ၾကားသိရသမွ်

ေတာင္ပို႔ “မႈိ” ေဖာက္နည္း အေၾကာင္း သိေကာင္းစရာ

ေတာင္ပို႔ “မႈိ” ေဖာက္နည္း အေၾကာင္း သိေကာင္းစရာ

#ဒီနည္းဟာ အလြယ္ကူဆုံးနဲ႔ ကုန္က်စရိတ္ ဘာမွမရွိတာမို႔ ျမန္မာျပည္သူျပည္သားအားလုံး

တပိုင္တစ္ႏိုင္လုပ္ကိုင္ႏိုင္သလို ေျမဧကအနည္းရွိသူေတြအတြက္လည္းစီးပြာျဖစ္ထုပ္လုပ္ေရာင္ခ်ႏိုင္ပါတယ္။

သဘာဝနည္းျဖစ္တာေၾကာင့္ဓာတုေဗဒေဆးဝါးကင္းတာေၾကာင့္ စားသုံးသူမ်ားအႏၲရယ္မရွိယုံသာမက အနံ႔အရသာဟာလည္းသဘာဝမႈိကဲ့သို႔ စိမ့္ခ်ိဳေနေစမွာပါ။

နည္းမွာ ပါဝင္ပစၥည္း ၃ မ်ိဳးသာရွိၿပီးမိမိပတ္ဝန္းက်င္မွာအလြယ္တစ္ကူရွာေဖြရလြယ္ပါတယ္

၁။ ျခေတာင္ပို႔ အတြင္းပိုင္းမွေျမသား ၂၀ သားခန႔္

၂။ ထမင္းျဖဴ ၆၅ က်ပ္သား(တစ္ကီလို)

၃။ ေရ၂လီတာ(ေရသန႔္ဗူး၂ဘူး)တို႔ဘဲျဖစ္ပါတယ္

ပထမဦးစြာ ေတာင္ပို႔ေျမ နဲ႔ ထမင္းျဖဴ တို႔ကိုဇလုံတစ္ခုထဲမွာေရာထည့္ၿပီး သမေအာင္ေမႊေပးရပါမယ္

ထို႔ေနာက္ ေရ ကိုဖ်န္းလိုက္ ေမႊလိုက္ျဖင့္ ေရသန္ဘူး ၂ဘူးစာကုန္တဲ့အထိ ေမႊေပးရပါမယ္

ၿပီးေနာက္ ထိုဇလုံကိုေနေရာင္ျခည္တိုက္႐ိုက္မက်တဲေနရာ မပူလြန္းမေအးလြန္း တဲ့ေနရာမွာ ၇ ရက္ခန႔္ထားရပါမယ္။ကိုေဝယံဦး(စိုက္ပ်ိဳးေရး အေထြေထြ)

ထိုအေတာအတြင္းဇလုံကိုေ႐ႊ႕ေျပာင္းျခင္းမျပဳဘဲၿငိမ္သက္စြာထာရမွာပါ…

၇ ရက္ေက်ာ္တဲအခါ ဇလုံ ရဲ႕မ်က္ႏွာျပင္ေပၚမွာအျမႇဳပ္အဖတ္ ျဖဴျဖဴမဲမဲမ်ားတက္လာတာကိုေတြ႕ရပါမယ္

အဲဒါဟာ မႈိ ေဖာက္ဖို႔ က်ဴလႅင္စီ ေတြဘဲျဖစ္ပါတယ္ (တနည္းအားျဖင့္ မႈိ မ်ိဳးေစ့ေတြဘဲျဖစ္ပါတယ္)

ထိုမႈိ မ်ိဳးမ်ားအားခပ္ယူ၍ အစိုဓာတ္ရွိေသာ ေျမေဆြးပုံ ေကာက္႐ိုးေဆြး ပုံ သစ္ပင္ေအာက္ရွိေျမေဆြး ေတြအေပၚႏွံစပ္ေအာင္ခ်ထားေပးၿပီးထားရပါမယ္

မႈိမ်ိဳးေစ့မ်ားခ်ထားေသာေနရာအား ၇/၈ ရက္တစ္ႀကိမ္ေရစို႐ုံသာဖ်န္းေပး႐ုံျဖင့္ အနံ႔အရသာႏွင့္ျပည္စုံတဲ့

ေတာင္ပို႔ မႈိ တနည္း ေကာက္႐ိုးမႈိတို႔ကို လြယ္ကူစြာ စားသုံးႏိုင္ၿပီးပိုလွ်ံပါကေရာင္းခ်၍ဝင္ေငြတိုးေစမွာပါ။

ပန္းအိုးမ်ားအတြင္းေျမေဆြး ထည့္၍စိုက္ပ်ိဳးႏိုင္ပါတယ္

အကယ္၍ က်ဴလင္စီမ်ား ပိုလွ်ံေနပါက ဌင္းက်ဴလင္စီ ေရသန႔္ဘူး တစၺဴးစာကို ေရသန႔္ဗူး ၁၀ ဗူးနဲ႔ေရာၿပီး

အပင္မ်ားေပၚဖ်န္းေပးျခင္းျဖင့္၎ မႈိမ်ိဴးေစခ်ထားေသာေနရာမ်ားအားပက္ဖ်န္းျခင္းျဖင့္ အပင္မ်ားရွင္သန္ႀကီးထြားေစေသာေျမဩဇာကဲသို႔အသုံးျပဳႏိုင္ပါသည္။

မူရင္ပိုစ့္ပိုင္ရွင္အား ေလးစားစြာ credit ေပးပါတယ္ရွင္။ မွ်ေဝေပး႐ုံ သက္သက္ပါ…။

unicode..

တောင်ပို့ “မှို” ဖောက်နည်း အကြောင်း သိကောင်းစရာ

#ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး

တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ်။

သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံ့အရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။

နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်

၁။ ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့်

၂။ ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို)

၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ်

ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ်

ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်

ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွန်း တဲ့နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။ကိုဝေယံဦး(စိုက်ပျိုးရေး အထွေထွေ)

ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထာရမှာပါ…

၇ ရက်ကျော်တဲအခါ ဇလုံ ရဲ့မျက်နှာပြင်ပေါ်မှာအမြှုပ်အဖတ် ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ်

အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီ တွေဘဲဖြစ်ပါတယ် (တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲဖြစ်ပါတယ်)

ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်အောက်ရှိမြေဆွေး တွေအပေါ်နှံစပ်အောင်ချထားပေးပြီးထားရပါမယ်

မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည်စုံတဲ့

တောင်ပို့ မှို တနည်း ကောက်ရိုးမှိုတို့ကို လွယ်ကူစွာ စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ။

ပန်းအိုးများအတွင်းမြေဆွေး ထည့်၍စိုက်ပျိုးနိုင်ပါတယ်

အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တစ္ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး

အပင်များပေါ်ဖျန်းပေးခြင်းဖြင့်၎င်း မှိုမျိူးစေချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။

မူရင်ပိုစ့်ပိုင်ရှင်အား လေးစားစွာ credit ပေးပါတယ်ရှင်။ မျှဝေပေးရုံ သက်သက်ပါ…။

Leave a Reply

Your email address will not be published. Required fields are marked *