သင့္နာမည္ကို ေကာင္းလွၿပီဟု ထင္ေနပါသလား?
လွေနတယ္လို႔ေရာ ထင္ေနပါသလား?
ေန႔သင့္နံသင့္ဟုေရာ ထင္ေနပါသလား?
မိတ္ဖက္ေတြတြဲထားသလား?
ရန္ဘက္ေတြေရာတြဲမိေနသလား?
လူတစ္ေယာက္အတြက္ နာမည္သည္အေရးပါလွေပသည္။ လူရယ္ဟုျဖစ္လာၿပီဆို နာမည္တစ္ခုရွိဖို႔လိုအပ္ေပသည္။
တစ္ခ်ိဳ႕လဲႏွစ္ခု တစ္ခ်ိဳ႕ကသုံးခု ေလာက္ရွိမည္။ တစ္ခ်ိဳ႕ကမေရမတြက္နိုင္?? ထိုအေရးပါလွေသာနာမည္ကို ေမြးဖြားၿပီး မၾကာမွီတြင္ေပးတတ္ၾကသည္။
လူတစ္ခ်ိဳ႕ကအလြယ္ေပးသည္။ တစ္ခ်ိဳ႕ကေလးနက္စြာစဥ္းစားသည္။ တစ္ခ်ိဳ႕ကနားလည္တတ္ကၽြမ္းသူမ်ားႏွင့္တိုင္ပင္ၿပီးမွ ေပးေလ့ရွိၾကသည္။
ေန႔သင့္နံသင့္ေတြ လိုက္ဖက္မူေတြ လွပမူေတြ အထားအသို အညြန႔္အတက္ အခက္အေဝတို႔စုံလင္လွေပသည္။
တစ္ခ်ိဳ႕နာမည္မ်ားသည္ ေခၚလို႔ေကာင္းသည္ တစ္ခ်ိဳ႕နာမည္မ်ားသည္ေအးသည္ လွသည္ ။ တစ္ခ်ိဳ႕နာမည္မ်ားသည္လိုက္ဖက္သည္
(ျဖဴေဖြးဆိုတဲ့နာမည္ႏွင့္မဲတူးေနေသာလူမ်ားကို ျမင္ဖူးၾကေပမည္??) ။ တစ္ခ်ိဳ႕ကမာသည္ တစ္ခ်ိဳ႕ကေပ်ာ့သည္။
နာမည္နာမတစ္ခုေပးၿပီးသည္ႏွင့္ လြယ္လြယ္ႏွင့္ျပင္ဖို႔ခက္ေပသည္ ။ ထိုေၾကာင့္ နာမည္ေပးရာတြင္ ေသျခာစဥ္းစားဖို႔ေတာ့လိုေပသည္။
ေန႔သင့္နံသင့္နာမည္အစမ်ား
တနလၤာ က၊ခ၊ဂ၊ဃ၊င
အဂၤါ စ၊ဆ၊ဇ၊ဈ၊ည
ဗုဒၶဟူး ရ၊ယ၊လ၊ဝ
ၾကာသာပေတး ပ၊ဖ၊ဘ၊ဗ၊မ
ေသာၾကာ သ၊ဟ
စေန တ၊ထ၊ဒ၊ဓ၊န
တနဂၤေႏြ အ၊ဥ၊ဧ စသည္တို႔ျဖစ္သည္။
နာမည္တစ္ခုစီတိုင္းတြင္`ဗ်ည္း၊သရ´တို႔ျဖင့္တည္ေဆာက္ထားၿပီး ၎`ဗ်ည္း၊သရ´တို႔တြင္ ဂဏန္းတန္ဖိုးမ်ားသက္မွတ္ထားရွိၾကသည္။
ဗ်ည္း၊သရ တို႔၏ဂဏန္းတန္ဖိုးမ်ားကေတာ့
၁။ အ၊ဥ၊ေ၊ ါ၊ ိ၊ ီ၊ ု ၊ ူ ၊ ဲ၊ ံ့၊ ္၊ း ၊ တန္ဖိုးက ၈
၂။ က၊ခ၊ဂ၊ဃ၊င. တန္ဖိုးက ၅
၃။ စ၊ဆ၊ဇ၊ဈ၊ည. တန္ဖိုးက ၆
၄။ ယ၊ရ၊လ၊ဝ၊ ်(ယပင္း)၊ ျ (ယရစ္)၊ ြ(ဝဆြဲ) တန္ဖိုး၃
၅။ ပ၊ဖ၊ဘ၊ဗ၊မ. တန္ဖိုး ၁
၆။ သ၊ဟ၊ ွ(ဟထိုး) တန္ဖိုး ၂
၇။ တ၊ထ၊ဒ၊ဓ၊န. တန္ဖိုး ၇
၈။ ဋ၊ဌ၊ဍ၊ဃ၊ဏ. တန္ဖိုး ၄ တို႔ျဖစ္ၾကသည္။
နာမည္တစ္ခု၏`ဗ်ည္း၊သရ´ဂဏန္းတန္ဖိုးမ်ားကိုေပါင္းလိုက္ျခင္းအားျဖင့္ နာမည္တစ္ခု၏စုစုေပါင္းတန္ဖိုးကိုရရွိေပမည္။
ရရွိလာေသာစုစုေပါင္းတန္ဖိုးကို(၈)ဂဏန္းျဖင့္စားေသာ္ အႂကြင္းရရွိေပမည္။ ရရွိလာေသာအႂကြင္းမ်ားကိုမူတည္၍ နာမည္အေဟာမ်ားရွိေပသည္။
ထိုနာမည္အေဟာမ်ားသည္ ကုန္းေဘာင္ေခတ္ ေပမူ ပရပိုက္ တို႔မွျဖစ္ပါသည္။ သင့္နာမည္ေကာင္းမေကာင္းကိုတြက္ၾကည့္နိုင္ပါသည္။
ဥပမာ က်ေနာ့္နာမည္ေပါ့
ေဇာ္ေနလ =(၈+၆+၈+၈)+(၈+၇)+၃
= ၃၀+၁၅+၃
=၄၈
၄၈÷၈=.စားလဒ္(၈)၊အႂကြင္း(ဝ)ထိုေၾကာင့္ `ေဇာ္ေနလ´သည္အႂကြင္း(ဝ)ျဖစ္၍ `လင္းတ´နာမည္ျဖစ္သည္။
အႂကြင္း(၈)သိုမဟုတ္ (ဝ) `လင္းတ´နာမည္အေဟာ ?
`လင္းတ´နာမည္သည္ ငုပ္လိုက္ေပၚလိုက္ျဖစ္ေနမည္။ ကိုယ့္အႀကံအစည္ကိုသူမ်ားကလုၿပီးလုပ္ျခင္းခံရတတ္မည္။
အရွက္တကြဲျဖစ္ဖို႔လြယ္မည္။စိတ္မတည္ မၿငိမ္ျဖစ္ေနတတ္မည္။ဆရာသမား လူႀကီးမ်ားအတြက္အနစ္နာခံရမည္။
အႂကြင္း(၁)`တံခြန္´နာမည္အေဟာ?
`တံခြန္´နာမည္မ်ိဳးေခၚတြင္ခံရသူမ်ားသည္ေက်ာ္ၾကားေသာေအာင္ျမင္သူမ်ားျဖစ္သည္။ အႏုပညာျဖင့္ေအာင္ျမင္လိမ့္မည္။
လူအမ်ားႏွင့္ဆက္ႏြယ္ပက္သက္ေနၿပီး အမ်ားကိုႀကီးၾကပ္ကြပ္ကဲအုပ္ခ်ဳပ္လုပ္ကိုင္ရသူျဖစ္မည္။ တစ္ခုထက္မကေသာ အလုပ္အကိုင္မ်ားကို
တစ္ၿပိဳင္တည္းလုပ္ကိုင္ရသူျဖစ္မည္။ ေသလၽွင္ေသာ္မွနာမည္က်န္ရစ္မည္။ ၎နာမည္မ်ိဳးမ်ားသည္အတ္ုက္အခံႏွင့္ယွဥ္၍ေအာင္ျမင္တတ္ၾက၏။
အႂကြင္း(၂)`အခိုး´နာမည္အေဟာ?
`အခိုး´နာမည္သည္ၾသဇာအာဏာတည္တံ၏။ ဘဝတစ္ေလၽွာက္လုံးတိုးတက္သည္ထက္ တိုးတက္ေအာင္စနစ္တက်လုပ္တတ္၏။
လူအမ်ားႏွင့္စပ္ဆိုင္ေသာအလုပ္မ်ားကို လုပ္တတ္၏။လုပ္ခ်င္သည့္လုပ္ငန္းကိစၥမ်ားကိုမျဖစ္မေနလုပ္တတ္၏။
အႂကြင္း(၃)`ျခေသၤ့´နာမည္အေဟာ?
`ျခေသၤ့ ´နာမည္သည္လူသိမ်ားမည္။ေနရာမရ ရေအာင္ႀကိဳးစားမည္။ထင္ေပၚေက်ာ္ၾကားလူသိမ်ားမည္။ အာဏာတန္ခိုးႀကီးမည္ ထိပ္ကိုေရာက္ၿပီးျပန္ဆင္းတတ္သည္။
အႂကြင္း(၄)`က်ား´နာမည္အေဟာ?
`က်ား´နာမည္သည္အတက္အက်ျမန္တတ္၏။ ကံတရားသည္ ဘီးကဲ့သိ့ု ေကာင္းတာလုပ္လၽွင္ေကာင္းက်ိဳးခံစားရမည္။ဆိုးတာလုပ္လၽွင္ဆိုးက်ိဳးခံစားရမည္ျဖစ္၏။
အတိုက္အခံယွဥ္၍အက်ိဳးေပးတတ္၏။စိတ္ကူးကိုအေကာင္အထည္ေဖာ္တတ္၏။
အႂကြင္း(၅)`ႏြားနာမည္အေဟာ?
`ႏြား´နာမည္ရွင္သည္လူအမ်ား၏အသုံးခ်ျခင္းကိုခံရလိမ့္မည္။အမ်ားအတြက္အနစ္နာခံရမည္။အခြင္အလမ္းေကာင္းမ်ားေတြ႕မည္။ရန္သူ၏အတိုက္အခိုက္ခံရမည္။
အႂကြင္း(၆)`ျမင္း´နာမည္အေဟာ?
`ျမင္း´နာမည္သည္အလုပ္အမ်ိဳးမ်ိဳးတို႔ကိုလုပ္ရမည္။လႈပ္ရွားမႈမ်ားမည္။ အတက္အက်အျမဲရွိတတ္သည္။ေသးငယ္ေသာျပႆနာမွႀကီးမားေသာမႈခင္းမ်ားအထိျဖစ္တတ္သည္။
အႂကြင္း(၇)`ဆင္´နာမည္အေဟာ?
`ဆင္´နာမည္သည္ေရရွည္စီမံကိန္းခ်ၿပီးလုပ္ရသည့္ လုပ္ငန္းမ်ားတြင္ေအာင္ျမင္အက်ိဳးေပးမည္။ ဘဝကိုတည္ ၿငိမ္ေအးခ်မ္းစြာ ေလၽွာက္လွမ္းရမည္။ ေဖ်ာ္ေျဖမႈအႏုပညာလုပ္ငန္းမ်ားျဖင့္ အက်ိဳးေပးမည္။
ကဲမိတ္ေဆြတို႔လည္းမိမိတို႔နာမည္ကိုတြက္ခ်က္ၾကည့္နိုင္ေပမည္။ မိဘ ေမာင္ႏွမ ေဆြမ်ိဳး သူငယ္ခ်င္း နီးစပ္သူမ်ားကိုလည္းတြက္ခ်က္ေပး၍ မန္းရွင္းေခၚေပးနိုင္ေလၿပီ။
Unicode Version
သင့်နာမည်ကို ကောင်းလှပြီဟု ထင်နေပါသလား?
လှနေတယ်လို့ရော ထင်နေပါသလား?
နေ့သင့်နံသင့်ဟုရော ထင်နေပါသလား?
မိတ်ဖက်တွေတွဲထားသလား?
ရန်ဘက်တွေရောတွဲမိနေသလား?
လူတစ်ယောက်အတွက် နာမည်သည်အရေးပါလှပေသည်။ လူရယ်ဟုဖြစ်လာပြီဆို နာမည်တစ်ခုရှိဖို့လိုအပ်ပေသည်။
တစ်ချို့လဲနှစ်ခု တစ်ချို့ကသုံးခု လောက်ရှိမည်။ တစ်ချို့ကမရေမတွက်နိုင်?? ထိုအရေးပါလှသောနာမည်ကို မွေးဖွားပြီး မကြာမှီတွင်ပေးတတ်ကြသည်။
လူတစ်ချို့ကအလွယ်ပေးသည်။ တစ်ချို့ကလေးနက်စွာစဉ်းစားသည်။ တစ်ချို့ကနားလည်တတ်ကျွမ်းသူများနှင့်တိုင်ပင်ပြီးမှ ပေးလေ့ရှိကြသည်။
နေ့သင့်နံသင့်တွေ လိုက်ဖက်မူတွေ လှပမူတွေ အထားအသို အညွန့်အတက် အခက်အဝေတို့စုံလင်လှပေသည်။
တစ်ချို့နာမည်များသည် ခေါ်လို့ကောင်းသည် တစ်ချို့နာမည်များသည်အေးသည် လှသည် ။ တစ်ချို့နာမည်များသည်လိုက်ဖက်သည်
(ဖြူဖွေးဆိုတဲ့နာမည်နှင့်မဲတူးနေသောလူများကို မြင်ဖူးကြပေမည်??) ။ တစ်ချို့ကမာသည် တစ်ချို့ကပျော့သည်။
နာမည်နာမတစ်ခုပေးပြီးသည်နှင့် လွယ်လွယ်နှင့်ပြင်ဖို့ခက်ပေသည် ။ ထိုကြောင့် နာမည်ပေးရာတွင် သေခြာစဉ်းစားဖို့တော့လိုပေသည်။
နေ့သင့်နံသင့်နာမည်အစများ
တနင်္လာ က၊ခ၊ဂ၊ဃ၊င
အင်္ဂါ စ၊ဆ၊ဇ၊ဈ၊ည
ဗုဒ္ဓဟူး ရ၊ယ၊လ၊ဝ
ကြာသာပတေး ပ၊ဖ၊ဘ၊ဗ၊မ
သောကြာ သ၊ဟ
စနေ တ၊ထ၊ဒ၊ဓ၊န
တနင်္ဂနွေ အ၊ဥ၊ဧ စသည်တို့ဖြစ်သည်။
နာမည်တစ်ခုစီတိုင်းတွင်`ဗျည်း၊သရ´တို့ဖြင့်တည်ဆောက်ထားပြီး ၎င်း`ဗျည်း၊သရ´တို့တွင် ဂဏန်းတန်ဖိုးများသက်မှတ်ထားရှိကြသည်။
ဗျည်း၊သရ တို့၏ဂဏန်းတန်ဖိုးများကတော့
၁။ အ၊ဥ၊ေ၊ ါ၊ ိ၊ ီ၊ ု ၊ ူ ၊ ဲ၊ ံ့၊ ်၊ း ၊ တန်ဖိုးက ၈
၂။ က၊ခ၊ဂ၊ဃ၊င. တန်ဖိုးက ၅
၃။ စ၊ဆ၊ဇ၊ဈ၊ည. တန်ဖိုးက ၆
၄။ ယ၊ရ၊လ၊ဝ၊ ျ(ယပင်း)၊ ြ (ယရစ်)၊ ွ(ဝဆွဲ) တန်ဖိုး၃
၅။ ပ၊ဖ၊ဘ၊ဗ၊မ. တန်ဖိုး ၁
၆။ သ၊ဟ၊ ှ(ဟထိုး) တန်ဖိုး ၂
၇။ တ၊ထ၊ဒ၊ဓ၊န. တန်ဖိုး ၇
၈။ ဋ၊ဌ၊ဍ၊ဃ၊ဏ. တန်ဖိုး ၄ တို့ဖြစ်ကြသည်။
နာမည်တစ်ခု၏`ဗျည်း၊သရ´ဂဏန်းတန်ဖိုးများကိုပေါင်းလိုက်ခြင်းအားဖြင့် နာမည်တစ်ခု၏စုစုပေါင်းတန်ဖိုးကိုရရှိပေမည်။
ရရှိလာသောစုစုပေါင်းတန်ဖိုးကို(၈)ဂဏန်းဖြင့်စားသော် အကြွင်းရရှိပေမည်။ ရရှိလာသောအကြွင်းများကိုမူတည်၍ နာမည်အဟောများရှိပေသည်။
ထိုနာမည်အဟောများသည် ကုန်းဘောင်ခေတ် ပေမူ ပရပိုက် တို့မှဖြစ်ပါသည်။ သင့်နာမည်ကောင်းမကောင်းကိုတွက်ကြည့်နိုင်ပါသည်။
ဥပမာ ကျနော့်နာမည်ပေါ့
ဇော်နေလ =(၈+၆+၈+၈)+(၈+၇)+၃
= ၃၀+၁၅+၃
=၄၈
၄၈÷၈=.စားလဒ်(၈)၊အကြွင်း(ဝ)ထိုကြောင့် `ဇော်နေလ´သည်အကြွင်း(ဝ)ဖြစ်၍ `လင်းတ´နာမည်ဖြစ်သည်။
အကြွင်း(၈)သိုမဟုတ် (ဝ) `လင်းတ´နာမည်အဟော ?
`လင်းတ´နာမည်သည် ငုပ်လိုက်ပေါ်လိုက်ဖြစ်နေမည်။ ကိုယ့်အကြံအစည်ကိုသူများကလုပြီးလုပ်ခြင်းခံရတတ်မည်။
အရှက်တကွဲဖြစ်ဖို့လွယ်မည်။စိတ်မတည် မငြိမ်ဖြစ်နေတတ်မည်။ဆရာသမား လူကြီးများအတွက်အနစ်နာခံရမည်။
အကြွင်း(၁)`တံခွန်´နာမည်အဟော?
`တံခွန်´နာမည်မျိုးခေါ်တွင်ခံရသူများသည်ကျော်ကြားသောအောင်မြင်သူများဖြစ်သည်။ အနုပညာဖြင့်အောင်မြင်လိမ့်မည်။
လူအများနှင့်ဆက်နွယ်ပက်သက်နေပြီး အများကိုကြီးကြပ်ကွပ်ကဲအုပ်ချုပ်လုပ်ကိုင်ရသူဖြစ်မည်။ တစ်ခုထက်မကသော အလုပ်အကိုင်များကို
တစ်ပြိုင်တည်းလုပ်ကိုင်ရသူဖြစ်မည်။ သေလျှင်သော်မှနာမည်ကျန်ရစ်မည်။ ၎င်းနာမည်မျိုးများသည်အတ်ုက်အခံနှင့်ယှဉ်၍အောင်မြင်တတ်ကြ၏။
အကြွင်း(၂)`အခိုး´နာမည်အဟော?
`အခိုး´နာမည်သည်သြဇာအာဏာတည်တံ၏။ ဘဝတစ်လျှောက်လုံးတိုးတက်သည်ထက် တိုးတက်အောင်စနစ်တကျလုပ်တတ်၏။
လူအများနှင့်စပ်ဆိုင်သောအလုပ်များကို လုပ်တတ်၏။လုပ်ချင်သည့်လုပ်ငန်းကိစ္စများကိုမဖြစ်မနေလုပ်တတ်၏။
အကြွင်း(၃)`ခြင်္သေ့´နာမည်အဟော?
`ခြင်္သေ့ ´နာမည်သည်လူသိများမည်။နေရာမရ ရအောင်ကြိုးစားမည်။ထင်ပေါ်ကျော်ကြားလူသိများမည်။ အာဏာတန်ခိုးကြီးမည် ထိပ်ကိုရောက်ပြီးပြန်ဆင်းတတ်သည်။
အကြွင်း(၄)`ကျား´နာမည်အဟော?
`ကျား´နာမည်သည်အတက်အကျမြန်တတ်၏။ ကံတရားသည် ဘီးကဲ့သို့ ကောင်းတာလုပ်လျှင်ကောင်းကျိုးခံစားရမည်။ဆိုးတာလုပ်လျှင်ဆိုးကျိုးခံစားရမည်ဖြစ်၏။
အတိုက်အခံယှဉ်၍အကျိုးပေးတတ်၏။စိတ်ကူးကိုအကောင်အထည်ဖော်တတ်၏။
အကြွင်း(၅)`နွားနာမည်အဟော?
`နွား´နာမည်ရှင်သည်လူအများ၏အသုံးချခြင်းကိုခံရလိမ့်မည်။အများအတွက်အနစ်နာခံရမည်။အခွင်အလမ်းကောင်းများတွေ့မည်။ရန်သူ၏အတိုက်အခိုက်ခံရမည်။
အကြွင်း(၆)`မြင်း´နာမည်အဟော?
`မြင်း´နာမည်သည်အလုပ်အမျိုးမျိုးတို့ကိုလုပ်ရမည်။လှုပ်ရှားမှုများမည်။ အတက်အကျအမြဲရှိတတ်သည်။သေးငယ်သောပြဿနာမှကြီးမားသောမှုခင်းများအထိဖြစ်တတ်သည်။
အကြွင်း(၇)`ဆင်´နာမည်အဟော
`ဆင်´နာမည်သည်ရေရှည်စီမံကိန်းချပြီးလုပ်ရသည့် လုပ်ငန်းများတွင်အောင်မြင်အကျိုးပေးမည်။ ဘဝကိုတည် ငြိမ်အေးချမ်းစွာ လျှောက်လှမ်းရမည်။ ဖျော်ဖြေမှုအနုပညာလုပ်ငန်းများဖြင့် အကျိုးပေးမည်။
ကဲမိတ်ဆွေတို့လည်းမိမိတို့နာမည်ကိုတွက်ချက်ကြည့်နိုင်ပေမည်။ မိဘ မောင်နှမ ဆွေမျိုး သူငယ်ချင်း နီးစပ်သူများကိုလည်းတွက်ချက်ပေး၍ မန်းရှင်းခေါ်ပေးနိုင်လေပြီ။