ဗေဒင်

19.Aug.2022 မှ 24.Aug.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

19.Aug.2022 မှ 24.Aug.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း မိမိအတွက် တတ်နိုင်သမျှ အသစ်တွေအကောင်အထည်ဖော်လို့မကောင်းသေးပါ။ လက် ရှိအနေအထားကိုကြည့်ပြီးမီးစင်ပြီးကရမှာဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အနည်းငယ်ကုန်တတ်ပါတယ်။ မိမိ ကျန်းမာရေးကြောင့်ဒါမှမဟုတ် မိသားစုကျန်းမာရေးကြောင့်ငွေကုန်တတ်ပါတယ်။ အပေါင်းအသင်းတွေရဲ့ဆန္ဒကို သိပ်မ

လိုက်လျောမိပါစေနဲ့။အပေါင်းအသင်းတွေကြောင့် ဒုက္ခရောက်နေတတ်တဲ့ကာလဖြစ်နေလို့ပါပဲ။ လောင်းက စားသမားများ လက်မကြီးပါနဲ့။ လောဘကြီးလေ ပိုကုန်လေပါပဲ။ အိမ်တွင်းရေးကိစ္စတွေနဲ့ အလုပ်ကိစ္စတွေနဲ့ မရော ထွေးမိဖို့လိုပါတယ်။ အလုပ်ကောင်းပေမဲ့ ခက်ခဲတဲ့အလုပ်တွေ၊ တာဝန်ယူတာဝန်ခံရတဲ့အလုပ်တွေ၊ အန္တရာယ်ရှိတဲ့ အလုပ်တွေ မိမိကိုတာဝန်ပေးတာမျိုးတွေခံရလေ့ရှိပါတယ်။ ကောင်းတဲ့အချက်က အိမ်တွင်းရေး မိသားစုအရေး သာယာပါတယ်။ လူအများနဲ့ လုပ်ရတဲ့အလုပ်တွေ ကောင်းသောရလဒ်ထွက်နိုင်ပါတယ်။ ရပ်ဝေးကိစ္စများ၊ ရပ်ဝေး

က ချိတ်ဆက်လုပ်ရသောမည်သည့်ကိစ္စမဆို ပေါ့ပေါ့မထင်ပါနဲ့။ ရပ်ဝေးကပစ္စည်းမှာတယ်ဆို ကုန်တွေကြန့်ကြာတာမျိုး တွေဖြစ်တတ်ပါတယ်။အချစ်ရေးမှာတော့ စန်းအားကောင်းတယ်။ ချစ်သူရဲ့ အလိုလိုက်ခြင်းခံရတတ်ပါတယ်။ ပညာ ရေးကတော့ ထင်သလောက်မထွန်းပေါက်သေးတဲ့ကာလဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ၁၊၃၊၅

အထူးဟော အနည်းငယ် ရှုပ်ထွေးမှုများတဲ့ကာလပါပဲ။

ယတြာ စမူဆာနဲ့ ပေါက်ဆီ တွဲပြီးဘုရားကပ်ပေးပါ

#တနင်္လာ

ဒီကာလအတွင်း ငွေကထွက်သွားလိုက်၊ပြန်ဝင်လာလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ငွေကုန်ရတဲ့ အကြောင်းအရေးကတော့ မိမိကျန်းမာရေး(သို့) မိသားစုကျန်းမာရေးကြောင့်ငွေကုန်ကြေးကျများရတတ်ပါတယ်။ ငွေဝင်ရတဲ့ကိစ္စကတော့ အကြွေးရလို့ဖြစ်စေ၊ မိမိလှောင်ကုန်တွေဈေးကောင်းရတာမျိုးဖြစ်စေ၊ အရင်ကကျေးဇူးပြု ဖူးသူက ကျေးဇူးဆပ်လို့ဖြစ်စေ ငွေဝင်တတ်ပါတယ်။ လူငယ်များကတော့ အိမ်မှာမနေချင်ဘဲ စွန့်စားလိုစိတ်တွေ၊ တစ်နေ

ရာရာထွက်သွားချင်စိတ်တွေများနေတတ်ပါတယ်။ အလုပ်တွေမှာတော့ စပ်တူအလုပ်တွေဆို မိမိနဲ့အတူလုပ် သူကျန်းမာရေးအားနည်းမှုကြောင့် မိမိအပေါ်တာဝန်တွေပိုပိနေတတ်ပါတယ်။ ဝန်ထမ်း လခစားဆိုလဲ အဲအတိုင်းပဲ သူများတာဝန်တွေကို မိမိကကူညီရတတ်ပါတယ်။ မိမိမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေဖျားတာနာတာမျိုးတွေ အလွန်ဖြစ်တတ်ပါတယ်။အလုပ်ကြောင့် အခြားလူမှုရေးကိစ္စတွေလစ်ဟင်းရတတ်ပါတယ်။ သတိထားရမှာကမိမိ ကောင်းတာလုပ်မယ်ဆိုရင်ဖြစ်စေ၊ ကုသိုလ်ဒါနလုပ်မယ်ဆိုရင်ဖြစ်စေ အဖျက်ဝင်တတ်ပါတယ်။ အချစ်ရေးကိစ္စတွေ

မှာတော့ သံယောဇဉ်တွေကို ဖြတ်ချင်နေမိတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်ကို အနည်းနဲ့အများ စိတ်ကုန်နေတာမျိုးတွေ့ရပါတယ်။ ပညာရေးကတော့ နောက်ထပ်အသစ်တစ်ခုထပ်သင်ချင်တာမျိုးအထူးကောင်း ပါတယ်။ ပညာသစ်ရဖို့ စတင်ကြုံ
လွယ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၈/၆/၉

အထူးဟော ကံအကောင်းအဆိုးမျှပါတယ်။

ယတြာ တိရစ္ဆာန်လေးတွေကိုအစာကျွေးပါ

#အင်္ဂါ

အထုပ်အထည်နဲ့ငွေဝင်တာမျိုးဖြစ်စေ၊ လက်ဆောင်ကောင်းရတာဖြစ်စေ၊ အလုပ်ကနေ အကျိုးအမြတ်ရ တာမျိုးဖြစ်စေ ကြုံရတတ်ပါတယ်။ အောက်လက်ငယ်သားတွေကိုအထူးအားကိုးရတတ်ပါတယ်။ စက်ပစ္စည်း ကောင်းတွေဝင်တတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့အကူအညီတွေရမယ်။ ကောင်းသောစကား၊ချိုသာသော စကား၊မှန်သော

စကားကိုပြောခြင်းဖြင့် ကံကောင်းမှုတွေဒီအပတ်ရနိုင်ပါတယ်။ ကျန်းမာရေးဆိုးနေတာတွေဒီအပတ် ထဲကြုံရလိမ့်မယ်ဗျ။ အစားအသောက်ဆင်ခြင်ပါ။ အအေးပတ်တာမျိုးလဲ ဖြစ်တတ်တာမို့ နွေးနွေးထွေးထွေးနေပါ။ ချောင်းဆိုးတာမျိုးတွေအထူးဖြစ်တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးကောင်းသောရလဒ်တွေရတတ်ပါတယ်။ အောက်လက်ငယ်သားသားသမီးတွေကန်တော့တာမျိုးဖြစ်စေ၊ ကျေးဇူးရှိလို့ လာကန်တော့တာမျိုးတွေအထူးကြုံရ တတ်ပါတယ်။

အချစ်ရေးမှာတော့ အကြီးအကဲမိဘတွေနဲ့ဆက်နွယ်ပြီး ချစ်သူနဲ့စကားများရတတ်ပါတယ်။ တတ်နိုင် သမျှချစ်သူနဲ့စကားပြောဖြစ်တဲ့အခါ သူမိဘတွေကိုမဝေဖန်မိပါစေနဲ့။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေပေမဲ့ အိမ်ထောင်ဘက်လဲ ကျန်းမာရေးညံ့နေနိုင်တယ်လို့ ကံကပြတာမို့ ဂရုစိုက်ပေးဖို့လိုပါတယ်။ ပညာရေးမှာတော့ ပညာ ထက် အခြားကိစ္စတွေကိုအာရုံစိုက်နေတာမို့ ပညာရေးလစ်ဟင်းတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၇

အထူးဟော အလုပ်အတွက် အခွင့်အလမ်းကောင်းတွေရလာတတ်ပါတယ်။

ယတြာ အရင်းနှီးဆုံးမိတ်ဆွေတွေကို သစ်သီးဝယ်ကျွေးလိုက်ပါ။

#ဗုဒ္ဓဟူး/ရာဟု

အနည်းငယ်တော့ ပင်ပန်းရတတ်ပါတယ်ဗျ။ ကံအညံ့အဆိုးများတယ်လို့ပြောလဲရတယ်။ ဗုဒ္ဓဟူးထက်ရာဟု သားသမီးတွေကံပိုအားနည်းနေနိုင်တယ်ဗျ။ အလုပ်ကိုအကြောင်းပြုပြီး စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။ အမွေဆိုင်ကိစ္စများ၊ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေနဲ့ပတ်သက်သောကိစ္စများအထူးပြဿနာကြုံရတတ်ပါတယ်။ အထူး

သတိထားရမှာက အနီးအနားမှာမိမိကိုမနာလိုသူတွေ၊ ချောက်ချလိုသူတွေများနေတတ်ပါတယ်။ လက်မှတ် ထိုးတာကအစ လုပ်ရိုးလုပ်စဉ်မဟုတ်ရင်သတိထားပြီး လက်မှတ်ထိုးစေချင်ပါတယ်။ အကြွေးပူတွေရှိနေသူများ အကြွေးရှင်က အရှက်ခွဲတာမျိုးခံရတတ်ပါတယ်။ ကံကောင်းတဲ့အချက်က မိသားစုတွေစည်းလုံးညီညွတ်စွာ ပြဿနာတွေကိုဖြေရှင်းနိုင်ပါလိမ့်မယ်။ သတိထားရမှာက ကြားကအကျိုးဆောင်ပေးတာမျိုး၊ အာမခံပေးတာမျိုး ရှင်းရှင်းပြော

ရရင် ဘယ်သူကြားမှမဝင်သင့်တဲ့ကာလပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ရင်ကြပ် တာမျိုး၊ မောပန်းလွယ်တာမျိုးတွေအထူးဖြစ်တတ်ပါတယ်။ အချစ်ရေးအတွက်ကောင်းသော အကူအညီတွေချစ်သူ ဆီကရလာ တတ်ပါတယ်။ အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးငွေဝင်တာမျိုးတွေကြုံရတတ်ပါတယ်။ ပညာရေး မှာတော့ ဆရာဆိုးတွေနဲ့ ကြုံရ ဆုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၆/၈

အထူးဟော အနည်းငယ်ကံအင်အားနည်းနေတာတွေ့ရပါတယ်။

ယတြာ အားဆေးနဲ့ဆွမ်း ရဟန်းတစ်ပါးကို လောင်းလှူပေးပါ။

#ကြာသပတေး

ဒီတစ်ပတ်အတွင်း ကောင်းတာရောဆိုးတာရောနှစ်ခုစလုံးတလှည့်ဆီကြုံရတတ်ပါတယ်။ အလုပ်ပိုတွေများ နေတတ်ပေမဲ့ သည်းခံပြီးလုပ်ပေးပါ။ သည်းမခံရင်ပြဿနာတတ်ပြီးထုကြရိုက်ကြသည်အထိဖြစ်တတ်ပါတယ်။ အရာရာသည်းခံနိုင်လေ ဒီအပတ်အတွင်း အဆင်ပြေလေပါပဲ။ တတ်နိုင်သမျှခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလိုနေပါ။ မိမိကိုမခံ

ချင်အောင် ဆွပေးတဲ့သူတွေရှိနေတတ်ပါတယ်။ ဥာဏ်ကြီး ပညာကြီးသူတွေဒီကာလက အဆိုးမရှိနိုင်ပါ။ ငွေကြေးအထွက်များနေတတ်ပါတယ်။တတ်နိုင်သမျှ မလိုအပ်တာတွေကိုတော့ မဝယ်သင့်တဲ့ကာလပဲဖြစ်ပါတယ်။ ကိုယ်ပို

င်စီးပွားရေးလုပ်ကိုင်ကြသူများ အလုပ်ထဲမှာငွေတွေမြုပ်နေတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ငွေတွေပြန်စု မရတာမျိုးတွေဖြစ်နိုင်ပါတယ်။အလုပ်များနေသူများ ပိုမိုအလုပ်ရှုပ်ပြီး အိုတီဆင်းပြီးလုပ်ရလိမ့်မယ်။ ကျန်းမာရေး ကတော့ အထွေအထူးမညံ့ပေမဲ့ အရက်ကြောင့်ဖြစ်စေ၊အငန်အစားများ၍ဖြစ်စေကျန်းမာရေးညံ့တတ်ပါတယ်။ အချစ်ရေးအ

တွက် စွန့်စားလိုစိတ်တွေပြင်းထန်နေတတ်ပါတယ်။ အချစ်ရေးမှာအရာရာချင့်ချိန်ပြီးမှဆောင်ရွက်စေ ချင်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စီးပွားရေးအပေါ် အာရုံစိုက်လုပ်နေတဲ့ အိမ်ထောင်ဘက်ဆိုရင်တော့ ကိုယ်က တတ်နိုင်သလောက်ပံ့ပိုးကူညီပေးလိုက်ပါ။ ပညာရေးကံအားကောင်းပေမဲ့ သင်ယူလိုစိတ်မိမိကကုန်ခမ်းနေတတ်ပါ တယ်။

အကျိုးပေးဂဏန်း ၂/၀/၇

အထူးဟော ကျန်းမာရေးတော့ ဂရုစိုက်ပါ။ မတည့်တာ မစားပါနဲ့။

ယတြာ နန်းကြီးသုပ်တစ်ပွဲ ဘုရားကပ်လှူပေးပါ။

#သောကြာ

တတ်နိုင်သ၍ စိတ်ကောင်းထားပါ။ ကံကောင်းခြင်းတွေအထူးရရှိပါလိမ့်မယ်။ ငွေကြေးအကူအညီတွေရလာ ဖွယ်ရှိသလို လုပ်သမျှအဆင်ပြေဖို့ လမ်းစတွေပေါ်လာတတ်ပါတယ်။ စေ့စပ်သေချာစွာလုပ်တတ်သူတွေ ပိုမိုအဆင် ပြေလွယ်ကူတတ်တာကိုတွေ့ရပါတယ်။ ငွေကို ကြိုးစားရှာပါ။ အလုပ်ကိုအားစိုက်လုပ်ကိုင်ဆောင်ရွက်ပါ။ တတ်သိ နားလည်သူတွေကို အကြံဥာဏ်တောင်းပါ။ အလုပ်ရှာနေသူများအလုပ်ရတတ်ပါတယ်။ နိုင်ငံခြားကိစ္စများ၊ရပ်ဝေး

ကိစ္စများ အဆင်ပြေတတ်ပါတယ်။ ဒီတစ်ပတ်မှာငြိမ်နေတာထက် အလှုပ်အရှားများတာမျိုးတွေ၊ တတ်နိုင်သမျှတိုး ချဲ့လုပ်တာမျိုးတွေကို ဆောင်ရွက်သင့်ပါတယ်။ မိသားစုစီးပွားများ ကောင်းစွာတိုးတတ်လာလိမ်မ့ယ်။ ငွေကံကောင်း ပေမဲ့ မဖြစ်မနေ ဝယ်ခြမ်းရမဲ့ ပစ္စည်းတွေကို ဝယ်ရတာကြောင့် ငွေကုန်စရာများနေနိုင်ပါတယ်။ ခရီးဝေးသွားချင်သူ များ ကောင်းသောခရီး၊အဆင်ပြေသောခရီးဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကောင်းတဲ့အချိန်ဖြစ်တာမို့ ကိုယ်လ

က်ပေါ့ ပါးကြည်လင်နေပါလိမ့်မယ်။ သွေးအားကောင်းပြီး ကျန်းမာနေမဲ့ကာလပဲဖြစ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ထင်သလောက် အဆင်မပြေနိုင်သေးပါ။ ချစ်သူနဲ့နားလည်မှုလွဲနေတာလေးတွေများနေနိုင်ပါတယ်။ အိမ်ထောင်ရေး ကတော့ အိမ်ထောင်ဘက်ရဲ့အမျိုးတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။ ပညာရေးအတွက်အဘက်ဘ

က်ကစိတ်ချမ်း
သာရလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၃/၆

အထူးဟော ကံမြင့်မားနေမယ်။

ယတြာ ဩဇာသီးဘုရားကပ်လှူပေးပါ။

#စနေ

ဒီအပတ်ထဲ မိမိဆန္ဒတွေ၊မိမိရည်ရွယ်ထားတာတွေပြည့်ဝလာပါလိမ့်မယ်။ရစရာရှိတဲ့အကြွေးတွေရလာ တတ်သလို ပေးစရာရှိတဲ့ ကြွေးမြီးတွေလဲ ပေးနိုင်ပါလိမ့်မယ်။ လုပ်ငန်းရှင်ဆို ဝန်ထမ်းတွေကြောင့် လုပ်ငန်းပိုမိုတိုး တတ်မဲ့ကာလပါပဲ။ အလုပ်များနေပေမဲ့ အလုပ်မှာပျော်ပျော်ရွှင်ရွှင်နဲ့လုပ်နိုင်မဲ့ကာလဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းပေမဲ့ အပူဓာတ်အားကြီးတာမို့ အပူအအေးမျှတအောင်နေထိုင်ပါ။ ခရီးတိုလေးတွေသွားရတတ်ပါတယ်။ မိမိ လက်ထြဲ

ကာနေတဲ့ကုန်တွေ ရောင်းမစွံတဲ့ကုန်တွေရောင်းထွက်ပါလိမ့်မယ်။ အရာရာကိုလျှင်လျှင်မြန်မြန်လုပ်တတ် သူတွေဒီအပတ်ထဲပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ အလုပ်နဲ့ပတ်သက်သော စိတ်ကူးသစ်၊အကြံဥာဏ် သစ်တွေရလာတတ်ပါတယ်။ ဆိုင်အသစ်ချဲ့ချင်သူများ၊ အိမ်ပြင်အိမ်ဆောက်ချင်သူများ ဒီအပတ်ထဲမှာစတင်လို့ ကောင်းပါတယ်။ အလုပ်ပိုတွေလျှော့ချနိုင်ပါလိမ့်မယ်။ ဇိမ်ခံပစ္စည်းဝယ်ချင်သူများ ဒီအပတ်ထဲ ဝယ်ပါ။ ကိုယ္ခ်စ္ရ တဲ့သူေ

တွဆီက လက်ဆောင်တွေရလာတတ်ပါတယ်။ လူငယ်များ မိဘတွေက မိမိပူဆာထားတဲ့ အရာတစ်ခုခုကို ဝယ်ပေးနိုင်ပါလိမ့်မယ်။ အချစ်ရေးအတွက် စိတ်ချမ်းသာစရာတွေများနိုင်တယ်။ ချစ်သူမရှိသေးသူများချစ်သူသစ် ရလာနို

င်ပါတယ်။ အိမ်ထောင်ရေးမှာ‌ကတောက်ကဆများရတတ်ပါတယ်။ ပညာရေးမှာတော့ ပညာထက် အပျေ
ာ်ကို ဦးစားပေးနေမိပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၈

အထူးဟော ကူညီမဲ့သူတွေများလာလိမ့်မယ်။

ယတြာ ကျောက်ကျောတစ်ပန်းကန်ဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695/ 09 44 5555 695

credit

Leave a Reply

Your email address will not be published. Required fields are marked *