“မရတော့ဘူး ဆရာရယ် လေးဖက်ထောက်ဖို့ပဲ ကျန်တော့တယ်”
”ကောက်ထား သမီးရေ ကောက်ထား”..”ကောက်ထားတယ် ဆရာ”..”နည်းနည်း ထပ်ကောက်”..”မရတော့ဘူး ဆရာရယ်..ဒီထပ်ကောက်ရင် လေးဖက်ထောက်ဖို့ပဲ ကျန်တော့တယ်”
ဓာတ်ပုံရိုက်စားရသည်မှာလည်း မလွယ်လှတချို့က ကဂျီကဂျောင် ကျနိုင်လှသည်။အများစုကတော့ မိန်းခလေးများသာ ..
”ဆရာ..သမီးလှလား””လှတယ်သမီး..ဒီထပ်ကောက်ရင်ပိုလှတယ်”
”ကောက်လို့မရတော့ဘူး ဆရာသမီး လေးဖက်ပဲထောက်လိုက်တော့မယ်“ ပြောပြောဆိုဆို ဇွက်ကနဲ လေးဖက်ထောက်ချလိုက်သည်။သိပ်တော့ အမြင်မတော်လှ..
”ရပြီလား ဆရာ””အင်း ..သမီးမျက်နှာမပေါ်နေဘူး ဒီဖက်နည်းနည်းလှည့်လိုက်ပါလား”..”ရတယ် ဆရာ..သမီးက ဖင်ပဲ အဓိကရိုက်ချင်တာ .. ဖင်ရိုက်ပြမှ Like ကရမှာ”
”ဪ..ပထမဦးစားပေးက ဖင်ပေါ့””ဟုတ်”..ခွီး”…တခါကလည်း ထမင်းဆိုင်တစ်ဆိုင်က ”သူ့ဆိုင်လေးကြော်ငြာချင်လို့ပါ”ဆိုပြီး ကျွန်ု်ပ်ဆီ ရောက်လာသည်။ ဟိုရောက်တော့..
”ဘယ်မတုန်း ခများဆိုင်”..”ဒီမှာလေ””ဟင်”…တကယ် ဘုရားစူး ထမင်းဆိုင် ၂ပေပတ်လည် စားပွဲ ၃လုံးနဲ့ ၁ပေ ပတ်လည်ခန့် ရှိတဲ့ ကောင်တာ
”ဒါကို ကြော်ငြာမယ်ဟုတ်လား””အင့်လေ”..ထို့နောက် ပဲပြုတ်ထမင်းကြော် တစ်ပွဲလာချပေးသည်..”ရပါတယ်ဗျာ..ကျနော်မဆာသေးပါဘူး အားနာစရာကြီး”
”ဟမ့်..ခင်များကိုလည်း မကျွေးပါဘူး စားချင်ရင် ပိုက်ဆံပေး”..“ငင့်”..”လောလောဆယ် အာ့ထမင်းကြော်ကို ကြက်သားပါအောင် ရိုက်ပေး”…”မြတ်စွာဘုရား”..
”ကင်မရာထဲမှာ ကြက်သား effect မှမပါပဲ”..”အဲ့လောက်တော့ ဓာတ်ပုံဆရာလုပ်တတ်မှာပါ အဓိက ကြော်ငြာဖို့ပဲလေ အပြင်မှာ ပါတာ မပါတာ အကြောင်းမဟုတ်ဘူး”
”အွန့်”..တခါတလေတော့လည်း ဓာတ်ပုံရိုက်တဲ့ဘဝကို စိတ်ပျက်မိသည်။သို့သော်လည်း ဝမ်းရေးကရှိသေးသည်မို့ စိတ်မပါသော်လည်း ရိုက်နေရသည်ကျွန်ုပ် မရိုက်ချင်ဆုံးကတော့ မင်္ဂလာဆောင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်..သတို့သား သတို့သမီးများထက် နှစ်ဖက်သော အမျိုးများက အကဲပိုလှ၏”ဟဲ့..အလတ်မ လာစမ်း ဓာတ်ပုံဆရာ ရှိတုန်းလေး ရိုက်ရအောင် ”
စောစောစီးစီး ဘုန်းကြီးတောင် ဆွမ်းမစားသေး အမျိုးများက ဓာတ်ပုံရိုက်ရန် တန်းစီနေကြလေပြီ ”ဆရာ .. သမီးလှလား”..”လှတယ်..သမီး ဟိုဖက်လှည့်လိုက်ရင် ပိုလှမယ်”
”ဟမ့်” တခါတလေ ဒင်းတို့က ရိုက်တာနှင့်တင် အားမရပဲ ကျွနု်ပ်ဆီပြေးလာပြီး ”ပြကျိ..စောနားပုံ ဟင့်..လှလည်းလှဘူး ဖျက်လိုက် အသစ်ထပ်ရိုက်မယ်”
”ဟဲ့ကောင်မ..ငါ့ပုံကလှတယ် နင့်ပုံပဲ မလှတာ..မဖျက်နဲ့”..”ဖျက်ပစ်”မိမိကင်မရာသာ ပ.စ်ပေးလိုက်ချင်တော့သည်။တချို့များကျတော့လည်း ဓာတ်ပုံမရိုက်ပဲ
ကင်မရာအနီးနားတဝိုက် ဝေ့လည်ကြောင်ပတ်နှင့် နေနေတတ်ကြသည်။အများစုကတော့ ယောကျ်ားလေးများဖြစ်ကြပြီး လူလစ်ပါက ”အဲ့ကင်မရာက ဘာအမျိုးအစားတုန်း”
”ဘယ်လောက်ပေးရတုန်း”..”ရေစိမ်ခံလား”..”အဂါင်္ဂြိုလ်ကို ရိုက်လို့ရလား” စသဖြင့် လာရောက်မေးမြန်းကြသည်။ မိန်းခလေးများ စပ်စုတာကျ ဓာတ်ပုံကိစ္စနှင့် လားလားမှ မသက်ဆိုင်ပဲ ..
”ဆရာ..တခုလောက်မေးမလို့”..”အင်း..မေးလေ”..”သတို့သားဘက်က ဘယ်လောက်နဲ့ တင်တောင်းတာလည်း သိလား”.”ဟင်””ဝတ်စုံကရော..ကွကို ချုပ်တာလား ငှါးလာတာလား”
”ဟာ..ဘယ်သိမတုန်းဗျ..သိချင် သွားမေးပါလား”..”အို..မေးစရာလား သိက္ခာကျတယ်”..”ဟမ့်”ဆံပင်ဆွဲပြီး ကင်မရာဖြင့် ရိုက်ပစ်ချင်သည်။
ကျွန်ုပ် မင်္ဂလာမဆောင်ချင်သည်မှာလည်း အဲဒါတွေကြောင့် ဖြစ်သည်။(သိပ်တော့မဆိုင်)တကယ်တမ်းတော့ ဘာရယ်မဟုတ် ဓာတ်ပုံဆရာများသည် မစားရအညော်ခံများသာ ဖြစ်ကြောင်းနှင့်
ခုတလော ပွက်ပွက်ထနေသည့် မင်္ဂလာဆောင်တစ်ခုနှင့်ပက်သက်၍ ဤစာအား ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း..ကျနော် ပြန်လာခဲ့ပါအုံးမယ်…စိန်သောင်း
Share From Cele Channel
Credit