Live လႊင့္ၿပီး PDF ကို စိန္ေခၚတဲ့ ရဲသတင္းေပးစိန္လင္းတို႔ လင္မယား ပစ္သတ္ခံရ
ကေလးၿမိဳ႕ ဆႏၵျပတဲ့လမ္းေၾကာင္းကိုသတင္းေပးလို႔ရပ္ကြက္ကေန နင္ထြက္ခံရၿပီးေနာက္ PDF ကို စိန္ေခၚတဲ့ ရဲသတင္းေပး မႈခင္းသတင္းေထာက္ဆိုသူ စိန္လင္းနဲ႔ ဇနီးကို ယေန႔ ဇူလိုင္ ၁၁ ရက္ ေန႔လည္ ၁၂ နာရီတြင္ လက္ဖက္ရည္ဆိုင္မွာ ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕ကပစ္သတ္ၾကတယ္လို႔သတင္းရရွိပါတယ္။
စိန္လင္းက “စစ္တပ္ကိုေထာက္ခံလို႔ လာသတ္မယ္ဆို အခ်ိန္မေ႐ြးလာသတ္ ၊ သေဘာေပါက္လား ၊ ငါေအာင္မဂၤလာရပ္ကြက္၊ နယ္ေျမ(၅)မွာ ေနတယ္။ ငါ့ဘာသာငါ စစ္တပ္ေထာက္ခံတာ မင္းတို႔အပူပါလား။ မင္းအေဖ PDF မင္းပေထြး PDF ေတြကို ေ-ာက္ဂ႐ုစိုက္ရမွာလား။
ငါကေၾကာက္ရမွာလား။ ငါ့တပည့္(၂)ေယာက္လို ကေလကေခ်ေကာင္မဟုတ္ဘူး။ ငါ့တပည့္(၂)ေယာက္အသတ္ခံရတာ ဦးေႏွာက္မရွိလို႔အသတ္ခံရတာ” လို႔ ဒီႏွစ္ ဧၿပီလက Facebook ေပၚတြင္ Live လႊင့္ၿပီး PDF မ်ားကို ဆဲဆိုႀကိမ္းေမာင္း စိန္ေခၚခဲ့ပါတယ္။
၂၀၂၁ ခုႏွစ္ မတ္လ ၄ ရက္က ရဲတပ္ဖြဲ႕ ဆႏၵျပေနတဲ့လမ္းေၾကာင္းကိုသတင္းေပးလို႔ ေနအိမ္ကေန ရပ္ကြက္ျပည္သူေတြက ၿမိဳ႕ျပင္သို႔နင္ထြက္ၾကၿပီး သဖန္းအိုင္႐ြာမွာ ေနထိုင္ၾကတယ္လို႔သိရတယ္။
ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕က စိန္လင္းလင္မယား ရနံ႔သစ္လက္ဖက္ရည္ဆိုင္မွာ စားေသာက္ေနစဥ္ ဦးေခါင္းမွာ ၂ ေယာက္စလုံး ေသနတ္ ၇ ခ်က္ပစ္ခံရၿပီးေသဆုံးတယ္လို႔ သိရတယ္။
အရင္က စိန္လင္းဟာ ကေလးၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္မွာ SH သတင္းဌာန၊ ကေလးခ႐ိုင္ဥကၠ႒၊ ဗဟိုႀကီးၾကပ္ေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ရဲသတင္းေပးလုပ္တာေၾကာင့္ တမိသားစုလုံးရပ္ကြက္နင္ထုတ္ၿပီး SL News Agency ကိုထပ္မံတည္ေထာင္ၿပီး လႈပ္ရွားခဲ့ပါတယ္။
Live လွှင့်ပြီး PDF ကို စိန်ခေါ်တဲ့ ရဲသတင်းပေးစိန်လင်းတို့ လင်မယား ပစ်သတ်ခံရ
ကလေးမြို့ ဆန္ဒပြတဲ့လမ်းကြောင်းကိုသတင်းပေးလို့ရပ်ကွက်ကနေ နင်ထွက်ခံရပြီးနောက် PDF ကို စိန်ခေါ်တဲ့ ရဲသတင်းပေး မှုခင်းသတင်းထောက်ဆိုသူ စိန်လင်းနဲ့ ဇနီးကို ယနေ့ ဇူလိုင် ၁၁ ရက် နေ့လည် ၁၂ နာရီတွင် လက်ဖက်ရည်ဆိုင်မှာ မြို့ပြပျောက်ကြားအဖွဲ့ကပစ်သတ်ကြတယ်လို့သတင်းရရှိပါတယ်။
စိန်လင်းက “စစ်တပ်ကိုထောက်ခံလို့ လာသတ်မယ်ဆို အချိန်မရွေးလာသတ် ၊ သဘောပေါက်လား ၊ ငါအောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ(၅)မှာ နေတယ်။ ငါ့ဘာသာငါ စစ်တပ်ထောက်ခံတာ မင်းတို့အပူပါလား။ မင်းအဖေ PDF မင်းပထွေး PDF တွေကို ေ-ာက်ဂရုစိုက်ရမှာလား။
ငါကကြောက်ရမှာလား။ ငါ့တပည့်(၂)ယောက်လို ကလေကချေကောင်မဟုတ်ဘူး။ ငါ့တပည့်(၂)ယောက်အသတ်ခံရတာ ဦးနှောက်မရှိလို့အသတ်ခံရတာ” လို့ ဒီနှစ် ဧပြီလက Facebook ပေါ်တွင် Live လွှင့်ပြီး PDF များကို ဆဲဆိုကြိမ်းမောင်း စိန်ခေါ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ၄ ရက်က ရဲတပ်ဖွဲ့ ဆန္ဒပြနေတဲ့လမ်းကြောင်းကိုသတင်းပေးလို့ နေအိမ်ကနေ ရပ်ကွက်ပြည်သူတွေက မြို့ပြင်သို့နင်ထွက်ကြပြီး သဖန်းအိုင်ရွာမှာ နေထိုင်ကြတယ်လို့သိရတယ်။
မြို့ပြပျောက်ကြားအဖွဲ့က စိန်လင်းလင်မယား ရနံ့သစ်လက်ဖက်ရည်ဆိုင်မှာ စားသောက်နေစဉ် ဦးခေါင်းမှာ ၂ ယောက်စလုံး သေနတ် ၇ ချက်ပစ်ခံရပြီးသေဆုံးတယ်လို့ သိရတယ်။
အရင်က စိန်လင်းဟာ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်မှာ SH သတင်းဌာန၊ ကလေးခရိုင်ဥက္ကဋ္ဌ၊ ဗဟိုကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရဲသတင်းပေးလုပ်တာကြောင့် တမိသားစုလုံးရပ်ကွက်နင်ထုတ်ပြီး SL News Agency ကိုထပ်မံတည်ထောင်ပြီး လှုပ်ရှားခဲ့ပါတယ်။