ၾကားသိရသမွ်

ဆရာဖြစ်သူ ဇာဂနာ ပေးထားတဲ့ နာမည်ကိုတော့ လာမထိကြနဲ့ မရိုင်းချင်ဘူးလို့ စိန်သီးပြောလာ…

ဆရာဖြစ်သူ ဇာဂနာ ပေးထားတဲ့ နာမည်ကိုတော့ လာမထိကြနဲ့ မရိုင်းချင်ဘူးလို့ စိန်သီးပြောလာ…

နိုင်ငံရေးကိုပဲအဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။

သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ကြယ်သီး ဟာ စစ်ကောင်စီ ရဲ့ အစီအစဥ်တစ်ခုမှာပါဝင်နေပြီး ပြည်သူတွေရဲ့ဆန်ကျင်ဘက်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမယ့်လဲ သီးလေးသီးအဖွဲ့ဆိုတဲ့ နာမည်ကိုတော့ မထိခိုက်စေချင်တဲ့အကြောင်းကို အခုလိုပဲမေတ္တာ ရပ်ခံလာခဲ့ပါတယ်။

” ငါမရိုင်းချင်ဘူးနော် ငါအေးအေးဆေးဆေး တော်လှန်ရေးလုပ်နေတာ သီးလေးသီးဆိုပြီး‌ခေါင်းစဉ် တတ်ပြီးသိမ်းကျုံးပြီးမပြောကြနဲ့

ငါမကောင်းရင် ငါ့နံမည်တတ်ပြီးပြော ကြယ်သီးမကောင်းရင်ကြယ်သီးနံမည်တတ်ပြီးပြော

ပန်းသီးမကောင်းရင်ပန်းသီးနံမည်တတ်ပြီးပြော ဇီးသီးမကောင်းရင် ဇီးသီးနံမည်တတ်ပြီးပြောလို့ရတယ်

သီးလေးသီး ဆိုတဲ့အဖွဲ့စည်းကိုတော့လာမထိနဲ့ ဒီနံမည်ကငါဆရာသမား ဇာဂနာ ပေးထားတဲ့နံမည်

ပေါက်လိုပဲစား ရထားတာမဟုတ်ဘူး ဘဝတွေနဲ့လည်းပြီးရထားတဲ့နံမည် ….. သမိုင်းရှိခဲ့တဲ့နံမည်အခုငါတစ်ယောက်ထဲ ငါ့သမိုင်းငါရေးနေတာ

ဘယ်သူကမှခိုင်းလို့လုပ်နေတာမဟုတ်ဘူး ငါ့အသိစိတ်နဲ့ငါလုပ်နေတာအခုမှ စိန်သီး ဆိုတာ

ပေါ်လာတာမဟုတ်ဖူး ၈၈ ကော ၂၀၀၇ ကောအခု ၂၀၂၁ ကော ငါ့အသိစိတ်နဲ့ ပြည်သူ့ဘက်ရပ်တည်နေတာနံမည်ကြီးချင်လို့လုပ်နေတာမဟုတ်ဘူးကွ …

တော်လှန်ရေးလုပ်တယ်ဆိုရင် တော်လှန်ရေးဘဲလုပ်ကြပါ သေနတ်ရှိသူက သေနတ်နဲ့တိုက်ရမှာဘဲ ငါတို့အနုပညာသမားတွေက ပါးစပ်ရှိတယ်

ပါးစပ်နဲ့တိုက်ရမှာ သူတို့လဲသူတို့သမိုင်းသူတို့ရေးတာ အပြစ်တွေကြီးဘဲပြောနေမယ်ဆိုရင် ဒီတော်လှန်ရေးကြီးကပြီးတော့မှာမဟုတ်ဘူးပြောမယ်ဆိုရင်လဲ

ဂဃနဏ ပြောကြ ဂဃနဏ လုပ်ကြကိုယ့်သမိုင်းကိုယ်ရေးကြ သူများ သမိုင်း ဝင်မရေးကြနဲ့ ဒါပဲပြောချင်တယ် တစ်ဖက်က ဝမ်းသာအောင်မလုပ်ကြပါနဲ့

ရေးတဲ့သူတွေကလဲ သေသေခြာခြာ စုံစမ်းပြီးမှာရေးကြပါ။ တစ်ယောက်ထဲ ပြည်သူ့ဘက်ကတော်လှန်ရေးတိုက်ပွဲဝင်နေတဲ့….. ” လို့

သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို ပြန်လည်မျှဝေပေးလိုက် ရပါတယ်နော်…။

Credit

Unicode,



















Credit

Leave a Reply

Your email address will not be published. Required fields are marked *