ၾကားသိရသမွ်

မီးကပ်က္ ျခင္ကကိုက္လို႔ ျခင္ေဆးေခြ အၿမဲလိုလိုသုံးေနရၿပီဆို မျဖစ္မေန သိထားရမယ့္ အခ်က္မ်ား

မီးကပျက် ခြင်ကကိုက်လို့ ခြင်ဆေးခွေ အမြဲလိုလိုသုံးနေရပြီဆို မဖြစ်မနေ သိထားရမယ့် အချက်များ

သင့်အိမ်မှာ ခြင်ဆေးခွေနှင့်ပရုတ်လုံးတွေံ အသုံးပြုနေပါက ဒီစာစုလေးကို မဖြစ်မနေ သိထားသင့်ပါတယ်

ကမ္ဘာ့ လူသုံးကုန် ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက်အရ နှစ်စဉ် အမေရိကန်လူမျိူး ၃၃.၁မီလ်ီယန်လောက်ဟာ အိမ်သုံးပစည်း များကြောင့် ကျန်းမာရေး ထိခိုက်ခြင်းကို ခံစား နေရတယ်လို့ ဆိုပါတယ် ။ထိုသို့ ဖြစ်ရခြင်းဟာ အိမ်သုံးပစ္စည်းများတွင် ပါဝင်သော ဓာတုပစည်း များကြောင့်လို့ သိပံပညာရှင်များက ယုံကြည်ကြပါတယ်။

( ၁ ) ခြင်ဆေးခွေ

မြန်မာနိုင်ငံံလို ခြင်ပေါတဲ့နိုင်ငံ အနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ်အရေးပါပါတယ်။ အထူးသဖြင့် နယ်ဘက်လိုနေရာ မျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါး အသုံးပြုကြပါတယ် ။ ခြင် ပြေးစေတာမို့ခြင်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာ ရောဂါတွေကိုတော့ လက်ယပ်ခေါ်နေသလို ဖြစ်စေကြောင်း တွေ့ရှိထားပါတယ် ။

သိပံပညာရှင်တွေရဲ့ စမ်းသပ်ချက်များအရ ခြင်ဆေးတစ်ခွေကနေလာသောမီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ၇၅လိပ်ကနေ ၁၃ရလိပ်ကနေထွက်လာ မီးခိုးငွေ့တွေနဲ့ညီမျှတယ်ဆိုတာသိရပါတယ်။ အဆုတ်နဲ့ပတ်သက်သောရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်းလုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။

(၂)လေသန့်ဆေးများ (air fresheners)

လေသန့်ဆေးဗူးတွေမှာဆိုရင်t်erpenesနှင့် ethylene ကိုအခြေခံထားသော glycol ether ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ပထမဒြပ်ပေါင်းဟာ လေနှင့်ထိတွေ့တာနှင့်တပြိုင်တည်း အဆိပ်ငွေ့များအဖြစ်ပြောင်းလဲသွားပြီးဒုတိယဒြပ်ပေါင်းကတော့ သူ့ပင်ကိုသဘာဝကိုကပင် အဆိပ်အတောက်များ ပါရှိပါတယ်။ဒါကြောင့် လေသန့်ဆေးဗူးတွေကိုမဖြစ်မနေအသုံးပြုမယ်ဆိုပါက လေဝင်လေထွက်ကောင်းသောနေရာမျိူးနှင့် အခန်းကျယ်များတွင်သာ အသုံးပြုသင့်တယ်နော်။

(၃)ပရုတ်လုံးံ

ပရုတ်လုံးတွင်ပါသော paradichlorobenzene ဆိုတဲ့ဒြပ်ပေါင်းဟာ တိရစ္ဆာန်များကို ကင်ဆာဖြစ်စေနိုင်ပါတယ်။လူတွေကိုတော့ ထိုသို့ကင်ဆာဖြစ်နိုင်စွမ်းရှိမရှိ သက်သေမပြနိုင်သေးသော်လည်းသတိထားသင့်သောအရာ ဖြစ်ပါတယ်။အချိူ့ပရုတ်လုံးများတွင်ပါဝင်သော naphthalene ဟာ လူတွေရဲ့ သွေးနီဥတွေကို ပျက်စီးစေတာမို့ မွေးရာပါ G6PD ချိူ့တဲ့သော ကလေးငယ်တွေအနေနဲ့ အထူးရှောင်ရှားရပါတယ်။

(၄)အမွေးတိုင်

ခြင်ဆေးခွေများမှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့အငွေ့တွေ့မှာ ကျန်းမာရေးကို ဆိုးကျိူးဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများပါဝင်တာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်နှင့်အဆုတ်ရောဂါကနေကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။

(၅)ကြိတ်သား

ယခုအခါ ကြိတ်သားဖြင့်ပြုလုပ်သော ပရိဘောဂများကို အိမ်တိုင်းနီးပါးမှာ အသုံးပြုလာကြတာတွေ့ရပါတယ်။အမြင်အားဖြင့် လှပသလို ဈေးနှုန်းကလည်း ချိူသာတာမို့ လူအသုံးများလှပါတယ်။ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပါက အန္တရယ်ရှိတာကို တွေ့ရှိရပါတယ်။

ကြိတ်သားဖြစ်လာဖို့အတွက် အသုံးပြုရသော ကော်အမျိူးအစားမှာ ureaformaldehyde ပါဝင်ပြီး ထိုကနေတဆင့် သင့်အခန်းအတွင်းသို့ အန္တရယ်ရှိသော formaldehyde များကို ထုတ်လွတ်ပေးမှာ ဖြစ်ပါတယ်။သင့်အခန်းဟာ ပူနွေးစိုစွတ်လေလေ ဖော်မယ်ဒီဟိုက်များကိုပိုမိုထုတ်လေလေဖြစ်စေမှာပါ။

ကြာရှည်ထိတွေ့ရတာနဲ့တပြိုင်နက် ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာစသော အဆုတ်ပြဿနာများကို ဖြစ်ပေါ်စေမှာမို့ သတိထားသင့်တယ်နော်။

Credit

zawgyi

မီးကပ်က္ ျခင္ကကိုက္လို႔ ျခင္ေဆးေခြ အၿမဲလိုလိုသုံးေနရၿပီဆို မျဖစ္မေန သိထားရမယ့္ အခ်က္မ်ား

သင့္အိမ္မွာ ျခင္ေဆးေခြႏွင့္ပ႐ုတ္လုံးေတြံ အသုံးျပဳေနပါက ဒီစာစုေလးကို မျဖစ္မေန သိထားသင့္ပါတယ္

ကမာၻ႔ လူသုံးကုန္ ပစၥည္းမ်ားအဖြဲ႕ရဲ႕ ေၾကညာခ်က္အရ ႏွစ္စဥ္ အေမရိကန္လူမ်ိဴး ၃၃.၁မီလ္ီယန္ေလာက္ဟာ အိမ္သုံးပစည္း မ်ားေၾကာင့္ က်န္းမာေရး ထိခိုက္ျခင္းကို ခံစား ေနရတယ္လို႔ ဆိုပါတယ္ ။ထိုသို႔ ျဖစ္ရျခင္းဟာ အိမ္သုံးပစၥည္းမ်ားတြင္ ပါဝင္ေသာ ဓာတုပစည္း မ်ားေၾကာင့္လို႔ သိပံပညာရွင္မ်ားက ယုံၾကည္ၾကပါတယ္။

( ၁ ) ျခင္ေဆးေခြ

ျမန္မာႏိုင္ငံံလို ျခင္ေပါတဲ့ႏိုင္ငံ အေနႏွင့္ေတာ့ ျခင္ေဆးေခြဟာ မရွိမျဖစ္အေရးပါပါတယ္။ အထူးသျဖင့္ နယ္ဘက္လိုေနရာ မ်ိဴးေတြမွာဆိုရင္ ျခင္ေဆးေခြကို အိမ္တိုင္းနီးပါး အသုံးျပဳၾကပါတယ္ ။ ျခင္ ေျပးေစတာမို႔ျခင္ႏွင့္ပတ္သက္ေသာ က်န္းမာေရးျပႆနာမ်ားကို တားဆီးႏိုင္ေသာ္ျငားလည္း အျခားေသာ ေၾကာက္စရာ ေရာဂါေတြကိုေတာ့ လက္ယပ္ေခၚေနသလို ျဖစ္ေစေၾကာင္း ေတြ႕ရွိထားပါတယ္ ။

သိပံပညာရွင္ေတြရဲ႕ စမ္းသပ္ခ်က္မ်ားအရ ျခင္ေဆးတစ္ေခြကေနလာေသာမီးခိုးေငြ႕ေတြဟာဆိုရင္ ေဆးလိပ္ေပါင္း ၇၅လိပ္ကေန ၁၃ရလိပ္ကေနထြက္လာ မီးခိုးေငြ႕ေတြနဲ႔ညီမွ်တယ္ဆိုတာသိရပါတယ္။ အဆုတ္နဲ႔ပတ္သက္ေသာေရာဂါဆိုးႀကီးေတြ ျဖစ္ေပၚေစဖို႔ ေကာင္းေကာင္းလုံေလာက္ေသာပမာဏပဲ ျဖစ္ပါတယ္။

(၂)ေလသန႔္ေဆးမ်ား (air fresheners)

ေလသန႔္ေဆးဗူးေတြမွာဆိုရင္t္erpenesႏွင့္ ethylene ကိုအေျခခံထားေသာ glycol ether ျဒပ္ေပါင္းေတြ ပါဝင္ပါတယ္။ပထမျဒပ္ေပါင္းဟာ ေလႏွင့္ထိေတြ႕တာႏွင့္တၿပိဳင္တည္း အဆိပ္ေငြ႕မ်ားအျဖစ္ေျပာင္းလဲသြားၿပီးဒုတိယျဒပ္ေပါင္းကေတာ့ သူ႔ပင္ကိုသဘာဝကိုကပင္ အဆိပ္အေတာက္မ်ား ပါရွိပါတယ္။ဒါေၾကာင့္ ေလသန႔္ေဆးဗူးေတြကိုမျဖစ္မေနအသုံးျပဳမယ္ဆိုပါက ေလဝင္ေလထြက္ေကာင္းေသာေနရာမ်ိဴးႏွင့္ အခန္းက်ယ္မ်ားတြင္သာ အသုံးျပဳသင့္တယ္ေနာ္။

(၃)ပ႐ုတ္လုံးံ

ပ႐ုတ္လုံးတြင္ပါေသာ paradichlorobenzene ဆိုတဲ့ျဒပ္ေပါင္းဟာ တိရစာၦန္မ်ားကို ကင္ဆာျဖစ္ေစႏိုင္ပါတယ္။လူေတြကိုေတာ့ ထိုသို႔ကင္ဆာျဖစ္ႏိုင္စြမ္းရွိမရွိ သက္ေသမျပႏိုင္ေသးေသာ္လည္းသတိထားသင့္ေသာအရာ ျဖစ္ပါတယ္။အခ်ိဴ႕ပ႐ုတ္လုံးမ်ားတြင္ပါဝင္ေသာ naphthalene ဟာ လူေတြရဲ႕ ေသြးနီဥေတြကို ပ်က္စီးေစတာမို႔ ေမြးရာပါ G6PD ခ်ိဴ႕တဲ့ေသာ ကေလးငယ္ေတြအေနနဲ႔ အထူးေရွာင္ရွားရပါတယ္။

(၄)အေမြးတိုင္

ျခင္ေဆးေခြမ်ားမွာလိုပဲ အေမြးတိုင္က ထြက္လာတဲ့အေငြ႕ေတြ႕မွာ က်န္းမာေရးကို ဆိုးက်ိဴးျဖစ္ေပၚေစေသာ ဓာတ္ေတြ အေျမာက္အမ်ားပါဝင္တာကို ေတြ႕ရပါတယ္။ ပန္းနာရင္က်ပ္ႏွင့္အဆုတ္ေရာဂါကေနကင္ဆာျဖစ္ႏိုင္သည္အထိ ဆိုးက်ိဴးျဖစ္ေပၚႏိုင္ပါတယ္။

(၅)ႀကိတ္သား

ယခုအခါ ႀကိတ္သားျဖင့္ျပဳလုပ္ေသာ ပရိေဘာဂမ်ားကို အိမ္တိုင္းနီးပါးမွာ အသုံးျပဳလာၾကတာေတြ႕ရပါတယ္။အျမင္အားျဖင့္ လွပသလို ေဈးႏႈန္းကလည္း ခ်ိဴသာတာမို႔ လူအသုံးမ်ားလွပါတယ္။ဒါေပမယ့္လည္း က်န္းမာေရးရႈေထာင့္ကၾကည့္ပါက အႏၲရယ္ရွိတာကို ေတြ႕ရွိရပါတယ္။

ႀကိတ္သားျဖစ္လာဖို႔အတြက္ အသုံးျပဳရေသာ ေကာ္အမ်ိဴးအစားမွာ ureaformaldehyde ပါဝင္ၿပီး ထိုကေနတဆင့္ သင့္အခန္းအတြင္းသို႔ အႏၲရယ္ရွိေသာ formaldehyde မ်ားကို ထုတ္လြတ္ေပးမွာ ျဖစ္ပါတယ္။သင့္အခန္းဟာ ပူေႏြးစိုစြတ္ေလေလ ေဖာ္မယ္ဒီဟိုက္မ်ားကိုပိုမိုထုတ္ေလေလျဖစ္ေစမွာပါ။

ၾကာရွည္ထိေတြ႕ရတာနဲ႔တၿပိဳင္နက္ ပန္းနာရင္က်ပ္၊အဆုတ္ကင္ဆာစေသာ အဆုတ္ျပႆနာမ်ားကို ျဖစ္ေပၚေစမွာမို႔ သတိထားသင့္တယ္ေနာ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *