ဆန် အော်ဒါတွေ တက်တာ မြင်မကောင်းဘူး ဆန်မပြတ်ပါဘူး။ စျေးပဲတက်မှာ၊ ရွှေဘိုစျေးတက်ရင် ရွှေဘိုမစားနဲ့။ ရွှေဘိုစားမှ ထမင်းဖြစ်တာတော့ မဟုတ်ဘူး။
ဧရာရွှေဘို ၊ ကြားပျံ ၊ ဧရာပေါ်ဆန်းစား ဆန်သား အာမခံတယ်။ စျေးသက်သာတယ်။
ရွှေဘိုအတင်းစွတ်ဝယ်တော့ ရွှေဘိုတက်တဲ့နောက် ဧရာဝတီပေါ်ဆန်းတွေလဲ လိုက်တက်ကုန်ရော။
စားသုံးသူတွေက လုဝယ်၊ ဒိုင်တွေ က လုသိမ်း၊ စျေးတွေ က စွတ်တက်၊ ပစ္စည်း က မထွက်၊ လုံးလည်ချာလည်လိုက်နေတာပဲ။
ဒိုင်တွေ က တက်မှာသိတော့ ကြိုဝယ်ပြီး လှောင်တာပေါ့။ အဲ့ဒီမှာတင် ပစ္စည်းကပြတ်၊ အိမ်စားတွေအများကြီး ဝယ်ပြီး
သိမ်းထားရင်တော့ ပိုးတက်ပြီး ပစ်ရတာပဲဖြစ်မယ်၊ အတင်းစွတ်ဝယ်တော့ ဒိုင်တွေ က အကြိုက်တွေ့ပြီး စျေးတွေ အော်ပျံကုန်ရော။
ဆန် မပြတ်ဘူး။ အတင်းစွတ်ဝယ်ရင် တက်ရမယ့် စျေးထက်ပိုတက်လိမ့်မယ်။ ဆန် က တစ်နိုင်ငံလုံးစိုက်တယ်။
ပြည်ဖက် တစ်ကျော က ကောက်ကြီးစိုက်တယ်။ ကောက်ကြီးစားတယ်။ ရှမ်းပြည် က ရှမ်းဆန်စားတယ်။ မွန်ဖက်မှာလဲ စိုက်တာပဲ။
မန္တလေး က ရွှေဘိုများတယ်။ အောက်ပြည် က ဆန်တောင် အထက်သိပ်မတက်ဘူး။ အထက်ကရွှေဘိုသာ အောက်ဆင်းတာ။
ဧရာဝတီက ဆန်တွေပဲ အဓိက ရန်ကုန်စျေးကွက်တက်တာ။ ဆောင်းကျရင် ဧရာဝတီမှာ ဆန်သစ်ပေါ်အုံးမယ်။
ဒါကြောင့် ဆန်မပြတ်ဘူးလို့ပြောတာ၊ စားသောက်ကုန်စျေးတွေ စွတ်တက်နေလို့ ကိုယ်သိတဲ့ အပိုင်း ကို စိတ်မပူရအောင်ပြောပေးတာ။
ဆန်တွေ အများကြီးဝယ်မလှောင်ထားနဲ့ ၃-၆လ စာပဲဝယ်။ အကောင်းဆုံးက (၃) လပဲ။
ဆန်တွေ ဘယ်ရောက်သွားလဲဆိုတော့ လှောင်ထားတဲ့ ဒိုင်တွေ ဆီရောက်သွားမှာ။ သူတို့ လဲ အများဆုံးလှောင်နိုင် ၃ လ ကနေ ၆ လ ပါပဲ ပိုးထိုးလာရင်
အတင်းထိုးရောင်းရမယ်။ တစ်နိုင်ငံလုံး ထိနေတဲ့ ကိစ္စ ကိုယ်တစ်ယောက်တည်း ကွက်ထိနေတာမှမဟုတ်ပဲ။ လုပ်ငန်းကြီးလေ ပိုထိလေပဲ၊
စိတ်အေးအေးထား၊ လေဝဝရူ၊ ရေများများသောက် တရားလေးနာနေ ကုသိုလ်စိတ်နဲ့နေရင် ကုသိုလ်ရတယ်။ သွေးတက်မနေနဲ့၊ ပြီးရင်ဖြစ်ပေါ်နေတဲ့
အခြေအနေမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဆောင်ရွက်ဖို့ကြိုးစား၊ ဘဝ က ဒါ နဲ့ ပြီးမသွားသေးဘူး။
မသေမချင်း လုပ်စရာတွေအများကြီးရယ် (Jack Chen)
zawgyi,
ဆန္ ေအာ္ဒါေတြ တက္တာ ျမင္မေကာင္းဘူး ဆန္မျပတ္ပါဘူး။ ေစ်းပဲတက္မွာ၊ ေ႐ႊဘိုေစ်းတက္ရင္ ေ႐ႊဘိုမစားနဲ႔။ ေ႐ႊဘိုစားမွ ထမင္းျဖစ္တာေတာ့ မဟုတ္ဘူး။
ဧရာေ႐ႊဘို ၊ ၾကားပ်ံ ၊ ဧရာေပၚဆန္းစား ဆန္သား အာမခံတယ္။ ေစ်းသက္သာတယ္။
ေ႐ႊဘိုအတင္းစြတ္ဝယ္ေတာ့ ေ႐ႊဘိုတက္တဲ့ေနာက္ ဧရာဝတီေပၚဆန္းေတြလဲ လိုက္တက္ကုန္ေရာ။
စားသုံးသူေတြက လုဝယ္၊ ဒိုင္ေတြ က လုသိမ္း၊ ေစ်းေတြ က စြတ္တက္၊ ပစၥည္း က မထြက္၊ လုံးလည္ခ်ာလည္လိုက္ေနတာပဲ။
ဒိုင္ေတြ က တက္မွာသိေတာ့ ႀကိဳဝယ္ၿပီး ေလွာင္တာေပါ့။ အဲ့ဒီမွာတင္ ပစၥည္းကျပတ္၊ အိမ္စားေတြအမ်ားႀကီး ဝယ္ၿပီး
သိမ္းထားရင္ေတာ့ ပိုးတက္ၿပီး ပစ္ရတာပဲျဖစ္မယ္၊ အတင္းစြတ္ဝယ္ေတာ့ ဒိုင္ေတြ က အႀကိဳက္ေတြ႕ၿပီး ေစ်းေတြ ေအာ္ပ်ံကုန္ေရာ။
ဆန္ မျပတ္ဘူး။ အတင္းစြတ္ဝယ္ရင္ တက္ရမယ့္ ေစ်းထက္ပိုတက္လိမ့္မယ္။ ဆန္ က တစ္ႏိုင္ငံလုံးစိုက္တယ္။
ျပည္ဖက္ တစ္ေက်ာ က ေကာက္ႀကီးစိုက္တယ္။ ေကာက္ႀကီးစားတယ္။ ရွမ္းျပည္ က ရွမ္းဆန္စားတယ္။ မြန္ဖက္မွာလဲ စိုက္တာပဲ။
မႏၲေလး က ေ႐ႊဘိုမ်ားတယ္။ ေအာက္ျပည္ က ဆန္ေတာင္ အထက္သိပ္မတက္ဘူး။ အထက္ကေ႐ႊဘိုသာ ေအာက္ဆင္းတာ။
ဧရာဝတီက ဆန္ေတြပဲ အဓိက ရန္ကုန္ေစ်းကြက္တက္တာ။ ေဆာင္းက်ရင္ ဧရာဝတီမွာ ဆန္သစ္ေပၚအုံးမယ္။
ဒါေၾကာင့္ ဆန္မျပတ္ဘူးလို႔ေျပာတာ၊ စားေသာက္ကုန္ေစ်းေတြ စြတ္တက္ေနလို႔ ကိုယ္သိတဲ့ အပိုင္း ကို စိတ္မပူရေအာင္ေျပာေပးတာ။
ဆန္ေတြ အမ်ားႀကီးဝယ္မေလွာင္ထားနဲ႔ ၃-၆လ စာပဲဝယ္။ အေကာင္းဆုံးက (၃) လပဲ။
ဆန္ေတြ ဘယ္ေရာက္သြားလဲဆိုေတာ့ ေလွာင္ထားတဲ့ ဒိုင္ေတြ ဆီေရာက္သြားမွာ။ သူတို႔ လဲ အမ်ားဆုံးေလွာင္ႏိုင္ ၃ လ ကေန ၆ လ ပါပဲ ပိုးထိုးလာရင္
အတင္းထိုးေရာင္းရမယ္။ တစ္ႏိုင္ငံလုံး ထိေနတဲ့ ကိစၥ ကိုယ္တစ္ေယာက္တည္း ကြက္ထိေနတာမွမဟုတ္ပဲ။ လုပ္ငန္းႀကီးေလ ပိုထိေလပဲ၊
စိတ္ေအးေအးထား၊ ေလဝဝ႐ူ၊ ေရမ်ားမ်ားေသာက္ တရားေလးနာေန ကုသိုလ္စိတ္နဲ႔ေနရင္ ကုသိုလ္ရတယ္။ ေသြးတက္မေနနဲ႔၊ ၿပီးရင္ျဖစ္ေပၚေနတဲ့
အေျခအေနမွာ ကိုယ္တတ္ႏိုင္သေလာက္ အေကာင္းဆုံးေဆာင္႐ြက္ဖို႔ႀကိဳးစား၊ ဘဝ က ဒါ နဲ႔ ၿပီးမသြားေသးဘူး။
မေသမခ်င္း လုပ္စရာေတြအမ်ားႀကီးရယ္ (Jack Chen)