အေထြအေထြဗဟုသုတ

သမီးပျိုလေး (၃) ယောက်ရှိတဲ့ မိသားစု ပြည့်တန်ဆာအိမ်က သာလိကာကို ဝယ်မွေးမိလိုက်သောအခါ…

သမီးပျိုလေး (၃) ယောက်ရှိတဲ့ မိသားစု ပြည့်တန်ဆာအိမ်က သာလိကာကို ဝယ်မွေးမိလိုက်သောအခါ…

မလာတာနော်.. ပြည့်တန်ဆာ အိမ်က သာလိကာ

အိမ်ထောင်စုတခုမှာ အိမ်ထောင် ဦးစီးက ကိုဖေကျင် တဲ့။ သူ့ဇနီးက မယဉ်မြ ပါ။ သူတို့မှာ သမီးပျို ၃ယောက်ရှိတယ်။

နေ့လည်နေ့ခင်းဆို အိမ်မှာ မယဉ်မြ တယောက် တည်း ပျင်းနေရတယ်။ ကိုဖေကျင်က အလုပ်ကြီး အကိုင်ကြီးသမားမို့ တနေကုန် အလုပ်သွား။

သမီးပျိုတွေကလည်း အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတော့ ကျောင်း သွားကြတာကိုး။

ဒါနဲ့ မယဉ်မြက နေ့လည်ခင်း အပျင်းပြေအောင် ဆိုပြီး အိမ်မှာ စကားပြော တတ်တဲ့ ကြက်တူရွေး။

ဒါမှမဟုတ် သာလိကာတကောင် ဝယ်မွေးထား ရင် ကောင်းမှာပဲလို့ အကြံရတယ်။

ဒါနဲ့ ငှက်အရောင်းဆိုင်ကို သွားတာပေါ့။ငှက်ဆိုင်ရောက်တော့ ငှက်မျိုးစုံ အလှပြထားတာ တွေ့တယ်။ စကားပြောတတ်တဲ့ ကြက်တူရွေး။

သာလိကာတွေကတော့ ဈေးအကြီးဆုံးပဲ။ သောင်းဂဏန်းချည်းပဲ။ ၃သောင်း ၅သောင်း ဈေးရှိတယ်။

ဒီထဲမှာ သာလိကာတကောင်ကို ၅ထောင်လို့ ထောင်ဂဏန်းနဲ့ ဈေးပေါပေါချိတ် ထားတာ တွေ့တော့ မယဉ်မြ အံ့သြသွားတယ်။

မယဉ်မြက ဆိုင်ရှင်ကို မေးကြည့်တယ်။

”ဒီသာလိကာက ဘာလို့ ဈေးပေါတာလဲ။ စကား မတတ် လို့လားရှင့်”

”တတ်သမှဗျာ။ တတ်လွန်း လို့ ခက်တောင် နေသေးတယ်””ဒါဖြင့် ဘာလို့ ဈေးပေါတာတုန်းရှင့်”

”သူက အရင်က ပြည့်တန်ဆာအိမ်မှာ နေခဲ့တာ လေ။ စကား ကတော့ ကြွယ်ပါရဲ့။

ပြောလိုက်တဲ့ စကားတွေက အလေနတ္တောတွေဆိုတော့ ဈေးပေါပေါနဲ့ ရောင်းပစ်မလို့ပါဗျာ”

မယဉ်မြကတော့ ဈေးသက်သာတာကို သဘောကျသွားတယ်။ အိမ်ရောက် မှ ပြုပြင်ယူမယ် ဆိုတဲ့ အတွေးနဲ့ ဈေးပေါတဲ့ သာလိကာမကို ဝယ်လာခဲ့တာပေါ့။

အိမ်ရောက်တာနဲ့ သာလိကာမကလည်း အစွမ်း ပြတော့တာ ပါပဲ။

”အမယ်- ငါနေရမယ့် ”ဘိ”ကလည်း အသစ်။ ငါ့သခင်မကြီးကလည်း အသစ်ပဲဟဲ့”သာလိကာမအပြောကို မယဉ်မြ သဘောကျသွားတယ်။

( ဘိ = ဖ-ာတန်း )

ညနေစောင်းတော့ သမီးပျို၃ယောက် ကျောင်းက ပြန်လာကြပါတယ်။ သာလိကာမက ပြောလိုက်ပြန်တယ်။

”အောင်မယ်။ မွေးထားတဲ့ ကောင်မလေးတွေ ကလည်း အသစ်ကလေးတွေဟဲ့။ အလုပ်ဖြစ်ဦးမှာပဲ”

သမီး၃ယောက်ကလည်း သာလိကာမ အပြောကို သဘောကျကြတာပါပဲ။

အိမ်ထောင်ဦးစီးဖြစ်တဲ့ ကိုဖေကျင်ကတော့ အလုပ်များတဲ့သူမို့ မိုးကြီးချုပ် မှ အိမ်ကိုပြန်ရောက်လာပါတယ်။

သာလိကာမက ကိုဖေကျင်ကိုလည်း နှုတ်ဆက်တာပါပဲ။”အလို- ကိုဖေကျင်ပါလား”

သာလိကာမက နာမည်နဲ့တကွ နှုတ်ဆက်လိုက်တော့ ကိုဖေကျင် အံ့သြသွား တာပေါ့။

မယဉ်မြနဲ့ သမီး၃ယောက်လည်း အံ့သြ သွားကြတယ်။ အဲဒီတုန်းမှာ သာလိကာမက ဆက်ပြောလိုက်ပါတယ်။

”ကိုဖေကျင် ရှင်က ဒီ ‘ဘိ’ကိုလည်း လာတာပဲနော်” တဲ့။မှတ်ကရောဟ…။

Credit

Leave a Reply

Your email address will not be published. Required fields are marked *