အေထြအေထြဗဟုသုတ

က်ားအဂၤါကို မလုပ္သင့္သည့္အရာမ်ား (မွတ္ခ်က္-မိန္းကေလးမ်ား မဖတ္ရပါ။ ဖတ္ခ်င္လဲဖတ္ပါ၊ၿပီးမွ မရွက္ပါႏွင့္)

အသက္ရွင္သန္ဖို႔လုပ္ငန္းႀကီးျဖစ္တဲ့ဆီးစြန႔္ဖို႔အတြက္သာမက လူသားမ်ိဳးဆက္ေတြပြားမ်ားဖို႔အတြက္ပါ အေရးပါေသာ၊ေယာက်ာ္းသားတို႔ရဲ့အလြန္အင္မတန္မွႏူးညံ့လွပါေသာ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုကို မလုပ္သင့္၊မလုပ္အပ္တဲ့အရာေတြအေၾကာင္း ေရွာင္ရန္ ကို တိုးတိုးတိတ္တိတ္ေလးေျပာျပေပးသြားပါ့မယ္ မွတ္ခ်က္ မိန္းကေလးမ်ား မဖတ္ရပါ ဖတ္ခ်င္လဲဖတ္ပါ၊ၿပီးမွ မရွက္ပါႏွင့္

၁ လက္ျဖင့္ပုတ္ျခင္း၊ရိုက္ျခင္းမျပဳရပါ။ေလထိုး၍ရေသာလက္ေဝွ႕အိတ္မဟုတ္ပါ၊က်ီစယ္၍ေသာ္လည္းေကာင္း၊ရည္ရြယ္ခ်က္ရွိရွိေသာ္လည္းေကာင္း ရိုက္ပုတ္ျခင္းမျပဳရပါ

၂ ဖိျခင္း၊ညႇစ္ျခင္းမ်ားလဲမလုပ္သင့္ပါ။ ၎သည္ အလြန္ႏူးညံ့ေသာေၾကာင့္ pressure ဒဏ္ကို မခံနိုင္ပါ

၃ ဆီးလမ္းေၾကာင္းအတြင္းသို႔ မည္သည့္အရာမွ မထည့္ရပါ။အေပၚဖုံးေလးဖြင့္ၿပီး တစ္ခုခုထည့္ရေသာ ပုလင္းမဟုတ္ပါ၊ဆီးလမ္းေၾကာင္းထိခိုက္ဒဏ္ရာျဖစ္ျခင္း၊ပိုးဝင္ျခင္း၊အလြန္နာက်င္ျခင္းမ်ားျဖစ္တတ္ပါတယ္

၄ သားေရကြင္းမဟုတ္ပါ။အလြန္အမင္း ဆြဲဆန႔္ျခင္း လုံးဝမျပဳလုပ္ရပါ

၅ ေဝွးေစ့မ်ားအား ေရေႏြးပူျဖင့္ ေဆးေၾကာသန႔္စင္ျခင္းမလုပ္ရပါ ၾကက္ဥမဟုတ္ေသာေၾကာင့္ ေရေႏြးျဖင့္စိမ္ျပဳတ္ရန္မလိုအပ္ပါ

၆ မီးဖိုေခ်ာင္အိမ္သုံး သန႔္စင္ေဆးရည္မ်ားျဖင့္ ေဆးေၾကာစရာမလိုပါ ၎တို႔သည္ အႏၲရာယ္ျဖစ္ေစတတ္ပါသည္။ဘယ္ေလာက္ပဲညစ္ပတ္ေပေရေနပါေစ ဆပ္ျပာႏွင့္ေရျဖင့္သာ လုံေလာက္ပါသည္

၇ အလြန္အမင္းပြတ္တိုက္ျခင္းမျပဳရပါ အလြန္အမင္းပြတ္တိုက္ျခင္းသည္ ပူစပ္နာက်င္ျခင္းကိုခံစားေစရ႐ုံမက အေရျပားပြန္းပဲ့၍အနာပါ ျဖစ္နိုင္ပါတယ္

၈ စိတ္ပါေနခ်ိန္ မခ်ိဳးရပါ လက္ျဖင့္ေကြးညြတ္ရေသာ စပရိန္အေလးေခ်ာင္းမဟုတ္ပါ၊မာေၾကာေနခ်ိန္ ၃ဝဒီဂရီထက္ ပိုမခ်ိဳးသင့္ပါ မခ်ိဳးလၽွင္ အေကာင္းဆုံးျဖစ္ပါသည္

၉ မကိုက္ရပါ မိမိဖာသာ ငုံ႔ကိုက္၍ကားမရပါ၊ ထို႔ေၾကာင့္ ကိုက္နိုင္မည့္သူကို လုံးဝမကိုက္ပါႏွင့္ဟု ႀကိဳတင္သတိေပးထားပါ

၁၀ ၾကည့္မိသမၽွ ႐ုပ္ရွင္မ်ားကို စိတ္ပါလက္ပါလိုက္မခံစားပါႏွင့္ ႐ုပ္ရွင္ထဲျမင္ျမင္သမၽွ မွန္းေမၽွာ္ေနလၽွင္ လိုအပ္သည္ထက္ပိုေသာ ဆႏၵေျဖျခင္းျဖစ္၍ ဒုကၡေရာက္နိုင္ပါသည္

၁၁ နံရံပလပ္ေပါက္မ်ားသည္ မီးပလပ္ထိုးရန္အတြက္သာျဖစ္ပါသည္၊သင္တို႔အတြက္မဟုတ္ပါ မရယ္ပါႏွင့္၊အခ်ိဳ႕ေသာ အမ်ိဳးေကာင္းသားမ်ားသည္ ဝါးလွည္းေတာင္ျဖတ္မေမာင္းရဲေလာက္ေအာင္ျဖစ္သည္ ေတြ႕ကရာစမ္းစမ္း စမ္းစမ္းနဲ႔ ေလၽွာက္မထိုးပါႏွင့္ ဓါတ္လိုက္၍ေသတတ္ပါသည္၊လၽွပ္စစ္မီးသည္ ေဆာ့စရာမဟုတ္ပါ

၁၂ ဒုံးက်ည္ထိပ္ဖူးအား လိုအပ္သည္ထက္ပို၍ သန႔္ရွင္းေရးမျပဳလုပ္ရပါ၊ေရာင္ယမ္းပြန္းပဲ့ျခင္း၊အနာျဖစ္ျခင္း ျဖစ္နိုင္သည္

၁၃ ေမြးကင္းစကေလးအႏွီးထုပ္သလို က်ပ္ညပ္ေနေအာင္မထုပ္ထားရပါ မိမိႏွင့္ Fitျဖစ္ေသာအတြင္းခံကိုေရြးခ်ယ္တတ္ပါေစ

၁၄ မတန္တဆ၊က်ပ္ညပ္ေနရာတြင္ အတင္းတိုးမဝင္ပါႏွင့္ ဒဏ္ရာအနာတရျဖစ္ျခင္း၊ကူးစက္ေရာဂါပိုးဝင္ျခင္း ျဖစ္နိုင္ပါတယ္

၁၅ ကိုယ္ႏွင့္ထိုက္တန္ေသာ အရြယ္အစားကိုသဘာဝမွေပးထားၿပီးျဖစ္ပါတယ္။မေတာ္မေရာ္ႀကီးခ်င္စိတ္ကိုထိန္းပါ၊ ထိုသို႔ႀကီးေအာင္ ေဆးလိမ္း ေဆးထိုးျခင္းမ်ား ေရွာင္ပါ။ လူသတ္ရန္၊ရိုက္ရန္အတြက္မဟုတ္ပါ၊အရြယ္အစားသည္ အျမဲအဓိကမက်ပါ

၁၆ စိုက္ခင္းမဟုတ္ပါ၊အျမဲရိတ္သိမ္းဖို႔ ႀကိဳးစားမေနပါႏွင့္ အေမႊးအမွင္မ်ားသည္ သဘာဝအတိုင္းေပးထားေသာ အကာအကြယ္ျဖစ္ပါသည္၊ရိတ္ခ်င္သပဆိုပါကလဲ ဓါးသြားအသန႔္ျဖင့္ ထိခိုက္ျပတ္ရွမႈမရွိေအာင္ ရိတ္ပါ ဤတြင္ တန္ဖိုးႀကီးေသာ ရတနာသိုက္အား မျပဳလုပ္သင့္သည့္အရာမ်ား တစ္ခန္းရပ္ပါၿပီ အားလုံးပဲ ရတနာသိုက္ႀကီးအား လုံျခဳံေဘးကင္းစြာ ေစာင့္ေရွာက္နိုင္ၾကပါေစ credit Dr Ye Lwin

အသက်ရှင်သန်ဖို့လုပ်ငန်းကြီးဖြစ်တဲ့ဆီးစွန့်ဖို့အတွက်သာမက လူသားမျိုးဆက်တွေပွားများဖို့အတွက်ပါ အရေးပါသော၊ယောကျာ်းသားတို့ရဲ့အလွန်အင်မတန်မှနူးညံ့လှပါသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို မလုပ်သင့်၊မလုပ်အပ်တဲ့အရာတွေအကြောင်း ရှောင်ရန် ကို တိုးတိုးတိတ်တိတ်လေးပြောပြပေးသွားပါ့မယ် မှတ်ချက် မိန်းကလေးများ မဖတ်ရပါ ဖတ်ချင်လဲဖတ်ပါ၊ပြီးမှ မရှက်ပါနှင့်

၁ လက်ဖြင့်ပုတ်ခြင်း၊ရိုက်ခြင်းမပြုရပါ။လေထိုး၍ရသောလက်ဝှေ့အိတ်မဟုတ်ပါ၊ကျီစယ်၍သော်လည်းကောင်း၊ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ရိုက်ပုတ်ခြင်းမပြုရပါ

၂ ဖိခြင်း၊ညှစ်ခြင်းများလဲမလုပ်သင့်ပါ။ ၎င်းသည် အလွန်နူးညံ့သောကြောင့် pressure ဒဏ်ကို မခံနိုင်ပါ

၃ ဆီးလမ်းကြောင်းအတွင်းသို့ မည်သည့်အရာမှ မထည့်ရပါ။အပေါ်ဖုံးလေးဖွင့်ပြီး တစ်ခုခုထည့်ရသော ပုလင်းမဟုတ်ပါ၊ဆီးလမ်းကြောင်းထိခိုက်ဒဏ်ရာဖြစ်ခြင်း၊ပိုးဝင်ခြင်း၊အလွန်နာကျင်ခြင်းများဖြစ်တတ်ပါတယ်

၄ သားရေကွင်းမဟုတ်ပါ။အလွန်အမင်း ဆွဲဆန့်ခြင်း လုံးဝမပြုလုပ်ရပါ

၅ ဝှေးစေ့များအား ရေနွေးပူဖြင့် ဆေးကြောသန့်စင်ခြင်းမလုပ်ရပါ ကြက်ဥမဟုတ်သောကြောင့် ရေနွေးဖြင့်စိမ်ပြုတ်ရန်မလိုအပ်ပါ

၆ မီးဖိုချောင်အိမ်သုံး သန့်စင်ဆေးရည်များဖြင့် ဆေးကြောစရာမလိုပါ ၎င်းတို့သည် အန္တရာယ်ဖြစ်စေတတ်ပါသည်။ဘယ်လောက်ပဲညစ်ပတ်ပေရေနေပါစေ ဆပ်ပြာနှင့်ရေဖြင့်သာ လုံလောက်ပါသည်

၇ အလွန်အမင်းပွတ်တိုက်ခြင်းမပြုရပါ အလွန်အမင်းပွတ်တိုက်ခြင်းသည် ပူစပ်နာကျင်ခြင်းကိုခံစားစေရရုံမက အရေပြားပွန်းပဲ့၍အနာပါ ဖြစ်နိုင်ပါတယ်

၈ စိတ်ပါနေချိန် မချိုးရပါ လက်ဖြင့်ကွေးညွတ်ရသော စပရိန်အလေးချောင်းမဟုတ်ပါ၊မာကြောနေချိန် ၃ဝဒီဂရီထက် ပိုမချိုးသင့်ပါ မချိုးလျှင် အကောင်းဆုံးဖြစ်ပါသည်

၉ မကိုက်ရပါ မိမိဖာသာ ငုံ့ကိုက်၍ကားမရပါ၊ ထို့ကြောင့် ကိုက်နိုင်မည့်သူကို လုံးဝမကိုက်ပါနှင့်ဟု ကြိုတင်သတိပေးထားပါ

၁၀ ကြည့်မိသမျှ ရုပ်ရှင်များကို စိတ်ပါလက်ပါလိုက်မခံစားပါနှင့် ရုပ်ရှင်ထဲမြင်မြင်သမျှ မှန်းမျှော်နေလျှင် လိုအပ်သည်ထက်ပိုသော ဆန္ဒဖြေခြင်းဖြစ်၍ ဒုက္ခရောက်နိုင်ပါသည်

၁၁ နံရံပလပ်ပေါက်များသည် မီးပလပ်ထိုးရန်အတွက်သာဖြစ်ပါသည်၊သင်တို့အတွက်မဟုတ်ပါ မရယ်ပါနှင့်၊အချို့သော အမျိုးကောင်းသားများသည် ဝါးလှည်းတောင်ဖြတ်မမောင်းရဲလောက်အောင်ဖြစ်သည် တွေ့ကရာစမ်းစမ်း စမ်းစမ်းနဲ့ လျှောက်မထိုးပါနှင့် ဓါတ်လိုက်၍သေတတ်ပါသည်၊လျှပ်စစ်မီးသည် ဆော့စရာမဟုတ်ပါ

၁၂ ဒုံးကျည်ထိပ်ဖူးအား လိုအပ်သည်ထက်ပို၍ သန့်ရှင်းရေးမပြုလုပ်ရပါ၊ရောင်ယမ်းပွန်းပဲ့ခြင်း၊အနာဖြစ်ခြင်း ဖြစ်နိုင်သည်

၁၃ မွေးကင်းစကလေးအနှီးထုပ်သလို ကျပ်ညပ်နေအောင်မထုပ်ထားရပါ မိမိနှင့် Fitဖြစ်သောအတွင်းခံကိုရွေးချယ်တတ်ပါစေ

၁၄ မတန်တဆ၊ကျပ်ညပ်နေရာတွင် အတင်းတိုးမဝင်ပါနှင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ကူးစက်ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်

၁၅ ကိုယ်နှင့်ထိုက်တန်သော အရွယ်အစားကိုသဘာဝမှပေးထားပြီးဖြစ်ပါတယ်။မတော်မရော်ကြီးချင်စိတ်ကိုထိန်းပါ၊ ထိုသို့ကြီးအောင် ဆေးလိမ်း ဆေးထိုးခြင်းများ ရှောင်ပါ။ လူသတ်ရန်၊ရိုက်ရန်အတွက်မဟုတ်ပါ၊အရွယ်အစားသည် အမြဲအဓိကမကျပါ

၁၆ စိုက်ခင်းမဟုတ်ပါ၊အမြဲရိတ်သိမ်းဖို့ ကြိုးစားမနေပါနှင့် အမွှေးအမှင်များသည် သဘာဝအတိုင်းပေးထားသော အကာအကွယ်ဖြစ်ပါသည်၊ရိတ်ချင်သပဆိုပါကလဲ ဓါးသွားအသန့်ဖြင့် ထိခိုက်ပြတ်ရှမှုမရှိအောင် ရိတ်ပါ ဤတွင် တန်ဖိုးကြီးသော ရတနာသိုက်အား မပြုလုပ်သင့်သည့်အရာများ တစ်ခန်းရပ်ပါပြီ အားလုံးပဲ ရတနာသိုက်ကြီးအား လုံခြုံဘေးကင်းစွာ စောင့်ရှောက်နိုင်ကြပါစေ credit Dr Ye Lwin

Leave a Reply

Your email address will not be published. Required fields are marked *