ျပည္တြင္းသတင္း

သံခြံရွပ္ေျပးျဖင့္ ဆန္တက္လာသည့္ စစ္ေကာင္စီတပ္ကို

သံခြံရွပ္ေျပးျဖင့္ ဆန္တက္လာသည့္ စစ္ေကာင္စီတပ္ကို ၿမိဳ႕လွ PDF ကေစာင့္ႀကိဳတိုက္ခိုက္ခဲ့ၿပီး ရွပ္ေျပးကိုပါေဖာက္ခြဲ (႐ုပ္သံ)

ၿမိဳ႕လွ၊ ဇူလိုင္ ၁၁

လူငယ့္ေခတ္

ကခ်င္ျပည္နယ္၊ ေ႐ႊကူၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕လွ KPDF တပ္ရင္းနယ္ေျမအတြင္းသို႔ ထိုးစစ္ဆင္လႈပ္ရွားေနသည့္ အၾကမ္းဖက္ စစ္ေကာင္စီစစ္ေၾကာင္းသည္ သံခြံရွပ္ေျပးျဖင့္ ျမစ္ေၾကာင္းအတိုင္းဆန္တက္လာသျဖင့္ ၿမိဳ႕လွ KPDF အဖြဲ႕က ယေန႔မနက္တြင္ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။

အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ရွိ ခမရ ၄၁၅ စစ္ေၾကာင္းမႉး ဗိုလ္မႉးသိန္းျမင့္ ေအာင္ဦးေဆာင္သည့္ အင္အား ၄၈ ေယာက္ပါ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားသည္ ယေန႔နံနက္ ၂ နာရီဝန္းက်င္တြင္ မင္းေက်ာင္း ကုန္း႐ြာမွ ေက်ာက္ႀကီး႐ြာဘက္သို႔ ဆန္တက္လာစဥ္ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ေစာင့္ႀကိဳတိုက္ခိုက္ခဲ့သျဖင့္ အၾကမ္းဖက္စစ္ေကာင္စီလက္ပါးေစ ၄ ဦးေသဆုံးကာ ဒဏ္ရာရရွိသူမ်ားလည္း ရွိၿပီး အၾကမ္းဖက္စစ္တပ္ကစီးနင္းလာသည့္ သံခြံရွပ္ေျပးကိုလည္းေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ၿမိဳ႕လွ KPDF က႐ုပ္သံဖိုင္ႏွင့္တစ္ကြ ေဖာ္ျပထုတ္ျပန္ခဲ့သည္။

အဆိုပါရွပ္ေျပးသည္ ေ႐ႊကူၿမိဳ႕နယ္၊ ေက်ာက္ႀကီး႐ြာက သေဘၤာျဖစ္ၿပီး အၾကမ္းဖက္စစ္ေကာင္စီေဒါက္တိုင္မ်ားသဖြယ္ ဝန္ေဆာင္မႈေပးေနျခင္းေၾကာင့္ သတိေပးေျပာဆိုထားၿပီးျဖစ္ေၾကာင္းကိုလည္းထုတ္ျပန္ခ်က္အရသိရသည္။

ေနာင္လာမည့္ကာလမ်ားတြင္လည္း အၾကမ္းဖက္စစ္ေကာင္စီ၏ ေဒါက္တိုင္သဖြယ္ ကူညီေဆာင္႐ြက္ေပးေနသူမ်ားကို ပစ္မွတ္ထားတိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕လွ KPDF ကဆိုသည္။

သံခွံရှပ်ပြေးဖြင့် ဆန်တက်လာသည့် စစ်ကောင်စီတပ်ကို မြို့လှ PDF ကစောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ရှပ်ပြေးကိုပါဖောက်ခွဲ (ရုပ်သံ)

မြို့လှ၊ ဇူလိုင် ၁၁

လူငယ့်ခေတ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ မြို့လှ KPDF တပ်ရင်းနယ်မြေအတွင်းသို့ ထိုးစစ်ဆင်လှုပ်ရှားနေသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းသည် သံခွံရှပ်ပြေးဖြင့် မြစ်ကြောင်းအတိုင်းဆန်တက်လာသဖြင့် မြို့လှ KPDF အဖွဲ့က ယနေ့မနက်တွင်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ခမရ ၄၁၅ စစ်ကြောင်းမှူး ဗိုလ်မှူးသိန်းမြင့် အောင်ဦးဆောင်သည့် အင်အား ၄၈ ယောက်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ယနေ့နံနက် ၂ နာရီဝန်းကျင်တွင် မင်းကျောင်း ကုန်းရွာမှ ကျောက်ကြီးရွာဘက်သို့ ဆန်တက်လာစဉ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိပြီး အကြမ်းဖက်စစ်တပ်ကစီးနင်းလာသည့် သံခွံရှပ်ပြေးကိုလည်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြို့လှ KPDF ကရုပ်သံဖိုင်နှင့်တစ်ကွ ဖော်ပြထုတ်ပြန်ခဲ့သည်။

အဆိုပါရှပ်ပြေးသည် ရွှေကူမြို့နယ်၊ ကျောက်ကြီးရွာက သင်္ဘောဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များသဖွယ် ဝန်ဆောင်မှုပေးနေခြင်းကြောင့် သတိပေးပြောဆိုထားပြီးဖြစ်ကြောင်းကိုလည်းထုတ်ပြန်ချက်အရသိရသည်။

နောင်လာမည့်ကာလများတွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်သဖွယ် ကူညီဆောင်ရွက်ပေးနေသူများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြို့လှ KPDF ကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *