အခါတစ်ပါး၌ ရွာတစ်ရွာတွင် အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်ရှိလေ၏။ သူ့တွင်ကူဖော်လောင်ဖက်လည်း မရှိချေ။
ထိုအပျိုကြီးမှာ ကိုယ်ပိုင်အိမ်ကြီးတစ်လုံး၌ တစ်ကိုယ်တည်းနေရသောကြောင့် ညအချိန်တွင် အိမ်အနီးနားမှ သူငယ်မလေးများကိုခေါ်၍ အိပ်ရလေသည်။
တစ်ည၌ အဖော်မိန်းကလေးများ အိပ်ရန်မလာသေးမီ ထိုအပျိုကြီးအိမ်သို့ လူတစ်ယောက်ကပ်လာလေသည်။ အပျိုကြီးမှာ အသံကြားသဖြင့်
တစ်စောင်းက ချောင်းမြောင်းကြည့်ရှုရာ သူခိုးဖြစ်ကြောင်းကိုအတပ်သိ၍ တစ်ကိုယ်တည်းဖြစ်နေသောကြောင့် ကြောက်ရွံ့မိလေသည်။
အော်လျှင်လည်း သူခိုးထွက်ပြေးသွားသောကြောင့် ဖမ်းမမိပဲနေမည်။ မအော်ပဲနေပါကလည်း မရှိမဲ့ရှိမဲ့စုဆောင်းထားသော မိမိပစ္စည်းများပါသွားတော့မည်။
ထို့ကြောင့်မည်ကဲ့သို့ လုပ်ရမည်ကို စဉ်းစားမရပဲ အကြံရ အတော်ခက်နေလေသည်။ တစ်အောင့်ကြာမှ သူခိုးအားလက်ရဖမ်းဆီးရန် အကြံတစ်ခု ရသွားလေသည်။
ဘထို့ကြောင့် သူသည် ရုတ်တရက်ပြောလိုက်လေသည်။”ဟဲ့ကလေးမတို့ ငါ ပုံပြင်တစ်ပုဒ်ပြောပြမယ် နားထောင်မလား”ထို့နောက် အပျိုကြီးကပင် အသံကိုဖျက်၍”
ဟုတ်ကဲ့နားထောင်ချင်တယ် ပြောပြပါ”ဟု ဆိုလေ၏။ ဒါဆိုနားထောင် ပြောပြမယ်။”ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်။
တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေ့ါ သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး
ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ် ပို့ပေးနိုင်မလားမေးတာပေ့ါ လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်းအဲဒီလှေနဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်။
ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ ပြန်မှပေးမယ် စောင့်နေလို့မှာခဲ့ပြီး အကြွေးသွားတောင်းတာပေ့ါ။ ”အပျိုကြီးက ပြောလက်စကို
ခဏရပ်ပြီး အသံကိုနားစွင့်နေလေသည်။ အဲအပျိုကြိး ပုံပြင်ပြောနေတာကို သူခိုးကလည်း နားထောင်နေလေသည်။ အပျိုကြီးလည်းဆက်၍ ပြောပြလေသည်။
“မိန်းမကြီးက သူ့ကိစ္စပြီးလို့ပြန်လာတယ်။ ချောင်းကိုဖြတ်မယ်လည်းလုပ်ကော သူစီးလာတဲ့လှေက တစ်ဘက်ကမ်းကိုပြန်ရောက်နေတာတွေ့လိုက်တယ်တဲ့
အဲဒါနဲ့မိန်းမကြီးလည်း အနီးအနားရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေးမယ်ဆိုပြီး ထပ်ငှားခဲ့ရပြန်တာပေ့ါ။ အင်းခက်တယ်ကွဲ့ဘကလေးမရဲ့””အင်း”ဟု
ကလေးမ ပြောသည့်အသံဖြင့် ဆိုလိုက်သည်။ ”အဲမိန်းမကြီးစီးလာတဲ့လှေနဲ့ အရင်ကစီးခဲ့တဲ့လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် ။ ပထမလှေရှင်က
သူ့လူကိုဘာကြောင့်တင်ခေါ်လာရတာလဲ ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ် ခုတော့ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်သွားပြီဆိုပြီး ပြောတာပေ့ါ
ဒုတိယလှေရှင်ကလည်း ငါ့ကိုငှားလို့ငါတင်တယ်နဲ့ စကားတွေများနေကြတော့တာပေ့ါ လှေရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြောလိုက်တယ်။
ကဲကဲနှစ်ယောက်လုံး ပိုက်ဆံရအောင် နှစ်စီးလုံးကို ငါစီးမယ် လှေချင်းကပ်ကြလို့ ပြောတာပေ့ါ လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ်။
အဲတော့မိန်းမကြီးက လှေနှစ်စီးလုံးကိုခွပြီး စီးလိုက်သွားတာပေ့ါ။ ကမ်းနားလည်းရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့
အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း အာကာယံကျွမ်းပြန်သွားပြီး ”အမယ်လေး ကူကြပါ၊ ကယ်ကြပါ၊ သေရချေရဲ့လေး “လို့ အော်တာပေ့ါ။
ထိုသို့ပြောပြီး အပျိုကြီးမှ သူခိုးအားချောင်းကြည့်ရာ ရှိနေသေးသည်ကို တွေ့သဖြင့် အသံကိုထပ်မြှင့်ပြီ ”အမယ်လေး၊ ကူကြပါ၊ ကယ်ုကြပါ၊
သေရချေရဲ့လေး”ဆိုပြီး အဆက်မပြတ် အသံကုန်ဟစ်ပြီး အော်နေတော့တယ်။ပုံပြင်ပြောရင်း အသံကျယ်ကျယ်နဲ့ အော်ပြနေတဲ့
မိန်းမကြီးရဲ့ အသံကိုနားထောင်ပြီး သူခိုးလည်း အူလှိုက်သည်းလှိုက် ရယ်နေတော့တာပေ့ါ အဲအချိန်မှာပဲ ဒီအပျိုကြီးရဲ့အော်သံကိုကြားလို့
ရွာသူရွာသားတွေလည်း လက်နက်ကိုယ်စီကိုင်ပြီး ရောက်လာကြတော့တာပေ့ါ..ဒါကို သူခိုးက မရိပ်မိသေးပဲ
ထွက်မပြေးတဲ့အတွက်ကြောင့် ရွာသူရွာသားတွေလည်း သူခိုးကို လက်ရ ဖမ်းမိသွားတော့တယ်…။
Credit – မူရင်း
Zawgyi
အခါတစ္ပါး၌ ႐ြာတစ္႐ြာတြင္ အသက္၄၀ နီးပါးရွိေနၿပီျဖစ္ေသာ အပ်ိဳႀကီးတစ္ေယာက္ရွိေလ၏။ သူ႔တြင္ကူေဖာ္ေလာင္ဖက္လည္း မရွိေခ်။
ထိုအပ်ိဳႀကီးမွာ ကိုယ္ပိုင္အိမ္ႀကီးတစ္လုံး၌ တစ္ကိုယ္တည္းေနရေသာေၾကာင့္ ညအခ်ိန္တြင္ အိမ္အနီးနားမွ သူငယ္မေလးမ်ားကိုေခၚ၍ အိပ္ရေလသည္။
တစ္ည၌ အေဖာ္မိန္းကေလးမ်ား အိပ္ရန္မလာေသးမီ ထိုအပ်ိဳႀကီးအိမ္သို႔ လူတစ္ေယာက္ကပ္လာေလသည္။ အပ်ိဳႀကီးမွာ အသံၾကားသျဖင့္
တစ္ေစာင္းက ေခ်ာင္းေျမာင္းၾကည့္ရႈရာ သူခိုးျဖစ္ေၾကာင္းကိုအတပ္သိ၍ တစ္ကိုယ္တည္းျဖစ္ေနေသာေၾကာင့္ ေၾကာက္႐ြံ႕မိေလသည္။
ေအာ္လွ်င္လည္း သူခိုးထြက္ေျပးသြားေသာေၾကာင့္ ဖမ္းမမိပဲေနမည္။ မေအာ္ပဲေနပါကလည္း မရွိမဲ့ရွိမဲ့စုေဆာင္းထားေသာ မိမိပစၥည္းမ်ားပါသြားေတာ့မည္။
ထို႔ေၾကာင့္မည္ကဲ့သို႔ လုပ္ရမည္ကို စဥ္းစားမရပဲ အႀကံရ အေတာ္ခက္ေနေလသည္။ တစ္ေအာင့္ၾကာမွ သူခိုးအားလက္ရဖမ္းဆီးရန္ အႀကံတစ္ခု ရသြားေလသည္။
ဘထို႔ေၾကာင့္ သူသည္ ႐ုတ္တရက္ေျပာလိုက္ေလသည္။”ဟဲ့ကေလးမတို႔ ငါ ပုံျပင္တစ္ပုဒ္ေျပာျပမယ္ နားေထာင္မလား”ထို႔ေနာက္ အပ်ိဳႀကီးကပင္ အသံကိုဖ်က္၍”
ဟုတ္ကဲ့နားေထာင္ခ်င္တယ္ ေျပာျပပါ”ဟု ဆိုေလ၏။ ဒါဆိုနားေထာင္ ေျပာျပမယ္။”ေရွးအခါက ႐ြာတစ္႐ြာမွာ အလြန္ကပ္ေစးနဲတဲ့ မိန္းမႀကီးတစ္ေယာက္ရွိတယ္။
တစ္ေန႔ေတာ့ အဲဒီမိန္းမႀကီးဟာ ေခ်ာင္းတစ္ဖက္ကမ္းမွာရွိတဲ့ ႐ြာတစ္႐ြာကို အေႂကြးသြားေတာင္းတာေပ့ါ သူေခ်ာင္းျဖတ္ဖို႔ ေလွတစ္စင္းကိုေခၚၿပီး
ဟိုဖက္ကမ္းကို အသြားအျပန္ ေငြတစ္ျပားေပးမယ္ ပို႔ေပးႏိုင္မလားေမးတာေပ့ါ ေလွသမားကလည္း ပို႔ေပးမယ္ဆိုတာနဲ႔ သူလည္းအဲဒီေလွနဲ႔ ေခ်ာင္းကို ျဖတ္သြားလိုက္တယ္။
ကမ္းကိုေရာက္ေတာ့ မိန္းမႀကီးက ပိုက္ဆံမေပးခဲ့ပဲ ျပန္မွေပးမယ္ ေစာင့္ေနလို႔မွာခဲ့ၿပီး အေႂကြးသြားေတာင္းတာေပ့ါ။ ”အပ်ိဳႀကီးက ေျပာလက္စကို
ခဏရပ္ၿပီး အသံကိုနားစြင့္ေနေလသည္။ အဲအပ်ိဳႀကိး ပုံျပင္ေျပာေနတာကို သူခိုးကလည္း နားေထာင္ေနေလသည္။ အပ်ိဳႀကီးလည္းဆက္၍ ေျပာျပေလသည္။
“မိန္းမႀကီးက သူ႔ကိစၥၿပီးလို႔ျပန္လာတယ္။ ေခ်ာင္းကိုျဖတ္မယ္လည္းလုပ္ေကာ သူစီးလာတဲ့ေလွက တစ္ဘက္ကမ္းကိုျပန္ေရာက္ေနတာေတြ႕လိုက္တယ္တဲ့
အဲဒါနဲ႔မိန္းမႀကီးလည္း အနီးအနားရွိတဲ့ေလွကိုပဲ ေငြတစ္ျပားေပးမယ္ဆိုၿပီး ထပ္ငွားခဲ့ရျပန္တာေပ့ါ။ အင္းခက္တယ္ကြဲ႕ဘကေလးမရဲ႕””အင္း”ဟု
ကေလးမ ေျပာသည့္အသံျဖင့္ ဆိုလိုက္သည္။ ”အဲမိန္းမႀကီးစီးလာတဲ့ေလွနဲ႔ အရင္ကစီးခဲ့တဲ့ေလွတို႔ဟာ ေရလယ္မွာေတြ႕ၾကတယ္ ။ ပထမေလွရွင္က
သူ႔လူကိုဘာေၾကာင့္တင္ေခၚလာရတာလဲ ငါျပန္တင္ပို႔ရင္ ေငြတစ္ျပားရမယ္ ခုေတာ့ငါပို႔တဲ့တစ္ေခါက္ဟာ အလကားျဖစ္သြားၿပီဆိုၿပီး ေျပာတာေပ့ါ
ဒုတိယေလွရွင္ကလည္း ငါ့ကိုငွားလို႔ငါတင္တယ္နဲ႔ စကားေတြမ်ားေနၾကေတာ့တာေပ့ါ ေလွရွင္ႏွစ္ဦး အျငင္းအခုန္ျဖစ္ေနေတာ့ မိန္းမႀကီးက ေျပာလိုက္တယ္။
ကဲကဲႏွစ္ေယာက္လုံး ပိုက္ဆံရေအာင္ ႏွစ္စီးလုံးကို ငါစီးမယ္ ေလွခ်င္းကပ္ၾကလို႔ ေျပာတာေပ့ါ ေလွရွင္ႏွစ္ဦးလည္း ေလွေတြကို ပူးကပ္ေပးလိုက္ၾကတယ္။
အဲေတာ့မိန္းမႀကီးက ေလွႏွစ္စီးလုံးကိုခြၿပီး စီးလိုက္သြားတာေပ့ါ။ ကမ္းနားလည္းေရာက္ကာနီးေကာ ေလွတစ္စင္းဟာ တက္လည္သြားတာနဲ႔
အဲဒီခြစီးလာတဲ့မိန္းမႀကီးလည္း အာကာယံကြၽမ္းျပန္သြားၿပီး ”အမယ္ေလး ကူၾကပါ၊ ကယ္ၾကပါ၊ ေသရေခ်ရဲ႕ေလး “လို႔ ေအာ္တာေပ့ါ။
ထိုသို႔ေျပာၿပီး အပ်ိဳႀကီးမွ သူခိုးအားေခ်ာင္းၾကည့္ရာ ရွိေနေသးသည္ကို ေတြ႕သျဖင့္ အသံကိုထပ္ျမႇင့္ၿပီ ”အမယ္ေလး၊ ကူၾကပါ၊ ကယ္ုၾကပါ၊
ေသရေခ်ရဲ႕ေလး”ဆိုၿပီး အဆက္မျပတ္ အသံကုန္ဟစ္ၿပီး ေအာ္ေနေတာ့တယ္။ပုံျပင္ေျပာရင္း အသံက်ယ္က်ယ္နဲ႔ ေအာ္ျပေနတဲ့
မိန္းမႀကီးရဲ႕ အသံကိုနားေထာင္ၿပီး သူခိုးလည္း အူလႈိက္သည္းလႈိက္ ရယ္ေနေတာ့တာေပ့ါ အဲအခ်ိန္မွာပဲ ဒီအပ်ိဳႀကီးရဲ႕ေအာ္သံကိုၾကားလို႔
႐ြာသူ႐ြာသားေတြလည္း လက္နက္ကိုယ္စီကိုင္ၿပီး ေရာက္လာၾကေတာ့တာေပ့ါ..ဒါကို သူခိုးက မရိပ္မိေသးပဲ
ထြက္မေျပးတဲ့အတြက္ေၾကာင့္ ႐ြာသူ႐ြာသားေတြလည္း သူခိုးကို လက္ရ ဖမ္းမိသြားေတာ့တယ္…။
Credit – မူရင္း