နှလုံး သည် လူ့အသက်ရှည် ကျန်းမာရေးအတွက် အရေးအကြီးဆုံးသော ကိုယ်တွင်းအင်္ဂါဖြစ်သည်။ လူများအိပ်ပျော်သည့်တိုင် အနားမယူဘဲ အလုပ်လုပ်နေသူမှာ
နှလုံးကြွက်သားများဖြစ်သည်။ နှလုံးကြွက်သားများ အနားယူသည့်အချိန်သည်လူသေဆုံးသည့် အချိန်ဖြစ်လေသည်။ နှလုံးမှကြွက်သားများ ညှစ်ထုတ်အားကြောင့်
လူ့တစ်ကိုယ်လုံးသို့ သွေးများရောက်ရှိပြီးနှလုံးကြွက်သားများ ပြန်ကျုံ့သည့်အခါ လူ့ခန္ဓာအနှံ့မှ သွေးဟောင်းများသည် နှလုံးတွင်းသို
့ ပြန်လည်ရောက်ရှိကြပြန်သည်။ ထိုသွေးများကို အဆုတ်မှရှူသွင်းသည့် လေ(အာနာပါန)ဖြင့် သန့်စင်ပြီးသွေးအသစ် ဖြစ်စေသည်။
ထိုသွေးသစ်ကို ခန္ဓာကိုယ်သို့ ဖြန့်ဖြူးခြင်းကို တစ်မိနစ်လျှင် အကြိမ် ၇ဝ မှ အကြိမ် ၁ဝဝ ကျော်အထိ နှလုံးကြွက်သား များကမနားမနေ ပြုလုပ်ပေးသည်။
ဤမျှအရေးပါသော နှလုံးကြွက်သား များအား ကောင်း၊မကောင်းတစ်နည်းအားဖြင့် နှလုံးအားကောင်း၊မကောင်းကိုသိရှိနိုင်ရန်ဆေးရုံကြီးများ
သို့လည်း သွားရောက် မစစ်ဆေးနိုင်၊ ဆရာဝန်ကြီးများနှင့်လည်း ငွေကုန်ကြေးကျခံပြီး သွားရောက် မစစ်ဆေးနိုင်သူများအတွက် မိမိကိုယ်တိုင်
စစ်ဆေးနိုင်မည့် နည်းလမ်းတစ်ခုကို တင်ပြလိုသည်။ ဤနည်းမှာ မိမိခြေသလုံးကြွက်သားကို စစ်ဆေးရမည့် နည်းလမ်းဖြစ်သည်။
ရှေးက ရဟန်းတော် များသည် ”သလုံးမြင်းခေါင်း (ခြေသလုံးကြွက်သား) ကောင်းနေသမျှ ဆွမ်းခံစားရမည်”ဟု အဆိုရှိသည်။တစ်နည်းအားဖြင့်
ကျန်းမာနေသည့် ဆွမ်းခံစားနိုင်သည့် အင်အားကို ခြေသလုံးကြွက်သားအင်အားဖြင့် စံပြုတိုင်းတာခြင်းဖြစ်သည်။
ထို့အတူ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများကလည်း ခြေသလုံး ကြွက်သားများသည် လူ၏ ”ဒုတိယနှလုံး”ပင်ဖြစ်သည်ဟု ဆိုကြသည်။
နှလုံးအား ကောင်း၊ မကောင်းကို စစ်ဆေးလိုလျှင် ခြေသလုံးကြွက်သားများကို အားရှိ၊ မရှိ စစ်ဆေးကြည့်ခြင်းဖြင့် သိနိုင်သည်ဟု ဆိုသည်။
လူငယ်များတွင် ခြေသလုံးကြွက်သားအင်အားကို အထူးစစ်ဆေးနေစရာမလိုပေ။ ပြေးလွှားခြင်း၊ဘောလုံးကန်ခြင်း၊တောင်ဆင်းတောင်တက်
ပြုလုပ်ခြင်းများသည် ခြေသလုံးကြွက်သား များဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။ အသက် ၆ဝ ကျော် လူကြီးပိုင်းမှာမူ မတ်တတ်ကြာကြာမရပ်နိုင်ခြင်း၊ ခြေလှမ်းသွက်သွက် မလျှောက်နိုင်ခြင်း၊ လှေကားထစ်များစွာ မတက်နိုင်ခြင်းပြဿနာများရှိလာသည်။
ဤသို့ဖြစ်ရခြင်းမှာ ခြေသလုံးကြွက်သား များ အားနည်းလာခြင်းကြောင့်ဖြစ်သည်။ ခြေသလုံး ကြွက်သားအားနည်းလျှင်၊ တစ်မိုင်ခန့်မျှ လမ်းမလျှောက်နိုင်လျှင်၊
မောလျှင် နှလုံးအားနည်းရောဂါ ဝင်လာပြီဟု ခန့်မှန်းနိုင်ပေသည်။အချို့လူကြီးများတွင် ခြေသလုံးကြွက်သားများ ပျော့ကျသွားသူများရှိသလို ခြေသလုံးကြွက်သားများ တောင့်တင်းမာခဲပြီး လမ်းမလျှောက်နိုင် သူများလည်း ရှိသည်။
ကြွက်တက်သူများပင် ရှိသည်။ မကြာခဏ အနင်းအနှိပ်ခံခြင်း၊ ပရုတ်ဆီဆေးအပူများလိမ်းခြင်းပြုလုပ်သော်လည်း ခြေသလုံးကြွက်သားများမှာ
အမြဲတောင့်တင်းနေလေ့ရှိသည်။ ခြေသလုံး ကြွက်သားများ အမြဲတောင့်တင်းနေလေ့ ရှိသူများသည် နှလုံးသွေးကြောပိတ် ရောဂါဖြစ်နိုင်ခြေ ရှိသူများ ဖြစ်သဖြင့် သတိထားသင့်သည်။
နှလုံးကြွက်သားအားကောင်းစေရန်အတွက် လေ့ကျင့်ခန်းမှ ာတစ်နေ့လျှင်နှစ်မိုင်ခန့် လမ်းလျှောက်ပေးခြင်းဖြစ်သည်။ လမ်းလျှောက်ပျင်းသူများတွင်
ခြေသလုံ းကြွက်သား ပျော့ကျသွားတတ်သည်။ အစားများပြီး အထိုင်များသူများတွင်ခြေသလုံးကြွက်သားတောင့်တင်းမာကျောပြီး သွေးကြောပိတ်ရောဂါ ရတတ်သည်။
လူကြီး များ ရေချိုးသည့်အခါတွင်လည်း ဒူးအောက်ပိုင်း ခြေသလုံး မှစ၍ ရေလောင်းပြီးမှသာ ချိုးသင့်ကြောင်း တင်ပြလိုက်ရပေသည်။
crd
Zawgyi
ႏွလုံး သည္ လူ႔အသက္ရွည္ က်န္းမာေရးအတြက္ အေရးအႀကီးဆုံးေသာ ကိုယ္တြင္းအဂၤါျဖစ္သည္။ လူမ်ားအိပ္ေပ်ာ္သည့္တိုင္ အနားမယူဘဲ အလုပ္လုပ္ေနသူမွာ
ႏွလုံးႂကြက္သားမ်ားျဖစ္သည္။ ႏွလုံးႂကြက္သားမ်ား အနားယူသည့္အခ်ိန္သည္လူေသဆုံးသည့္ အခ်ိန္ျဖစ္ေလသည္။ ႏွလုံးမွႂကြက္သားမ်ား ညႇစ္ထုတ္အားေၾကာင့္
လူ႔တစ္ကိုယ္လုံးသို႔ ေသြးမ်ားေရာက္ရွိၿပီးႏွလုံးႂကြက္သားမ်ား ျပန္က်ဳံ႕သည့္အခါ လူ႔ခႏၶာအႏွံ႔မွ ေသြးေဟာင္းမ်ားသည္ ႏွလုံးတြင္းသို
႔ ျပန္လည္ေရာက္ရွိၾကျပန္သည္။ ထိုေသြးမ်ားကို အဆုတ္မွရႉသြင္းသည့္ ေလ(အာနာပါန)ျဖင့္ သန႔္စင္ၿပီးေသြးအသစ္ ျဖစ္ေစသည္။
ထိုေသြးသစ္ကို ခႏၶာကိုယ္သို႔ ျဖန႔္ျဖဴးျခင္းကို တစ္မိနစ္လွ်င္ အႀကိမ္ ၇ဝ မွ အႀကိမ္ ၁ဝဝ ေက်ာ္အထိ ႏွလုံးႂကြက္သား မ်ားကမနားမေန ျပဳလုပ္ေပးသည္။
ဤမွ်အေရးပါေသာ ႏွလုံးႂကြက္သား မ်ားအား ေကာင္း၊မေကာင္းတစ္နည္းအားျဖင့္ ႏွလုံးအားေကာင္း၊မေကာင္းကိုသိရွိႏိုင္ရန္ေဆး႐ုံႀကီးမ်ား
သို႔လည္း သြားေရာက္ မစစ္ေဆးႏိုင္၊ ဆရာဝန္ႀကီးမ်ားႏွင့္လည္း ေငြကုန္ေၾကးက်ခံၿပီး သြားေရာက္ မစစ္ေဆးႏိုင္သူမ်ားအတြက္ မိမိကိုယ္တိုင္
စစ္ေဆးႏိုင္မည့္ နည္းလမ္းတစ္ခုကို တင္ျပလိုသည္။ ဤနည္းမွာ မိမိေျခသလုံးႂကြက္သားကို စစ္ေဆးရမည့္ နည္းလမ္းျဖစ္သည္။
ေရွးက ရဟန္းေတာ္ မ်ားသည္ ”သလုံးျမင္းေခါင္း (ေျခသလုံးႂကြက္သား) ေကာင္းေနသမွ် ဆြမ္းခံစားရမည္”ဟု အဆိုရွိသည္။တစ္နည္းအားျဖင့္
က်န္းမာေနသည့္ ဆြမ္းခံစားႏိုင္သည့္ အင္အားကို ေျခသလုံးႂကြက္သားအင္အားျဖင့္ စံျပဳတိုင္းတာျခင္းျဖစ္သည္။
ထို႔အတူ အေနာက္တိုင္းေဆးပညာရွင္ ဆရာဝန္ႀကီးမ်ားကလည္း ေျခသလုံး ႂကြက္သားမ်ားသည္ လူ၏ ”ဒုတိယႏွလုံး”ပင္ျဖစ္သည္ဟု ဆိုၾကသည္။
ႏွလုံးအား ေကာင္း၊ မေကာင္းကို စစ္ေဆးလိုလွ်င္ ေျခသလုံးႂကြက္သားမ်ားကို အားရွိ၊ မရွိ စစ္ေဆးၾကည့္ျခင္းျဖင့္ သိႏိုင္သည္ဟု ဆိုသည္။
လူငယ္မ်ားတြင္ ေျခသလုံးႂကြက္သားအင္အားကို အထူးစစ္ေဆးေနစရာမလိုေပ။ ေျပးလႊားျခင္း၊ေဘာလုံးကန္ျခင္း၊ေတာင္ဆင္းေတာင္တက္
ျပဳလုပ္ျခင္းမ်ားသည္ ေျခသလုံးႂကြက္သား မ်ားျဖင့္ ျပဳလုပ္ရျခင္းျဖစ္သည္။ အသက္ ၆ဝ ေက်ာ္ လူႀကီးပိုင္းမွာမူ မတ္တတ္ၾကာၾကာမရပ္ႏိုင္ျခင္း၊ ေျခလွမ္းသြက္သြက္ မေလွ်ာက္ႏိုင္ျခင္း၊ ေလွကားထစ္မ်ားစြာ မတက္ႏိုင္ျခင္းျပႆနာမ်ားရွိလာသည္။
ဤသို႔ျဖစ္ရျခင္းမွာ ေျခသလုံးႂကြက္သား မ်ား အားနည္းလာျခင္းေၾကာင့္ျဖစ္သည္။ ေျခသလုံး ႂကြက္သားအားနည္းလွ်င္၊ တစ္မိုင္ခန႔္မွ် လမ္းမေလွ်ာက္ႏိုင္လွ်င္၊
ေမာလွ်င္ ႏွလုံးအားနည္းေရာဂါ ဝင္လာၿပီဟု ခန႔္မွန္းႏိုင္ေပသည္။အခ်ိဳ႕လူႀကီးမ်ားတြင္ ေျခသလုံးႂကြက္သားမ်ား ေပ်ာ့က်သြားသူမ်ားရွိသလို ေျခသလုံးႂကြက္သားမ်ား ေတာင့္တင္းမာခဲၿပီး လမ္းမေလွ်ာက္ႏိုင္ သူမ်ားလည္း ရွိသည္။
ႂကြက္တက္သူမ်ားပင္ ရွိသည္။ မၾကာခဏ အနင္းအႏွိပ္ခံျခင္း၊ ပ႐ုတ္ဆီေဆးအပူမ်ားလိမ္းျခင္းျပဳလုပ္ေသာ္လည္း ေျခသလုံးႂကြက္သားမ်ားမွာ
အၿမဲေတာင့္တင္းေနေလ့ရွိသည္။ ေျခသလုံး ႂကြက္သားမ်ား အၿမဲေတာင့္တင္းေနေလ့ ရွိသူမ်ားသည္ ႏွလုံးေသြးေၾကာပိတ္ ေရာဂါျဖစ္ႏိုင္ေျခ ရွိသူမ်ား ျဖစ္သျဖင့္ သတိထားသင့္သည္။
ႏွလုံးႂကြက္သားအားေကာင္းေစရန္အတြက္ ေလ့က်င့္ခန္းမွ ာတစ္ေန႔လွ်င္ႏွစ္မိုင္ခန႔္ လမ္းေလွ်ာက္ေပးျခင္းျဖစ္သည္။ လမ္းေလွ်ာက္ပ်င္းသူမ်ားတြင္
ေျခသလုံ းႂကြက္သား ေပ်ာ့က်သြားတတ္သည္။ အစားမ်ားၿပီး အထိုင္မ်ားသူမ်ားတြင္ေျခသလုံးႂကြက္သားေတာင့္တင္းမာေက်ာၿပီး ေသြးေၾကာပိတ္ေရာဂါ ရတတ္သည္။
လူႀကီး မ်ား ေရခ်ိဳးသည့္အခါတြင္လည္း ဒူးေအာက္ပိုင္း ေျခသလုံး မွစ၍ ေရေလာင္းၿပီးမွသာ ခ်ိဳးသင့္ေၾကာင္း တင္ျပလိုက္ရေပသည္။
crd