ymg/mt
Unicode
မန္တလေး ညောင်ဦး ကျောက်ပန်းတောင်း မိုင်တိုင်အမှတ် အနီးမှာဖြစ်သွားတာလေးပါ….
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ၊ ယုန်လွှတ်ကျွန်းလမ်းထိပ်၊
ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂/၂)အနီးတွင် ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၅ နာရီအချိန်ခန့်က
Hiject နှင့် Suzuki ယာဉ်တို့တိုက်မိ၍
တစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် Hiject ယာဉ်ပေါ်ပါ ကျား(၆)ဦး ၊ မ(၂)ဦးအနက် ကျား(၁)ဦး (သေဆုံး)၊ ကျား(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ၊
Suziki ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား လူမှုကူညီရေးယာဉ်များဖြင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်၌ ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊
ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ အမှတ် (၅) အရန်မီးသတ်မှ လူမှုကူညီရေးယာဉ် (၂) စီး၊
Bagan Resccue အသင်းမှ လူမှုကူညီရေးယာဉ် (၁) စီး၊ ဂရုဏာရှင်အသင်းမှ နာရေးကူညီမှုယာဉ် (၁) စီး၊ မြင့်မြတ်သူအသင်းမှ လူမှုကူညီရေးယာဉ် (၁)စီး၊
သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်းလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ymg/mt
crd