အထွေအထွေဗဟုသုတ

မာန်တက်တော့မယ်ဆိုရင် ဒီအကြောင်းအရာလေးကို သတိရပါ

တခါက တောနက်ကြီးတစ်ခုထဲမှ ဆင်ကြီးတစ်ကောင်ဟာ အရှိန်ဟုန်ပြင်းစွာဖြင့် ဖြေးလာခဲ့သည်။

၎င်းဆင်ကြီး ပြေးလာရာလမ်းတည့်တည့်မှာ နှာပြည်စုတ် ငှက်မလေးက ရှေ့မှာ သူမ၏ အသိုက်လေးရှိကြောင်း ထိုအသိုက်လေးထဲမှာ သူမ၏ သားငယ် သမီးငယ်အကောင်ပေါက်လေးတွေရှိသောကြောင့် ထိုနေရာရောက်လျှင် ရှောင်ကွင်းသွားပါဟုဆင်ကြီးအား မေတ္တာရပ်ခံလေသည်။

ထိုအခါ ဆင်ကြီးက ပြောတယ်။” နင်လို မလောက်လေး မလောက်စားငှက်မလေးကများ ငါ့ကို ဆရာလုပ်ရမလားဆိုပြီး သူမ၏ သားငယ် သမီးငယ် ငှက်ပေါက်လေးများကို ခြေထောက်ကြီးဖြင့် နင်းခြေဖျက်စီးသက်ဖြတ်ပြစ်လေသည်။

”ထိုအခါ နှာပြည်စုတ်ငှက်လေးမှာအသည်းကွဲမတတ် ဝမ်းနည်းငိုကြွေးနေချိန်မှာ တောစပ် တနေရာ ရေအိုင်ကြီးဘေးမရှိညောင်ပင်ကြီးပေါ်မှ ကျီးကန်းအုပ်ကြီးတစ်အုပ်သည် ထို ငှက်မလေး ရှိရာသို့ပြန်သွားလေသည်။

”အသင် ငှက်မလေး အသင်ဘာမှအားမငယ်ပါနဲ့ သင်၏ မိသားစု အသိုက်မြုံလေးကို ဖျက်စီးတဲ့ ဒီဆင်ကြီးကို ဒီနေ့ကစပြီး ငါတို့ နှိမ် နင်းတော့မယ်။ ဒီအတွက် ငါတို့ ယင်ကောင်တွေရယ် ဖားတွေနဲ့ ငါတို့တိုင်ပင်ထားကြပြီးပါပြီ။

”ဒီလိုနဲ့ ကျီးကန်း တစ်သိုက်ဟာ ထိုဆင်ကြီးရဲ့ နောက်ကို လိုက်၍ ထိုဆင်ကြီးရဲ့ ဦးခေါင်းမှ မျက်လုံး ၂လုံးကို ဝိုင်းအုံပြီး တစ်ကောင်ပြီး တစ်ကောင် အတောင်များနှင့် ပုတ်ခပ်ပြီး နှုတ်သီးများဖြင့် ထိုးစိတ်လိုက်ကြတာ မကြာခင်မှာပဲ ကျီးကန်းတွေရဲ့ထိုးစိတ်တဲ့ ဒဏ်ချက်တွေကြောင့် ဆင်ကြီးရဲ့ မျက်လုံးအိမ်ထဲမှ သွေးများယို စီး၍ ကြလာသည်။

ထိုအခါ ယင်ကောင်လေးတွေဟာထိုဆင်ကြီး၏ မျက်လုံးအိမ်မှ ဒဏ်ရာတွေပေါ်မှာ ဝိုင်းအုံပြီး ဥများကို ဥစေသည်။ဒီလိုနဲ့ နောက်တော့ ဆင်ကြီးဟာ ရက်တွေက တစ်ရက်ပြီးတစ်ရက် ကြာလာသည်နှင့်အမျှ အနာကြီးမှာ ရင်းပြီး မျက်လုံး နှစ်လုံးစလုံး ကွယ်သွားတော့တယ်။

ဒီလိုနဲ့ ဆင်ကြီးဟာ ထိုတောနက်ကြီးထဲမှာ ဆင်ကန်းတောတိုးဆိုတဲ့အတိုင်း ဟိုလျှောက်သွား…
ဒီလျှောက်သွားနဲ့အစာတွေ ငတ် ရေတွေကလည်းငတ်နေတဲ့အချိန်မှာ သူ၏ နားထဲမှာဖားအော်သံလေးကို ကြားလိုက်ရသည်။

ဒီတော့ ဆင်ကြီးကတွေးသည် မှာ “ဖားရှိတဲ့ နေရာဟာ ရေအိုင်ဖြစ်ရမယ်ဆိုသော အတွေဖြင့် ဖားအော်သံနောက်ကိုတဖြေးဖြေးနဲ့ လိုက်သွားလေသည်။ဖားလေးဟာ တဖြေး ဖြေးနဲ့ မြှားပြီးခေါ်သွားလိုက်တာ ဒီလိုနဲ့ တနေရာအရောက်မှာ

ဖားတွေဟာ အစုလိုက် အပြုံလိုက်နဲ့ ဝိုင်းပြီး တအောက်…အောက်နဲ့ အော်လိုက်ချိန်မှာဆင်ကြီးဟာ ရေအိုင်ကြီးဆိုပြီး အရှိန်နဲ့ ခုန်ချလိုက်တာ သူထင်ထားတဲ့ ရေအိုင်မဟုတ်ပဲ ပေပေါင်း ထောင်ချီနက်တဲ့ချောက် ကမ်း ပါးပျက်ကြီးထဲသို့မျက်မမြင် ဆင်ကန်းကြီး ထိုးကြသွားလေသည်။

ဒီတော့မှ ထိုတောနက်ထဲရှိ တိရိစ္ဆာန်အားလုံးသည် ကျီးကန်းရယ် ယင်ကောင်ရယ်။ ဖားလေးတွေရဲ့ ညီညွတ်မှုတွေကြောင့် ဆင်ကြီးရန်မှ ကင်းဝေးပြီးပျော်ရွှင်စွာ နေထိုင်နိုင်ကြလေတော့သည်။ဒီအ ကြောင်းအရာလေးက “ပညာအတွက် မာန်တတ်တဲ့ နေ့ဟာ ပညာပျောက်တဲ့နေ့ပါ။””ဥစ္စာ အတွက် မာန်တတ်တဲ့နေဟာ ဥစ္စာပျောက်တဲ့နေ့ပါ။”

“အ လှအတွက် မာန်တက်တဲ့နေ့ဟာ အလှပျောက်တဲ့နေ့ပါ””ရာထူးအတွက် မာန်တတ်တဲ့နေ့ဟာ ရာထူးပျောက်တဲ့နေ့ပါ။”တစ်ခုခုကြောင့် မာန်တတ်တော့မယ်ဆိုရင် ဒီအကြောင်းအရာလေးကို သတိရဖို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Credit – original writer

Leave a Reply

Your email address will not be published. Required fields are marked *