မုံရွာမြို့ရဲ့ အထင်ကရဆီဆိုင်ကြီးအနီးရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့အဘိုးအိုဟာ
အသက် ၇ဝ ကျော်နေပြီဆိုတဲ့အသိတခုနဲ့တင် ကိုယ့်အဘိုးသာဒီလိုပင်ပန်းစွာ ဘဝရဲ့နောက်ပိုင်းအချိန်တွေမှာကျော်ဖြတ်ခဲ့ရသူဖြစ်ခဲ့မယ်ဆိုရင်
စိတ်မကောင်းဝမ်းနည်းပြီးငိုမိတယ်။ သမီးလေးတစ်ယောက်ရှိပေမဲ့ သမီးလေးဦးနှောက်လေးက စိတ်သိပ်ပုံမှန်မဟုက်တော့ အလုပ်လုပ်စားလို့မရတော့
အဲ့အဘကပဲဓာတ်ဆီလေးရောင်းရင်းနဲ့ ဘဝကိုရပ်တည်နေတယ်။
တခြားလက်မှုလုပ်ငန်းလဲ မတတ်မြောက်လူငယ်လူရွယ်တွေလိုလဲ အလုပ်ကြမ်းလုပ်ကိုင်နိုင်တဲ့ အရွယ်မဟုတ်တဲ့အဘဟာ ကျနော်နဲ့အမြဲကြုံတိုင်းအဲ့အဘဆီမှာ
ပဲထည့်ဖြစ်တာ နှစ်အတော်ကြာပြီ ဟိုးနှစ်တွေကတော့ အဲ့အနီးမှာ Donko ဆီဆိုင်ကြီးမရှိတော့
အဲ့အဘရောင်းကောင်းလောက်ပါတယ်။ခုတော့အဲ့နားတစ်ဝိုက် မလှမ်းမကမ်းလေးမှာ ဆီဆိုင်ကြီးရှိတော့
လူတွေကသိပ်မထည့်ကြတော့ဘူး ဆီဆိုင်ကြီးတွေကပိုရတယ်ဆိုပြီး ဆိုင်ကြီးတွေမှာထည့်ကြတာပဲများတယ်
ပြောချင်မိတာကဆိုင်ကြီးတွေ ဆီမှာထည့်လို့ပိုရလှမှ အများဆုံးသုံးရာဖိုးလောက်ပေါ့ ဆီပိုရတာကိုပဲမကြည့်ပဲ..
ဒီအဘဆီမှာပဲထည့်ကြမယ်ဆိုရင် စားဝတ်နေရေးအတွက် တစ်ဖက်တလမ်းကနေ ကူညီရာရောက်ပါတယ်
ငွေဖြင့်သက်သက်မကူညီနိုင်ပေမဲ့ ကျုပ်ကတော့ကြုံတိုင်းအဲ့အဘဆီမှာပဲထည့်တယ် အားပေးတဲ့သဘောမျိုးပါ
ဆီဆိုင်ကြီးတွေထည့်ရင် ဆီပိုရမှန်းသိပေမဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးရာရောက်လို့ပါ တစ်နေ့ကိုအနည်းဆုံး
လူဆယ်ဦးထည့်အုံးအဘတွက်စားဝတ်နေရေးအဆင်ပြေလောက်မှာပါ
မုံရွာမြို့မှာဒီလောက်ဆိုင်ကယ်တွေပေါးပြီးထွတ်နေကြပေမဲ့ အဲ့အဘဆိုင်လေးကြည့်မိတိုင်း ထည့်သူကိုမတွေ့တော့
စိတ်မကောင်းဘူး ဟိုနေ့ကအပြင်သွားရင်းဝင်ထည့်တာ အဘရောင်းကောင်းလားမေးတော့ ခုမင်းထည့်မှဈေးဦးပေါက်တာတဲ့ ရယ်ရင်းပြောတယ်။
အချိန်ကိုကြည့်မိတော့မနပ်၁၁နာရီကျော်နေပြီ စိတ်ထဲမကောင်းလို့ မုန့်တီသုပ်လေးစားချင်လို့ ဝယ်လာတဲ့ပါဆယ်ထုပ်လေးကို
အဲ့အဘကိုပေးခဲ့တယ် အဘကအစက ငြင်းရှာပါတယ် မင်းစားချင်လို့ဝယ်လာတာမပေးပါနဲ့တဲ့
ရပါတယ်အဘကျုပ်ကစားပြီးပြီ ဒါအပိုဝယ်လာတာဆိုပြီး ညာပြောပြီးပေးတော့မှယူတယ်
တကယ်တော့ ကျုပ်မစားရသေးဘူး ထပ်ဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ဘူး
ကျုပ်ကအိမ်ရောက်ရင်ထမင်းစားလို့ရတယ်လေ တကယ်တော့အဘအရွယ်နဲ့ အေးအေးဆေးဆေးအိမ်မှာနေရမဲ့အရွယ်ပါ
ဘဝအကြောင်းမလှတော့ တက်နိုင်တဲ့ခွန်အားလေးနဲ့လမ်းဘေးဆီလေးရောင်းနေတာပါ ငွေကြီးသက်သက်မလှူတန်းနိုင်ကြလည်း
တက်နိုင်တဲ့ဘက်ကနေ ဆီထည့်ပေးခြင်းဖြင့် ကူညီရာရောက်ပါတယ်။
တခြားပရဟိတအဖွဲ့တွေ လှူဒါန်းကူညီနိုင်သူရှိရင်လဲ ဒီဘဘကိုကူညီနိုင်ပါတယ်ဗျာ။
Crd