ၾကားသိရသမွ်
သတိရှိကြစေဖို့…(မိတ်ဆွေတွေရဲ့သူငယ်ချင်းတွေကိုလည်းလက်ဆင့်ကမ်းပေးကြပါနော်..)
သတိရှိကြစေဖို့
ဒီနေ့ ကျနော့်ရဲ့ဖုန်းထဲကိုwave money၁၀သိန်းဝင်ခဲ့တယ်။
ကျနော်စိတ်ထင်တာကတစ်ယောက်ယောက်ကဖုန်းနံပါတ်မှားပို့မိတာဖြစ်လိမ့်မယ် ထင်ခဲ့တာ။ပို့တဲ့ဖုန်းကိုပြန်ခေါ်ကြည့်လိုက်တယ်။ ပိုက်ဆံမှားပို့မိကြောင်းပြောချင်လို့ပါ။
ကျနော်ဖုန်းခေါ်လိုက်တယ်။ ဖုန်းကိုင်ပါတယ်။အမျိုးသမီးအသံလေးပါ။
ကျနော်ကလည်းဖုန်းထဲ ပိုက်ဆံ၁၀သိန်းဝင်လာကြောင်း၊ဖုန်းနံပါတ်မှားပို့မိတာလား မေးတော့… အန်ကယ်အတွက်စပရိုက်ပါတဲ့။
ဟုတ်ပါပြီဒါဆိုရင်ထုတ်ရမဲ့ pw ကဘာလဲဆိုတော့ pw ရဖို့အတွက်အန်ကယ်member ဝင်ရမယ်တဲ့။
အဲ့ဒါနဲ့ ကျနော်ချက်ချင်းသိလိုက်ပါတယ်။လိမ်ဖို့ ကြိုးစားနေတယ်ဆိုတာကိုပါ။ကျေးဇူးပါသမီးရေဆိုပြီးဖုန်းပါဘလော့လိုက်ပါတယ်။
နောက်မကြာဘူးနောက်ထပ်နံပါတ်တစ်ခုနဲ့၁၀သိန်းထပ်ပို့ပါတယ်။ဖုန်းဆက်ကြည့်လိုက်တော့member ကြေး ၅၀၀၀၀သွင်းရင်pwရပါမယ်တဲ့။
ကဲ…
ဒီလောကကြီးမှာတခြားလို ရှာစားလို့မရတော့ဘူးလား။
တကယ်လို့များ မသိနားမလည်တဲ့သူတွေကို သွားလုပ်တယ်ဆိုရင်ပိုက်ဆံလိမ်ခံထိတော့မှာသေချာပါပဲ။
ဒီအကြောင်းအရာလေးကိုအရင်ကကြားဖူးပေမဲ့ခုမှကိုယ်တွေ့ကြုံရတာမို့သူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း သတိထားစေချင်လို့ပါ။
မိတ်ဆွေတွေရဲ့သူငယ်ချင်းတွေကိုလည်းလက်ဆင့်ကမ်းပေးကြပါနော်။
ဒီနေ့ပိုက်ဆံသိန်း၂၀ ဝင်တယ် … ?????ရေထဲ အရုပ်ရေးသလိုပေါ့။
Credit
zawgyi
သတိရှိကြစေဖို့
ကဲ…
C r e d i t
Leave a Reply
Your email address will not be published. Required fields are marked *