ၾကားသိရသမွ်

လစာ တစ်သိန်းပဲရတဲ့ ဝန်ထမ်းကို ၆ သိန်းတန် စမတ်ဖုန်း ပေးကိုင်ထားတဲ့ သူဌေးတစ်ယောက်ရဲ့ မှတ်သားဖွယ်စကားများ

ကျနော် လစာ တစ်လကို တစ်သိန်း ရတဲ့ အချိန်ကပေါ့။ ကျနော်သူဌေးက ကျနော့်ကို သူကိုင်ထားတဲ့ Smart Phone လေး ပေးကိုင်တယ်။

အဲ့ဒီဖုန်းက အဲ့ဒီအချိန် ၆ သိန်း ဝန်းကျင်လောက်ရှိတယ်။ ပြီးတော့ သူက ကျနော့်ကို မေးတယ်။ အကယ်၍များ ဒီဖုန်းဟာ မင်းလက်ထဲက ကျကွဲသွားမယ်ဆိုရင် မင်းလျော်နိုင်လားတဲ့…?

ကျနော် ပြန်ဖြေတယ် – ကျနော် မလျော်နိုင်ပါဘူး။ ကျနော်ရတဲ့လစာ မိသားစုကို ပြန်ထောက်ပံ့ရလို့ ပိုလို့ ကျနော်မလျော်နိုင်ပါဘူး။

သူက ကျနော့်ကိုပြောတယ် – မှတ်ထားတဲ့။ တန်ဘိုးကြီးတဲ့ ပစ္စည်းတခုကို လူတစ်ယောက်က မင်းကို ယုံကြည်ရလို့ အပ်လိုက်ပြီဆိုရင် – အဲ့ဒီယုံကြည်မှုကို တန်ဘိုးထားပါတဲ့။

မင်းလက်ထဲရောက်နေတဲ့ ဒီဖုန်းကို ဘယ်တော့မှ ကျမကွဲအောင် ထိန်းသိမ်းပြီးတော့ မင်းကိုင်ပါတဲ့။ ဒီလိုပဲ ငါမင်းကို ယုံကြည်လို့ အပ်ထားတဲ့ သိန်းနှစ်ရာနီးပါး ပေးရတဲ့ ကားကိုလည်း – မင်းပိုင်တဲ့ ကားသကဲ့သို့ ဂရုစိုက်ပြီ မောင်းပါတဲ့။

မင်းရတဲ့လစာ တစ်သိန်း – မင်းကို အပ်ထားတာ သိန်းရာချီတန်တဲ့ ပစ္စည်း – တန်ဘိုးကြီးတဲ့ပစ္စည်းကို ယုံကြည်ရလို့ အပ်ထားတာ ဖြစ်တယ်။

မင်းမလျော်နိုင်ရင် ထိန်းသိမ်းရမှာ မင်းတာဝန်ဖြစ်တယ် – စည်းကမ်းရှိရမှာ မင်းတာဝန်ဖြစ်တယ်။ အကယ်၍ မင်းလျော်နိုင်တဲ့အချိန်ရောက်လာလို့ မင်းလျော်ပေးတယ်ဆိုရင်လည်း – ငါတို့ ယုံကြည်မှုတွေ ပျက်သွားမှာ ဖြစ်သလို – မင်းဟာလည်း ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့လူ ဖြစ်သွားမယ်။

မင်းမှတ်ထားပါတဲ့ – လောကကြီးမှာ လူတွေရဲ့ ယုံကြည်မှုကို ရပြီဆိုရင် မင်းဘဝမှာ ငွေမလိုတော့ဘူးတဲ့။ သူတို့ ပိုက်ဆံနဲ့ မင်းအလုပ်လုပ်လို့ ရပြီတဲ့။

ဒီတော့ ခုလိုပဲ ယုံကြည်ထိုက်သူဖြစ်အောင် မင်းအမြဲတစေ ကြိုးစားပါတဲ့။ အဲ့ဒီစကား သေသည့်တိုင် ကျနော် မှတ်ထားတယ်။ အဲ့ဒီအတိုင်းကျနော် ကြိုးစားတယ်။

ဒီနေ့တော့ ဒီစကားကို လူငယ်တွေကို မျှဝေပေးခြင်းဖြစ်တယ်။ ကိုယ်ဟာ ကုမ္ပဏီတစ်ခုမှာ ယာဥ်မောင်းအလုပ်လုပ်နေတယ်ဆိုရင် – အဲ့ဒီကားကို မတိုက်အောင်မောင်းရမှာ ညီတို့ရဲ့တာဝန်ဖြစ်တယ်။

ဘယ်သူမှားမှား ကိုယ်ကရှောင်ပါ။ ထပ်ပြီးတော့ မှတ်ထားပါ။ လောကမှာ ကိုယ်မလျော်နိုင်တဲ့ ပစ္စည်းကို ကိုယ့်ကို ယုံကြည်လို့ အပ်ထားတယ်ဆိုရင် အဲ့ဒီယုံကြည်မှုကို ဘာအကြောင်းကြောင်းနဲ့မှ မပျက်ပြားစေနဲ့။

ခု ပုံထဲက ဖုန်းတွေ ကျကွဲသွားရင်လည်း ကျနော် အဲ့ဒီဖုန်းတန်ကြေးထက် အဆပေါင်းများစွာ ပြန်လျော်ပေးနိုင်တယ်။ သို့ပေမဲ့ ကျမကွဲအောင် ကျနော်ထိန်းသိမ်းပြီး ကိုင်တယ်။

ဒါကြောင့် လူငယ်တွေကို မှာချင်တာက အနာဂတ်မှာ အောင်မြင်ချင်ရင် ယုံကြည်ထိုက်သူဖြစ်အောင် ကြိုးစားကြပါလို့ မှာကြားရင်း….ဤမျှသာ။

Crd

zawgyi

Leave a Reply

Your email address will not be published. Required fields are marked *