အေထြအေထြဗဟုသုတ

ကလေးတေ အရမ်းသနားဖို့ကောင်းပါတယ် ဒါမျိုးတေမလုပ်ကြပါနဲ့

ကလေး နို့ကို ညစ်ခိုင်းသူများ၊ ကတုံးတုံးခိုင်းသူများ၊ ချက်ထဲ ဟိုဆေးထည့် ဒီဆေးထည့်ခိုင်းသူများ ၊ သနပ်ခါး၊ ပေါင်ဒါ သုံးခိုင်းသူများ ဖတ်ထားကြ

ကိုယ်တွေနိုင်ငံက ကျန်းမာရေး ပညာပေး ဘယ်လိုလုပ်လုပ် အရိုးစွဲနေတဲ့ မဟုတ်မဟုတ် အတွေးအခေါ် အယူအဆကတော့ ပြင်ကိုမပြင်နိုင်ကြဘူး တလွဲဆံပင်ကောင်းတွေ သနပ်ခါးက သဘာဝလို့ တော့ လာမပြောနဲ့ ဘယ် သနပ်ခါးတုံးမှ ပိုးသတ်ပြီးရောင်တာ မရှိသေးဘူး

ကလေးမိဘတွေ သတိထားကျပါ မရှိတာထက် မသိတာကခက် မသိတာထက် သိသိနဲ့မလိုက်နာတာက ပိုခက် ကလေးအနှီးဖွင့်လိုက်တော့ ချက်ပုပ်တဲ့အနံ့ကထောင်းခဲရလိုက်တယ် ။

ခေါင်းလေးပြောင် ၊ အဖျားတွေတတ် နို့အုံလေးယောင်ပြီး ငိုနေတဲ့ ကလေးကိုကြည့်ပြီး သနားစိတ်နဲ့အတူ မိဘတွေကို နဲနဲတော့ဆူမိတယ် ။

ဘယ်မှာမွေးတာလဲ ဆိုတော့ ဆေးရုံမှာ ဆရာမတွေကလဲဆောင်ရန်ရှောင်ရန်တွေပြောပြတယ် အိမ်က အဖွားကလုပ်ဆိုလို့ တဲ့ ကလေးငယ် နို့အုံယောင်နေတာ အဖွားလက်နဲ့ညှစ်တာ ကြီးတဲ့အခါနို့မစူအောင်တဲ့ ၊ ခေါင်းရိတ်ခိုင်းတယ် ၊ သနပ်ခါးနဲ့ပေါင်ဒါတွေက သမီးလုပ်ထားတာ

ကလေးမေမေရေ ကလေးတွေမှာ သဘာဝအတိုင်းဖြစ်လေ့ရှိပြီး ကုသစရာမလိုတဲ့အရာတွေကို သိထားရမယ်နော် နို့တအားစို့ပြီး ဗိုက်တင်းတဲ့အခါ နဲနဲအန်တတ်ပါတယ် သွားဖုံးလေးတွေကို လျှာနဲ့ထိုးပြီး အယားဖြေတတ်ပါတယ် သူငယ်နာမဟုတ်ပါလန့်တတ်ပါတယ် အတွင်းတတ်မဟုတ်ပါခါးကော့တာ ၊ညှစ်တာပုံမှန်ပါ တတ်တာ မဟုတ်ပါ

ကလေးငယ်ရဲ့နို့အုံလေးစူနေတတ်ပါတယ် အမေဆီကလာတဲ့ ဟော်မုန်းကြောင့်ပါ၊ တစ်လလောက်ဆိုပုံမှန်ပြန်ဖြစ်ပါတယ် ၊မညှစ်ရပါ ၊ပုံထဲက ကလေးလေးက အဖွားလက်နဲ့ညှစ်ရာက ရောဂါပိုးဝင်ပြီး ဆေးရုံရောက်လာတာပါ

ငိုပါတယ် မငိုတဲ့ကလေး မရှိသလောက်ပါ ကျို့ထိုးပါတယ် ပုံမှန်ပါ ၊တဖြည်းဖြည်းအကြိမ်ရေ နဲလာပြီး တလကျော်ရင်ကျို့မထိုးတော့ပါဘူး

အရေးကြီးတာက

၁။ မွေးကင်းစကလေးကို ခေါင်းမရိတ်ပါနဲ့ ခေါင်းရိတ်တာမှားရင်တော့ ပိုးဝင်ပြီးကလေးငယ်သေဆုံးတတ်ပါတယ်ပုံမှာပါတဲ့ကလေးတွေ

၂။ လှစေချင်ဇောနဲ့ သနပ်ခါးပေါင်ဒါ မသုံးပါနဲ့ ပုံထဲက ကလေးငယ်က သနပ်ခါးချက်ကိုပုံရင်း ချက်ကြိုးပိုးဝင်တာပါ

၃။ ဆေးမြီးတိုရမ်းမတိုက်ပါနဲ့ တိုင်းရင်းဆေးသုံးချင်ရင် တိုင်းရင်းဆေးဆရာ အစစ်နဲ့ပြပါပြောပြခဲတာတွေကတော့ အများကြီးပါ ။ဒီခေတ်က စာရှည်ရင်မဖတ်ချင်ကြတော့ ဒီလောက်ပါပဲ ။ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ

Cd-မူရင်းတင်ပြသူ

Leave a Reply

Your email address will not be published. Required fields are marked *