အေထြအေထြဗဟုသုတ

မနက်စောစော မထချင်တဲ့ ညဉ့်နက်မှ အိပ်တတ်တဲ့ သူလေးတွေရဲ့ အားသာချက်မျာ;

မနက်စောစော မထချင်တဲ့ ညဉ့်နက်မှ အိပ်တတ်တဲ့ သူလေးတွေရဲ့ အားသာချက်များ…စောစောထတဲ့ ငှက်ကလေးတွေက အစာ၀၀ စားရတယ်ဆိုတဲ့ စကားလေးရှိပါတယ်။ ဒါကတော့ တခြားငှက်ကလေးတွေအတွက်ပဲ မှန်တဲ့ စကားဖြစ်မယ်ထင်ပါတယ်။

ဘာလို့ဆို ညဘက်နောက်ကျမှအိပ်တဲ့ night owl လေးတွေမှာ ပိုကောင်းတဲ့ အားသာချက်လေးတွေ ရှိနေလို့ပါ။မနက်စောစောမထချင်တဲ့ ၊ ညဘက်အလုပ်လုပ်ရတာကြိုက်တဲ့ night owl လေးတွေရဲ့ အားသာချက်တွေက ဘာတွေများလဲ။

(၁) အေးချမ်းတယ်

သင်ဟာညဘက်မှာ အလုပ်လုပ်ရတာ ကြိုက်တဲ့ night owl တစ်ယောက် ဖြစ်မယ်ဆိုရင် ဆူညံသံတွေ လုံးဝမရှိတဲ့ညဘက်မှာ အလုပ်လုပ်ရတာက နေ့ဘက်မှာ လုပ်တာထက် စိတ်ဖိစီးမှုတွေ နည်းတယ်ဆိုတာ သိမှာပါ။ဆိတ်ငြိမ်အေးချမ်းတဲ့ ခံစားချက်ကို အပြည့်အ၀ ခံစားလို့ရတာ ညအချိန်ပါ။

(၂) သတိကောင်းတယ်

နေ့ခင်း အလုပ်လုပ်သူတွေထက် ညအချိန်မှာ အလုပ်လုပ်တဲ့ night owl တွေက ပိုပြီးနိုးနိုးကြားကြားရှိကြောင်း၊ သတိပိုရှိတယ်ဆိုတဲ့ အကြောင်းကို ပညာရှင်တွေက ထုတ်ပြန်ခဲ့ကြပါတယ်။

(၃) အလုပ်ကြိုးစားသူလေးတွေ

အိပ်ချိန်မှာ မအိပ်ဘဲ အလုပ်လုပ်နေတယ် ဆိုကတည်းက အလုပ်ဘယ်လောက် ကြိုးစားလည်း ထင်ရှားနေပါတယ်။ပြီးတော့ နေ့ဘက်အလုပ်လုပ်သူတွေကို ညဘက်မှာအလုပ်လုပ်ခိုင်းလို့မရပေမယ့်၊ ညဘက်အလုပ်လုပ်လေ့ရှိတဲ့သူတွေက နေ့ခင်းဘက်မှာလည်း ကောင်းကောင်းလုပ်နိုင်ပါတယ်တဲ့။

(၄) ပိုသန်မာကြတယ်

ညနေပိုင်းနဲ့ ညဘက်အချိန်တွေမှာ နာ့ဗ်ကြောမကြီးနဲ့ မှတ်ဉာဏ်ဆဲလ်တွေရဲ့ လုပ်ဆောင်မှုက ပိုကောင်းတာကြောင့် ညအချိန်မအိပ်ဘဲ နေတဲ့သူတွေဟာ အတွေးအခေါ်ပိုင်းမှာ ပိုကောင်းရုံမက ခန္ဓာကိုယ်ကလည်းပိုသန်မာကြပါတယ်တဲ့။

(၅) ဉာဏ်ပိုကောင်း

ခုနကပြောခဲ့သလိုပါပဲ ညဘက်မှာ ကျောရိုးနာ့ဗ်ကြောမကြီးနဲ့ မှတ်ဉာဏ်ဆဲလ်တွေရဲ့ လုပ်ဆောင်မှုက ပိုကောင်းတာကြောင့် night owl တွေ ဉာဏ်ပိုကောင်းတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။IQ test တွေလုပ်လိုက်တိုင်းမှာ ရလဒ်ကောင်းနေတာကလည်း ညဘက်မအိပ်ကြတဲ့ သူလေးတွေပါပဲ။

(၆) ဆန်းသစ်တီထွင်နိုင်စွမ်းပိုရှိ

ပုံမှန်အိပ်ချိန်တွေအတိုင်း အိပ်တတ်တဲ့သူတွေထက် ဖြန့်ကျက်တွေးခေါ်နိုင်စွမ်း ရှိတာကြောင့် ညဘက်မအိပ်ဘဲ အလုပ်,လုပ်တဲ့သူတွေမှာ ဆန်းသစ်တီထွင်နိုင်စွမ်း ပိုရှိပါတယ်။

(၇) စိတ်သက်တောင့်သက်သာရှိ

ညဘက်အလုပ်လုပ်တဲ့သူတွေမှာ စိတ်ဓာတ်ကျစေတဲ့ Cortisol Hormone ထွက်ရှိမှုနည်းတာကြောင့် ပုံမှန်အလုပ်ချိန်အတိုင်းလုပ်တဲ့သူတွေထက် စိတ်ဖိစီးမှုနည်းပြီး စိတ်သက်တောင့်သက်သာရှိနေပါတယ်။

(၈) လွတ်လပ်မှုကို အပြည့်အ၀ ခံစားရတယ်

ညဘက်မှာ email ပို့မယ်သူ၊ ဖုန်းခေါ်မယ့်သူ၊ တွေ့ဖို့ချိန်းမယ့်သူလည်း တစ်ယောက်မှမရှိတာမို့ လုံးဝအာရုံမနောက်တော့ဘဲ လွတ်လပ်မှုကို အပြည့်အဝခံစားရနိုင်တာပေါ့။စောစောမထလို့ အစာမဝဘူးလို့ အပြောခံရတဲ့ ဇီးကွက်လေးတွေရဲ့ အားသာချက်တွေကတော့ အံ့မခန်းဘဲနော်။ ဒီထဲမပါတာတွေ ရှိသေးရင်လည်း ပြောသွားခဲ့ပါဦး night owl လေးတို့ရေ။

Credit

Unicode

Leave a Reply

Your email address will not be published. Required fields are marked *