ၾကားသိရသမွ်

ငါးထောင်တန်နှစ်ရွက်ကို ယှဉ်ပြီး လက်သန့်ဆေးရည်ဖြင့် ဖြန်းလိုက်သောအခါ (ရုပ်သံ)

ငါးထောင်တန်နှစ်ရွက်ကို ယှဉ်ပြီး လက်သန့်ဆေးရည်ဖြင့် ဖြန်းလိုက်သောအခါ (ရုပ်သံ)

လက်သန့်ဆေးနဲ့ဖြန်းလိုက်သောအခါ

ကိုယ်တိုင်ကြုံရတဲ့ ၅၀၀၀ တန်အတု။

အုပ်ထဲပါလာရင် မသိနိုင်ဘူး။တစ်ရွက်ချင်းဆိုသိနိုင်တယ်။

​ငွေ​ရောင်ကြိုးကိုစစ်ပါ။အ​ပေါ်ဘက်ကပဲမြင်ရမယ် ​နောက်​ကျောဘက်မှာ မမြင်ရနိုင်ဘူး။ပြီး​တော့ ​ငွေ​ရောင်ကြိုးကို ထိ​တွေ့စမ်းကြည့်လို့ မသိရနိုင်ဘူး။

ဘာလို့ဆို​တော့ ​ငွေ​ရောင်ကြိုးကို မြှုပ်ထည့်ထားတာမဟုတ်ဘဲ print လုပ်ထားတာမို့ပါ။

​နောက်တစ်ချက်က ​ဆေး​တွေပျံ့နှံ​နေတယ်။​နောက်​ကျောဘက် အ​ဆောက်အဦပုံအ​ပေါ်ဘက်မှာ ​တိမ်အနီ​တွေလိုလိုနဲ့ဆေးအနီ​တွေပျံ့​နေတာကို ​တွေ့ရလိမ့်မယ်။

စက္ကူအသားကလည်း သိသာပါတယ်။

ကျ​နော်ကဘဏ်မှာ​ငွေသွားလွှဲရင်းကြုံခဲ့ရတာ။ဖျက်ဆီးမှာမို့ ​ဘဏ်ကို​ပေးခဲ့ရတယ်။

ဘဏ်က​ပြော​သေးတယ် အရင်ကဆို ရဲ​ခေါ်အပ်ရတာတဲ့ ခုကအလုပ်များမှာမို့ မ​ခေါ်​တော့ဘူးဆိုလို့ ရဲမ​ခေါ်တာကိုပဲ ​ကျေးဇူးတင်ရမလို​တောင် ဖြစ်ခဲ့ရ​သေးတယ်။

ကိုယ်​တွေ့ကြုံခဲ့ရတဲ့ ၅၀၀၀ တန်အတုကိစ္စပါ။

ပုံကဘဏ်ကမသိမ်းခင် ရိုက်ယူထားတာပါ။

Courtesy – Lin Htet Naing














Leave a Reply

Your email address will not be published. Required fields are marked *