အခ်စ္ေရး

“အသည်းကွဲပြီးမှ မိန်းကလေးတွေ ပိုလှလာတယ်ဆိုတာ သင်သိပါသလား?”

အသည်းကွဲသွားတဲ့ မိန်းကလေး တစ်ယောက်က ပိုပြီး လှလာတတ် တယ်တဲ့ တကယ်တော့ ပိုပြီးလှလာတာမဟုတ်ဘူး

အရင်ကတည်း လှပြီးသားကို အခုမှ ရုပ်ထွက် လာတာပါ

သူနဲ့ လမ်းမခွဲခင် တုန်းက ဆံပင်အရှည်လေးထား ပါဆိုတဲ့ စကားလုံး လှလှလေးတွေကြောင့်

ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင် အတိုလေးတွေနဲ့ မညှပ်ဖြစ် ခဲ့ဘူး

ဆံပင်ရှည်ကြီးနဲ့ အသက်ကလေး ငယ်ငယ်နဲ့ ရုပ်ရင့်သွားသလိုလို ဖြစ်နေတာပါ ။

သူနဲ့ လမ်းမခွဲခင်တုန်းက ဟိုလို မဝတ်ပ ါနဲ့လား ဒီလိုမဝတ်ပါနဲ့ ဆိုတဲ့

ကန့်သတ် ချက်တွေကြားမှာ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားလေးတွေ ရွေးပြီး

မဝယ်ဖြစ် ခဲ့ဘူး သူနဲ့ စိတ်တိုင်း ကျမယ်လို့ ထင်တဲ့အရာတွေပဲ ကျွန်မ ဝတ်ခဲ့တာနဲ့

လမ်းမခွဲခင်တုန်းက အလှတွေ အရမ်းမပြင် ပါနဲ့လား ဆိုတဲ့ စိုးရိမ်သံလို့ ထင်ခဲ့တဲ့ ချုပ်ခြယ်မှုတွေအောက်မှာ

ကျွန်မ အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ဖြစ် ခဲ့ဘူး ။

သူသဘောကျသလို ရှိုးမများပဲ နေခဲ့မိတာ အခု . ကျွန်မနဲ့ လိုက်မယ်လို့ထင်တဲ့ ဆံပင် ပုံစံလေး ထားတယ် ။

ဆံပင် အရှည်ဖြစ်ရင်လဲ ဖြစ်မယ် အတိုညှပ် ချင်လဲ ညှပ်တယ် အရောင်ဆိုးချင်လဲ ဆိုးတယ် ကောက်ချင်လဲ ကောက်တယ် ဖြောင့်ချင်လဲ ဖြောင့်တယ်

ကိုယ်နဲ့ လိုက်မယ့် ပုံစံလေးအ တိုင်းထားတယ် အပြင်သွားတဲ့အခါ ကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားလေး ဝတ်တယ်

မြန်မာဆန်မှ ကျက်သရေ ရှိတာ မဟုတ် ပါဘူး အမြင်မရိုင်းပဲ ဆန်းတောတွေ မှ တစ်ပုံကြီးပါ ။

ကိုယ့်အချိန် ကိုယ်ပိုင်လာတဲ့အခါ ကိုယ့်မျက်နှာကို အလှဆုံးခြယ်ဖို့ ကိုယ်အချိန်လေး သီးသန့်ပေး တယ် ။

အသည်းကွဲတဲ့ မိန်းမ တစ်ယောက်က အနည်းငယ်တော့ ဝမ်းနည်းနေတတ် တယ်လေ

အဲ့ဒီဝမ်းနည်းမှုတွေကိုဖုံးဖို့ မိတ်ကပ်တွေ သုံးတယ် ပြီးတော့ အလှဆုံးပြုံးတယ် ။

လူတွေက ထင်ကြတယ် ပြောကြတယ် မိန်းကလေး တစ်ယောက်က အသည်းကွဲသွားပြီးရင် ပိုလှလာတတ်တယ် တဲ့

တကယ်တော့ အဲ့လိုမဟုတ်ဘူး နဂိုရှိမှ နဂိုင်းထွက် တာမျိုးပါ ။

ဂရုစိုက် သလိုလိုနဲ့ ချုပ်ချယ်တာတွေ သဝန်တိုသလိုလိုနဲ့ မယုံကြည်တာတွေ အားလုံးနဲ့ လွတ်မြောက်ခွင့်ရသွားတဲ့

မိန်းကလေး တစ်ယောက် အတွက် သူ့ကိုယ်သူ ပိုင်တဲ့ ရက်တွေ တိုင်းမှာ သူဟာ အလှဆုံးဖြစ်အောင်နေတတ်ပါတယ် ။

အချုပ်ကို အချစ်လို့ ထင် ခဲ့လို့ ခဏတာ ပိတ်နေတာမျိုး အသည်းကွဲပြီးမှ လှောင်အိမ်ထဲက ငှက်လေး လွတ်လပ်စွာ ပျံသန်းနေ သလိုမျိုးပေါ့

မိန်းကလေးတွေက အသည်းကွဲပြီးမှ ပိုလှ လာတာမျိုး မဟုတ်ဘူး တစ်ဖက်ကို ဂရုစိုက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ခဏတာ ဂရုစိုက်ဖို့ မေ့နေ တာမျိုးပါ … ။

Credit #Hsu Ya Ti

==============

UNICODE

Leave a Reply

Your email address will not be published. Required fields are marked *