဒါပေမယ့် လိုချင်တာ အမှန်တရား မှာလိုနေတာ ရဲဝံ့ခြင်းများ ဆိုရင်မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ်။မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲနှက်သက်တာလဲ မထူထောင်နိုင်သမျှငါတို့ တော်လှန်ရေးက မပြီးဆုံးသေးဘူး သူငယ်ချင်း။
မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ အသံစုံကို ကြားအောင်လို့ မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါမညီတာတွေ မြင်စေဖို့ ကြားလား မြင်လား မဝေဝါးနဲ့
ငါပြောတာကို မင်းကြားပါစ သူငယ်ချင်း။
Credit