၁၅.၈.၂၀၂၂ မှ ၂၁.၈.၂၀၂၂ အထိ တနင်္ဂနွေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
တနင်္ဂနွေသားသမီးများသည် အစပိုင်းရက်များတွင် အနည်းငယ်ကံဆိုးမှုများကို ကြုံတွေ့နေရတတ်သည်။ မထင်မှတ်သော ရုတ်တရက် အန္တရာယ်ကျရောက်တာတို့၊ အိုးအိမ်အလုပ်ကိစ္စအတွက် အပူသောကရောက်ရတာတို့ ကြုံရ
တတ်သည်။ လျှပ်စစ်ဘေး၊ မီးဘေး အထူးသတိထားရမယ့် ရက်အပိုင်းအခြားဖြစ်သည်။ အလုပ်တွင် အနည်းငယ် ရန်အတိုက်အခံဖြစ်ခြင်း၊ စိတ်သောကရောက်စရာဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။ ၁၆ ရက် နောက်ပိုင်းတွင်တော့ ကံကြမ္မာပြန်လည်ပွင့်လင်းတိုးတက်လာရပါလိမ့်မည်။
အလုပ်ကိစ္စအတွက် ကူညီမည့်သူများပေါ်ပေါက်လာခြင်း၊ ရစရာရှိသော အကြွေးများ ပြန်လည်ရရှိခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။ မိမိအနေနှင့် အံ့သြစရာကောင်းလောက်အောင် ကွဲကွာနေသောသူများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။ လုပ်ငန်းဟောင်း ၊ နေရာဟောင်းများက မိမိကို ပြန်လည်ခေါ်ယူခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။
ကျန်းမားရေးညံ့နေပါက ဆရာကောင်း၊ ဆေးကောင်းများနှင့်ကြုံတွေ့ပြီးပြန်လည်သက်သာကောင်းမွန်လာရတတ်ပါသည်။ အရင်ကရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ဖြစ်နေသောကိစ္စများ ဒီကာလတွင် ပြေလည်ပွင့်လင်းသွားပါလိမ့်မည်။ ရပ်ဝေးမှ စာအဆက်အသွယ် အချိတ်အဆက်ကောင်းများ ရောက်ရှိလာရတတ်ပါသည်။ စာချုပ်စာတမ်း၊ စာရင်းဇယားများနှင့် သက်ဆိုင်သော ကိစ္စများ အဆင်ပြေချောမွေ့အောင်မြင်လိမ့်မည်။
စက်ပစ္စည်းနှင့် သက်ဆိုင်သောကိစ္စများမှာအကျိုးအမြတ်များ ရရှိပါလိမ့်မည်။ ဘာသာရေးဆိုင်ရာအလုပ်များ ဘာသာရေးနှင့်သက်ဆိုင်သောပုဂ္ဂိုလ်များ၊ သိုက်ဆက်၊ ပဌာန်းဆက်နှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များက ကူညီမ,စပါလိမ့်
မည်။ ပညာရေးနှင့်သက်ဆိုင်သောကိစ္စများ သင်တန်းတက်ခြင်း၊ စာမေးပွဲအင်တာဗျူးဖြေခြင်း၊ နိုင်ငံခြားသို့ ကျောင်းသွားတက်မည့်ကိစ္စများ အဆင်ပြေချောမွေ့အောင်မြင်ပါလိမ့်မည်။ ကောင်းသောခရီးဝေးများ သွားရပါလိမ့်မည်။ ပြည်ပခရီး၊ ရေကြောင်းခရီးများ အထူးအောင်မြင်မည့်ကာလဖြစ်သည်။
လူမှုရေး
အရင်က မိမိကို မနာလိုရန်လိုသောသူများနှင့် ပြန်လည်သင့်မြတ်အဆင်ပြေ၍ ကောင်းမွန်သောဆက်ဆံရေးကို ထူထောင်ရတတ်ပါသည်။
အချစ်ရေး
အချစ်ရေးတွင် ချစ်သူနှင့် ပြတ်မလိုလိုဖြစ်ပြီးမှ ပြန်လည်အဆင်ပြေ ကြည်နူးနေရတတ်ပါသည်။
အိပ်မက်
မိမိအရင်က ကောင်းစွာဖြစ်ပျက်ခဲ့ဖူးသောအရာများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၂၊ ၁၊ ၆
ယတြာ
မိမိအိမ်မှာရှိသော စက်ပစ္စည်းအစုတ်အပျက်များကို စွန့်ပစ်လိုက်ပါ။
၁၅.၈.၂၀၂၂ မှ ၂၁.၈.၂၀၂၂ အထိ တနင်္လါသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
တနင်္လါသားသမီးများသည် ဒီကာလတွင် လူကြီးမိဘ ကြီးကဲသူများနှင့် အနည်းငယ် အဆင်မပြေဖြစ်ရတတ်သည်။ ခေါင်းရှုပ်စရာ၊ ခေါင်းခြောက်စရာကိစ္စများ ကြုံတွေ့ရတတ်သည်။ အလုပ်ထဲတွင် ပြဿနာအနည်းငယ် တက်ရတတ်သည်။
ခြေထောက်၊ ခါး၊ ဒူးတို့တွင် ထိခိုက်ဒဏ်ရာရရှိ၍ ကျန်းမာရေးအနည်းငယ်ညံ့တတ်သည်။ ၁၇ ရက် နောက်ပိုင်းတွင်တော့ ကံကြမ္မာပြန်လည်တိုးတက်လာရတတ်သည်။ မိမိထက် ရာထူးကြီးသော အမျိုးသမီးအကြီးအကဲ၊ လူကြီးကတော်တို့၏ ကူညီစောင်မခြင်းကို ခံယူရတတ်သည်။ အကြီးအကဲတို့ထံမှ လက်ဆောင်ပစ္စည်း၊ ဂုဏ်ပြုပစ္စည်းများ ရရှိလိမ့်မည်။ အလုပ်ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်မှု ရရှိတတ်သော ကာလဖြစ်သည်။
ဝန်ထမ်းဖြစ်ပါက ရာထူးတက်ခြင်း၊ အခွင့်အရေးကောင်းများ ရရှိခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။ မိမိအနီးအနားပတ်ဝန်းကျင်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမီးဖွားခြင်းနိမိတ်များကိုတွေ့ရှိပါက ချဲထီ၊ နှစ်လုံးထီများ ပေါက်တတ်ပါသည်။ အရေးကြီးသောကိစ္စများကို ဆုံးဖြတ်လုပ်ကိုင်တတ်ပါသည်။ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည့် ကိစ္စများ ပေါ်ပေါက်လာရတတ်ပါသည်။ တရားရုံးအမှုအခင်းနှင့် သက်ဆိုင်သော ကိစ္စများ အောင်မြင်လိမ့်မည်။
လက်ရှိအိမ်၊ လက်ရှိအလုပ်မှ ခွဲခွာပြီး ပိုမိုကောင်းမွန်သော နေရာများရောက်ရှိရတတ်ပါသည်။ နေရာသစ် အလုပ်သစ်၌ အလုပ်နှစ်မျိုး၊ တာဝန်နှစ်မျိုးကို ပူးတွဲတာဝန်ယူ ထမ်းဆောင်ရတတ်ပါသည်။ မိမိကိုယ်တိုင်ဖြစ်စေ၊ တွေမျိုးမိတ်ဆွေ လူရင်းထဲမှဖြစ်စေ ခွဲစိတ်ကုသမှု တစ်ခုခု ကြုံတွေ့ရတတ်ပါသည်။ ၎င်းခွဲစိတ်ကုသမှုသည် အောင်မြင်ပါလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် ခေါင်းခံစရာကိစ္စများ ပေါ်ပေါက်၍ ခေါင်းစား၊ ခေါင်းရှုပ်ရသလောက် အကျိုးအမြတ်၊ အတွေ့အကြုံများ သူမတူအောင် ရရှိရတတ်ပါသည်။
အချစ်ရေး
အချစ်ရေးတွင် အပြိုင်အဆိုင်ပေါ်ပေါက်သော်လည်း နောက်ဆုံးတွင် မိမိကသာ အနိုင်ရရှိပါလိမ့်မည်။
အိပ်မက်
မိမိအထက်အရာရှိ၊ အကြီးအကဲဆိုသူများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၎၊ ၃၊ ၁
ယတြာ
မိမိအနီးအနား ပတ်ဝန်းကျင်တွင်ရှိသော ကိုယ်ဝန်ဆောင်မိခင်သည်များကို လိုအပ်သော ပစ္စည်းလေးများ အနည်းငယ် ထောက်ပံ့ကူညီလိုက်ပါ။
၁၅.၈.၂၀၂၂ မှ ၂၁.၈.၂၀၂၂ အထိ အင်္ဂါသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
အင်္ဂါသားသမီးများသည် ဒီကာလတွင် လူချစ်လူခင်များပြားနေရတတ်သည်။ မိမိစိတ်ကလည်း ပျော်ရွှင်ချမ်းမြေ့နေရတတ်သည်။ မိတ်ဆွေအပေါင်းအသင်းများ၏ ကူညီမ,စမှုကို ရရှိရတတ်သည်။ သောကြာသားသမီး၊ သောကြာ
နာမည်ရှင်များနှင့် ပတ်သက်၍ အကျိုးအမြတ်များရရှိရလိမ့်မည်။ စကားအပြောအဆိုများ အောင်မြင်လိမ့်မည်။ ခရီးကောင်းများ သွားရတတ်သည်။ သွားသောခရီးများတွင် စိတ်ချမ်းမြေ့စရာများ ကြုံတွေ့လိမ့်မည်။ လူတော့အနည်းငယ် ပင်ပန်းရတတ်သည်။
ထိုသို့ အနည်းငယ် ပင်ပန်းပြီးမှ ငွေကြေးများ ရရှိရတတ်သည်။ စုငွေများရရှိ ခြင်း၊ ဘောနပ်များရရှိခြင်းတို့ ကြုံတွေ့ရတတ်သည်။ ထီပေါက်ခြင်း၊ အာမခံငွေကြေးများရရှိခြင်း၊ ကားနှင်ပတ်သက်၍ အကျိုးအမြတ်များ ရရှိခြင်းတို့ကြုံတွေ့ရတတ်ပါသည်။ ဝန်ထမ်းဖြစ်ပါက လူကြီး၏ မျက်နှာသာပေးခြင်းကို ခံရခြင်း၊ အခွင့်အရေးကောင်းရရှိခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။
ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက လုပ်ငန်းတိုးချဲ့ရခြင်း၊ ဝင်ငွေဝင်လမ်း တိုးပွားခြင်းစသော အခွင့်အလမ်းကောင်းများ ကြုံတွေ့ရတတ်ပါသည်။ ကျန်းမာရေးညံ့နေသူများ ဆရာကောင်း၊ ဆေးကောင်းများနှင့် ကြုံတွေ့ရတတ်ပါသည်။ ေ
ငွများ ပစ္စည်းများ ဝင်လာသော်လည်း အဖတ်မတင်ဖြစ်ရတတ်သည်။ သတိထားပါ။ နာမည်ဂုဏ်သတင်းကျော်စောခြင်း၊ ဆုထူးဘွဲ့ထူးများ ရရှိခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။
လူမှုရေး
လူမှုရေးတွင် လူချစ်လူခင်များပြား၍ မျက်နှာပန်း ပွင့်ရသော ကာလဖြစ်သည်။
အချစ်ရေး
အချစ်ရေးတွင် စန်းပွင့်လွန်း၍ ချစ်သူ၏ သဝန်တိုခြင်းကို ခံရတတ်ပါသည်။
အိပ်မက်
စစ်ပွဲတွင် အောင်ပွဲခံသောနိမိတ်များကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၇၊ ၁၊ ဝ
ယတြာ
ကံ့ကော် ၂ ညွှန့်အား ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါ။
၁၅.၈.၂၀၂၂ မှ ၂၁.၈.၂၀၂၂ အထိ ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများသည် ဒီကာလတွင် အောက်လက်ငယ်သား တပည့် သားသမီးများ၏ ရိုသေလေးစားခြင်း၊ ပူဇော်ခံခြင်းကို ခံယူရရှိရတတ်သည်။ ပျော်ရွှင်ဖွယ်ခရီး၊ အကျိုးထူးသော ခရီးများကို သွားရတတ်သည်။ ရပ်ဝေးမှသတင်းကောင်း၊ ဧည့်သည်ကောင်းများ ရောက်ရှိလာတက်သည်။ ကား၊ စက်ဘီး၊ ဆိုင်ကယ် စသည့် ယာဉ်တစ်
မျိုးမျိုးနှင့် ပတ်သက်၍ အကျိုးအမြတ်များ ရရှိရတတ်သည်။ ၁၇ ရက် ၁၈ ရက် ကြားကာလတွင် ကံကြမ္မာအနည်းငယ် ကျဆင်းလာရတတ်သည်။
အခက်အခဲ၊အကြပ်အတည်းများနှင့် ရင်ဆိုင်ရတတ်သည်။ အလုပ်ထဲတွင်လည်း ရန်အတိုက်အခံများ ကြုံတွေ့ရတတ်သည်။ အလုပ်ပြုတ်မလို၊ အလုပ်မှထွက်ခွာရမလို ဖြစ်ရတတ်သည်။ ၁၈ ရက် နောက်ပိုင်းတွင်တော့ ကောင်းသောအပြောင်းအလဲများ ကြုံတွေ့လာရပါလိမ့်မည်။ စိတ်သဘောထားမတိုက်ဆိုင်သူများနှင့် အဆင်ပြေညှိနှိုင်းပြေလည်သွားရလိမ့်မည်။ ငွေအကုန်အကျများခြင်းများ သိသိသာသာလေး လျော့ပါးလာလိမ့်မည်။
အကြီးအကဲများ၏ ချစ်ခင်ကြင်နာခြင်းကိုလည်း ပြန်လည်ရရှိလာပါလိမ့်မည်။ ကျန်းမာရေးနှင့် ပတ်သက်၍ သိသိသာသာတိုးတက် ကောင်းမွန်လာပါလိမ့်မည်။ အလုပ်နေရာ၊ အိမ်ပြောင်းအိမ်ရွှေ့များ လက်ရှိနေရာထက် ပိုမိုကောင်းမွန်သော နေရာများကို ပြောင်းရွှေ့ရတတ်သည်။ ရပ်ဝေးရပ်နီးမှ အကူအညီကောင်းပေးမည့်သူများ ပေါ်ပေါက်လာလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် ထင်ပေါ်ကျော်ကြားမှုကို ရရှိသလောက် အောက်ခြေလွတ် ဘဝင်မြင့်တတ်ပြီး မထင်မှတ်သော အန္တရာယ်များကို ရင်ဆိုင်ရတတ်သည်။ သတိထားပါ။
အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏ အပြောင်းအလဲမြန်ခြင်းကို ကြုံတွေ့ရတတ်ပြီး အံ့သြစွာ လက်တွဲရတတ်သော ကာလဖြစ်သည်။
အိပ်မက်
ထင်ပေါ်ကျော်ကြားသူများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၉၊ ၃၊ ၎
ယတြာ
ဝါးလုံး လက် ၁ တောင်ခန့်ကို မိမိ၏ အိပ်ယာခြေတွင် ထားအိပ်ပြီး နောက်တစ်နေ့ညနေတွင် ရေစီးသောနေရာမှာ သွားရောက်မျောပေးပါ။ အညံ့အခိုက်များ ပြေပျောက်ပါစေလို့ ရွတ်ဆိုပေးပါ။
၁၅.၈.၂၀၂၂ မှ ၂၁.၈.၂၀၂၂ အထိ ကြာသပတေးသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
ကြာသပတေးသားသမီးများသည် ဒီကာလတွင် ဆရာသမား၊ အကြီးအကဲ ၊ ဘုန်းတော်ကြီးများ၏ အကူအညီကောင်းများကို ရရှိရတတ်သည်။ ဘာသာရေးနှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များ၏ ကောင်းသောနည်းနာလမ်းညွှန်ခြင်းကို ခံယူရရှိရတတ်သည်။
အလှူအတန်းကိစ္စများ၊ ဘုရားဖူးကိစ္စများ၊ ဘာသာရေးနှင့်သက်ဆိုင်သော ကိစ္စများ အဆင်ပြေချောမွေ့လိမ့်မည်။ ပညာရေးနှင့်သက်ဆိုင်သောကိစ္စများ အောင်မြင်လိမ့်မည်။ ဒီကာလတွင် ကျန်းမာရေး အနည်းငယ် ညံ့ဖျင်းရတတ်သည်။ ဆေးရုံ၊ဆေးခန်းများ ရောက်ရှိရတက်သည်။ အလုပ်ထဲတွင် မနာလိုရန်လို အကောက်ကြံသူများ ပေါ်ပေါက်တတ်သည်။ စွပ်စွဲနာမည်ဖျက်ခြင်း၊ အကြောင်းမဲ့ ရန်လုပ်ပုတ်ခတ်ခြင်းများ ကြုံတွေ့ရတတ်သည်။
ခွေး၊ ကြောင်၊ ကြက် စသော အိမ်မွေးတိရစ္ဆာန်များနှင့် ပတ်သက်၍ ပူပင်သောကရောက်ရှိရတတ်သည်။ သို့သော်လည်း မိမိအပေါ်မှာ မနာလိုသူများ ရှိနေတဲ့ကြားထဲက မထင်မှတ်လောက်အောင် ကံကောင်းခြင်းများလည်း တိုက်
ဆိုင်ကြုံတွေ့နေရတတ်ပါတယ်။ မထင်မှတ်သော ခရီး၊ ကောင်းသောခရီးများသွားရတတ်သည်။ ဘာသာရေးနှင့်သက်ဆိုင်သော ခရီးများ ပေါ်ပေါက်မည်။ ရပ်ဝေးမှ သတင်းအဆက်အသွယ်ကောင်းများ ရရှိမည်။
ြ
ပည်ပအလုပ်အကိုင်များနှင် ပတ်သက်၍ ခေါ်ယူတွေ့ဆုံအင်တာဗျူးခြင်းများ ကြုံတွေ့ပြီး ပြည်ပအလုပ်အကိုင်အတွက် သင်တန်းများ တက်ရတတ်သည်။ ပစ္စည်းဥစ္စာများ စုဆောင်းရရှိရတတ်သည်။ မိမိကို လမ်းညွှန်ပေးမည့် မိတ်ဆွေကောင်းများ ပေါ်ပေါက်လိမ့်မည်။ ထိုမိတ်ဆွေကောင်းများ၏ လမ်းညွှန်အကြံပြုချက်များကို လိုက်နာကျင့်သုံးပါက ကောင်းသော အကျိုးထူးများကို ခံစားရရှိပါလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် မိမိဘာသာမိမိ အေးအေးဆေးဆေးနေသော်လည်း မနာလိုသူများ၏ ရန်ပြုတိုက်ခိုက်ခြင်းကို ခံရတတ်ပါသည်။
အချစ်ရေး
အချစ်ရေးတွင် မိမိတို့ နှစ်ဦးကြား မည်သည့် ပြဿနာမှမရှိသော်လည်း ကြားလူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် မခေါ်မပြောဘဲ စိတ်ကောက်သလို ဖြစ်နေရတတ်သည်။
အိပ်မက်
သူတော်စင်ပုဂ္ဂိုလ်များကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၅၊ ၈၊ ၉
ယတြာ
မိမိအိမ်သို့ ကြွလာသော ဘုန်းကြီးများကို ဆွမ်းဆန်စိမ်းလောင်လှူပေးပါ။
၁၅.၈.၂၀၂၂ မှ ၂၁.၈.၂၀၂၂ အထိ သောကြာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
သောကြာသားသမီးများအတွက် ဒီကာလတွင် မထင်မှတ်သော ခရီးကောင်းများ ထွက်ရတတ်သည်။ ကွဲကွာနေသော မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။ အဆက်အသွယ်ကောင်းများနှင့် ချိတ်ဆက်မိရတတ်သည်။ ဝိဇ္ဇာ မ,သကဲ့သို့ အံ့သြစရာကောင်းလောက်အောင် ကောင်းသောအခွင့်အရေးများ ကြုံတွေ့ရတတ်သည်။ အရေးကြီးသော ကိစ္စများကို ခိုင်ခိုင်မာမာပြတ်ပြတ်သားသား ဆုံးဖြတ်ရသော အဖြစ်မျိုး ကြုံတွေ့ရလိမ့်မည်။ တစ်ယောက်ထဲ လုပ်ကိုင်ရသော အလုပ်များ အောင်မြင်လိမ့်မည်။
၁၇ ရက် နောက်ပိုင်းတွင်တော့ ကံကြမ္မာကျဆင်းရတတ်သည်။ မိမိနှင့် တစ်ခါမှ အကျွမ်းမဝင်ဖူးသောသူများ၏ လိမ်ညာလှည့်စားခြင်းကို ခံရတတ်သည်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်သော ကိစ္စများ ကြုံတွေ့ရတတ်သည်။ အ
လုပ်များ၊ ရည်ရွယ်ချက်များ ရှေ့မဆက်နိုင် ဖြစ်ရတတ်သည်။ ခြေထောက်တို့ လက်တို့တွင် ထိခိုက်အနာတရ ဖြစ်ခြင်းများ ကြုံတွေ့ရတတ်သည်။ ခြေထောက်တစ်ခုလုံး လေးလံထိုင်းမှိုင်းတာတို့ လက်များ နာကျင်ကိုက်ခဲတာတို့ ကြုံတွေ့ရတတ်သည်။
အခန့်မသင့်ပါက ခွဲစိတ်ကုသမှု ဖြစ်ရတတ်သည်။ မထင်မှတ်သောအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ အနည်းငယ်သော အနှောင့်အယှက်လေးများ ကြုံတွေ့ရတတ်သည်။ ထိတ်လန့်ချောက်ခြားဖွယ် အိမ်မက်ဆိုးများ မြင်မက်ရတတ်သည်။ အိမ်ထောင်ရေးတွင် ရှုပ်ထွေးသော ပြဿနာများ ဖြစ်ပေါ်တတ်သည်။ ဘေးလူများ၏ နှောင့်ယှက်တိုက်ခိုက်ခြင်းကို ခံရတတ်သည်။ စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ အရူးတစ်ပိုင်းဖြစ်နေရတတ်သည်။
လူမှုရေး
လူမှုရေးတွင် မိမိနှင့် တွေ့ကြုံသမျှလူတိုင်းက မိမိအပေါ် အထင်အမြင်လွဲမှားပြီး မကောင်းမြင်ခြင်းကို ခံရတတ်သည်။
အချစ်ရေး
ကြားလူအနှောင့်အယှက်များ ကြုံတွေ့ရ၍ စိတ်ဝမ်းကွဲရတတ်သည်။
အိပ်မက်
လူအများ လွတ်လပ်ပျော်ရွှင်ရယ်မောနေသည်ကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၁၊ ၂၊ ၅
ယတြာ
အချုပ်အနှောင်ကျနေသော တိရိစ္ဆာန်များကို လွတ်ကင်းအောင် ကူညီလုပ်ဆောင်ပေးလိုက်ပါ။
၁၅.၈.၂၀၂၂ မှ ၂၁.၈.၂၀၂၂ အထိ စနေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
စနေသားသမီးများသည် ဒီကာလတွင် မိမိချစ်သူခင်သူများ၏ ကူညီစောင့်ရှောက်မှုကို ရရှိလိမ့်မည်။ ချစ်သူခင်သူများဆီသို့ အလည်အပတ်သွားရောက်ရတတ်သည်။ မိမိထံသို့လည်း ချစ်သူခင်သူများ အလည်အပတ်ရောက်ရှိလာတတ်သည်။ ဝမ်းသာစရာ သတင်းကောင်းများ ကြားရတတ်သည်။ ၁၇ ရက် ၁၈ ရက် ကြားရက်များတွင် အနည်းငယ်စိတ်အနှောင့်အယှက်ကလေးများ ကြုံရတတ်သည်။
တစ်ဦးဦး တစ်ယောက်ယောက်၏ အကြပ်ကိုင်ဒုက္ခပေးခြင်းကို ခံရတတ်သည်။ စိတ်တွင် တစ်ယောက်ယောက်ကပြုစားထားသကဲ့သို့ လေးလံထိုင်းမှိုင်းနေရတတ်သည်။ ရောဂါကြီးကြီးမားမားမရှိပါဘဲနှင့် ကျန်းမာရေးမကောင်းသကဲ့သို့ ခံစားရတတ်သည်။ အလုပ် လုပ်ရာတွင်လည်း စိတ်မပါသလို ခံစားရတတ်သည်။ မိမိမလုပ်ချင်သောအလုပ်များ၊ စိတ်မပါသော အလုပ်များကို အတင်းအကြပ်ခိုင်းစေခြင်း ခံရတတ်သည်။
ခွေးကိုက်ခြင်း၊ ကြောင်ကုတ်ခြင်း စသော အိမ်မွေးတိရစ္ဆာန်များ၏ ရန်ပြုတိုက်ခိုက်ခြင်းကိုခံရတတ်သည်။ ၁၈ ရက် နောက်ပိုင်းတွင်တော့ ကံကြမ္မာပြန်လည်ပွင့်လင်းလာရတတ်ပါသည်။ မိန်းမကြီးတစ်ဦးဦး၏ အကူအညီကောင်းကို ရရှိလိမ့်မည်။ ထီပေါက်သကဲ့သို့ ငွေအစုလိုက်အပြုံလိုက် ဝင်လာရတတ်သည်။ မဲပေါက်ခြင်း၊ အကြွေးပြန်ရခြင်းတို့ြ
ကုံတွေ့ရတတ်သည်။ ဝမ်းသာစရာ၊ စိတ်ချမ်းသာစရာ စာများ သတင်းများ ရောက်ရှိလာရတတ်သည်။ အလှူမင်္ဂလာများ ပြုလုပ်ရတတ်သည်။
ကောင်းသော နိမိတ်များနှင့် ကြုံတွေ့ရတတ်သည်။
လူမှုရေး
လူချစ်လူခင်များပြား၍ အထူးသဖြင့် မိန်းမများ၏ ကူညီစောင့်ရှောက်ခြင်းကို ခံရတတ်သည်။
အချစ်ရေး
ချစ်သူနှင့် မိမိကြားတွင် ပျော်ရွှင်ကြည်နူးရသော်လည်း ချစ်သူဖက်က ဆွေမျိုးမိဘများ၏ အကြပ်ကိုင် ဒုက္ခပေးခြင်းကို ခံရတတ်သည်။
အိပ်မက်
ရေပြင်ပေါ်တွင် လမ်းလျောက်နေရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၆၊ ၈၊ ၂
ယတြာ
မယ်သီလရှင်များကို ငွေနှစ်ရာ လှူဒါန်းလိုက်ပါ။
Respectfully Crd to ဆရာရဲလင်းမောင် – အင်္ဂဝိဇ္ဇာ