ၾကားသိရသမွ်

နယူးယောက်တွင် “မြန်မာ့နွေဦး အနုပညာညချမ်း ၂၀၂၂” ရန်ပုံငွေပွဲကို ကျင်းပပြီး ရန်ပုံငွေများကို လိုအပ်သော နေရာများကို လှူဒါန်းမည် (ရုပ်/သံ)

နယူးယောက်တွင် “မြန်မာ့နွေဦး အနုပညာညချမ်း ၂၀၂၂” ရန်ပုံငွေပွဲကို ကျင်းပပြီး ရန်ပုံငွေများကို လိုအပ်သော နေရာများကို လှူဒါန်းမည် (ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၁၀

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် “မြန်မာ့နွေဦး အနုပညာညချမ်း ၂၀၂၂” ရန်ပုံငွေပွဲကို ကျင်းပပြီး

အဆိုပါပွဲမှ ရရှိသော မြန်မာပြည်တွင်းရှိ လိုအပ်သော နေရာများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ

Helping Hands For Burma အဖွဲ့ထံမှ သိရှိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queens ရပ်ကွက် LeFrak Concert Hall တွင် ယနေ့ ဇူလိုင် ၁၀ ရက်နေ့

(အမေရိကန်စံတော်ချိန် ဇူလိုင်လ ၉ ရက် နေ့ ညနေ ၅နာရီ မှ ည ၉ နာရီ ၃၀နာရီ အထိ)

“မြန်မာ့နွေဦး အနုပညာညချမ်း ၂၀၂၂”ပွဲကို ကျင်းပခဲ့ပြီး ဝါရင့်အနုပညာရှင်များဖြစ်ကြသော အကယ်ဒမီမေဝင်းမောင်၊

စန္ဒာယားခင်နုနု၊ လင်းနစ်၊ ကျော်သီဟ၊ ဇယံဓ၊ စိုးတိုင်း၊ အမ်မီ၊ တော်လှန်ရေးအငြိမ့် အငြိမ့်မင်းသမီး ပပဌေး၊

လူရွှင်တော် ကိုယဉ်ထွေးနှင့် အဖွဲ့, တို့က ဖျော်ဖြေမှုများ တင်ဆက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပွဲသို့ နယူးယောက်မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသား များလည်း တက်ရောက် အားပေးခဲ့ကြပြီး

ရရှိသော ရန်ပုံငွေများ ကို မြန်မာပြည် အတွင်းရှိ လိုအပ်သော

နေရာများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *