ၾကားသိရသမွ်

ေဆးလိပ္ေသာက္ ကြမ္းယာစားသူေတြသိထားသင့္တဲ့ ေဆး႐ြက္ႀကီးအေၾကာင္း

အခုတစ်ခေါက်မှာတော့ ဆေးလိပ် နှင့် ဆေးရွက်ကြီးရဲ့အန္တရာယ်များအကြောင်းပြောပြပေးပါမည်။

ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးအစား

ဆေးရွက်ကြီးထွက်ပစ္စည်းကို (၂)မျိုးခွဲခြားနိုင်သည်။

(၁) အငွေ့ထွက်သောဆေးရွက်ကြီးထွက်ပစ္စည်း ( စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ်၊

ကွမ်းဖက်လိပ်၊ ရေပြောင်း၊ ပွတ်ချွန်း၊ ဘီဒီ စသည်တို့ပါဝင်သည်။ )

(၂) အငွေ့မထွက်သောဆေးရွက်ကြီးထွက်မစ္စည်း ( ကွမ်းထဲတွင် ဗမာဆေး၊ နှပ်ဆေး၊ ဆေးပေါင်း စသည့်ဆေး ထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည်တို့ပါဝင်သည်။)

ဆေးလိပ်မီးခိုးငွေ့တွင်ပါဝင်သောဓါတ်ပစ္စည်းများ

ဆေးလိပ်မီးခိုးငွေ့တွင်ကင်ဆာရောဂါဖြစ်စေတတ်သော ဓါတ်ပစ္စည်း (၅၀) ကျော်အပါအဝင် ဓါတ်ပစ္စည်းပေါင်း ( ၄၀၀၀) ကျော်ပါဝင်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီးကိုအဘယ်ကြောင့်စွဲလမ်းကြသနည်း။

ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓါတ်ကိုစွဲလမ်းကြခြင်းဖြစ်ပါသည်။

နီကိုတင်း၏ စွဲလမ်းတတ်သော အာနိသင်ကြောင့် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ် တို့ကို စတင်စမ်းသပ်သောက်သုံး ကြည့်ရာမှတဖြည်းဖြည်းပို၍စွဲလမ်းလာပြီးဆေးလိပ်မသောက်ရမနေနိုင်အောင်၊ ကွမ်းမစား/ဆေးမငုံရ မနေနိုင်အောင်ဖြစ်လာကြသည်။

ဖြစ်ပွားစေသောရောဂါများ

ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ဆေးလိပ်ငွေ့ကိုရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်းတို့ကြောင့်အောက်ပါရောဂါများကိုဖြစ်ပွားစေပါသည်။

ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် ကင်ဆာရောဂါအမျိုးမျိုးနှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်း၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်းဦးနှောက်သွေးကြောပိတ်၍လေဖြတ်ခြင်းအဆုတ်ပြွန်ရောင်ခြင်း (အဆုတ်ပွရောဂါ)ပြင်းထန်သည့်သွေးတိုးရောဂါခြေပုတ်၊ လက်ပုတ်ရောဂါ (ခြေ၊ လက် ဖြတ်ပစ်ရသည်အထိဖြစ်နိုင်ပါသည်။)ပန်းသေ၊ ပန်းညှိုးရောဂါကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ဆေးလိပ်ငွေ့ကိုရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်းတို့ကြောင့် အထက်ဖော်ပြပါရောဂါများအပြင် အောက်ပါတို့ကိုဖြစ်ပွါးစေပါသည်။

သားပျက်၊ သားလျှောခြင်း (ကိုယ်ဝန်ပျက်ခြင်း)လမစေ့၊ ပေါင်မပြည့်သောခလေးမွေးဖွားခြင်းမွေးရာပါကိုယ်အင်္ဂါ ချို့ယွင်းချက်ပါလာခြင်းမွေးကင်းစခလေးရုတ်တရက်သေဆုံးခြင်းခလေးအသေမွေးဖွားခြင်းဆေးလိပ်သောက်သုံးသူ၏ ပတ်ဝန်းကျင်အတွက် အန္တရာယ်ဆေးလိပ်ငွေ့ကိုရှူရှိုက်ရသောလသားခလေး ရုတ်တရက်သေဆုံးခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်း။

ခလေးငယ်များရင်ကြပ်၊ ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်း။

ဆေးလိပ်ငွေ့သည်သောက်သုံးသူကိုသာမက ရှူရှိုက်ရသော ပတ်ဝန်းကျင်ရှိ လူများကိုပါ ထိခိုက်စေပါသည်။ သို့ဖြစ်၍ အများပြည်သူနှင့်ဆိုင်သောနေရာများ

(ဥပမာ- ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ လေအေးပေးစက်တပ်ထားသော အလုံပိတ်အခန်းများ၊ ခရီးသည်တင်ယာဉ်များ စသည်တွင် ဆေးလိပ်မသောက်သင့်ပါ။)

ကျန်းမာရေး အသိရှိသူတိုင်းအောက်ပါတို့ကို သတိပြုလိုက်နာပါ။

ဆေးလိပ်၊ ဆေးရွက်ကြီးတို့ကိုအစပြုလျှင်စွဲတတ်သောကြောင့် လုံးဝအစပြုပါနှင့်။

မိဘပြည်သူများက သားသမီးများနှင့် ခလေးသူငယ်များကို ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း အစမပြုမိစေရန် ဝိုင်းဝန်းစောင့်ရှောက်ကြပါ။

သတိပေးကြပါ ခလေးငယ်များရှေ့တွင်ဆေးလိပ်သောက်ခြင်း၊ ခလေးငယ်များအားဆေးလိပ်မီးညှိခိုင်းခြင်း၊ ဆေးလိပ်ဝယ်ခိုင်းခြင်းတို့ကိုရှောင်ကြဉ်ပါ။

မိမိကိုယ်တိုင်လည်းဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းရှိလျှင်ဖြတ်နိုင်ရန်ကြိုးစားပါ။

မိသားစုဝင်များနှင့် မိတ်ဆွေများ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်နိုင်ရန်လည်း တိုက်တွန်းအားပေး ကူညီပါ။

လိုအပ်ပါကနီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့်ဆွေးနွေးတိုင်ပင်ပါ။

Credit

zawgyi

အခုတစ္ေခါက္မွာေတာ့ ေဆးလိပ္ ႏွင့္ ေဆး႐ြက္ႀကီးရဲ႕အႏၱရာယ္မ်ားအေၾကာင္းေျပာျပေပးပါမည္။

ေဆး႐ြက္ႀကီးထြက္ပစၥည္းအမ်ိဳးအစား

ေဆး႐ြက္ႀကီးထြက္ပစၥည္းကို (၂)မ်ိဳးခြဲျခားနိုင္သည္။

(၁) အေငြ႕ထြက္ေသာေဆး႐ြက္ႀကီးထြက္ပစၥည္း ( စီးကရက္၊ ေဆးျပင္းလိပ္၊ ေဆးေပါ့လိပ္၊ ေဆးတံ၊ ေျပာင္းဖူးဖက္လိပ္၊

ကြမ္းဖက္လိပ္၊ ေရေျပာင္း၊ ပြတ္ခြၽန္း၊ ဘီဒီ စသည္တို႔ပါဝင္သည္။ )

(၂) အေငြ႕မထြက္ေသာေဆး႐ြက္ႀကီးထြက္မစၥည္း ( ကြမ္းထဲတြင္ ဗမာေဆး၊ ႏွပ္ေဆး၊ ေဆးေပါင္း စသည့္ေဆး ထည့္စားျခင္း၊ ေဆး႐ြက္ႀကီးငုံျခင္း စသည္တို႔ပါဝင္သည္။)

ေဆးလိပ္မီးခိုးေငြ႕တြင္ပါဝင္ေသာဓါတ္ပစၥည္းမ်ား

ေဆးလိပ္မီးခိုးေငြ႕တြင္ကင္ဆာေရာဂါျဖစ္ေစတတ္ေသာ ဓါတ္ပစၥည္း (၅၀) ေက်ာ္အပါအဝင္ ဓါတ္ပစၥည္းေပါင္း ( ၄၀၀၀) ေက်ာ္ပါဝင္သည္။

ေဆးလိပ္၊ ေဆး႐ြက္ႀကီးကိုအဘယ္ေၾကာင့္စြဲလမ္းၾကသနည္း။

ေဆး႐ြက္ႀကီးတြင္ပါဝင္ေသာ နီကိုတင္းဓါတ္ကိုစြဲလမ္းၾကျခင္းျဖစ္ပါသည္။

နီကိုတင္း၏ စြဲလမ္းတတ္ေသာ အာနိသင္ေၾကာင့္ စီးကရက္၊ ေဆးျပင္းလိပ္၊ ေဆးေပါ့လိပ္ တို႔ကို စတင္စမ္းသပ္ေသာက္သုံး ၾကည့္ရာမွတျဖည္းျဖည္းပို၍စြဲလမ္းလာၿပီးေဆးလိပ္မေသာက္ရမေနနိုင္ေအာင္၊ ကြမ္းမစား/ေဆးမငုံရ မေနနိုင္ေအာင္ျဖစ္လာၾကသည္။

ျဖစ္ပြားေစေသာေရာဂါမ်ား

ကိုယ္တိုင္ေဆးလိပ္ေသာက္ျခင္း၊ သူတစ္ပါး၏ေဆးလိပ္ေငြ႕ကိုရႉရွိုက္ရျခင္းႏွင့္ ေဆးပါေသာကြမ္းစားျခင္းတို႔ေၾကာင့္ေအာက္ပါေရာဂါမ်ားကိုျဖစ္ပြားေစပါသည္။

ခံတြင္းကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ အဆုတ္ကင္ဆာ ႏွင့္ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးႏွလုံးေသြးေၾကာက်ဥ္း၊ ေသြးေၾကာပိတ္ျခင္း၊ ႐ုတ္တရက္ႏွလုံးခုန္ရပ္ျခင္းဦးႏွောက္ေသြးေၾကာပိတ္၍ေလျဖတ္ျခင္းအဆုတ္ႁပြန္ေရာင္ျခင္း (အဆုတ္ပြေရာဂါ)ျပင္းထန္သည့္ေသြးတိုးေရာဂါေျခပုတ္၊ လက္ပုတ္ေရာဂါ (ေျခ၊ လက္ ျဖတ္ပစ္ရသည္အထိျဖစ္နိုင္ပါသည္။)ပန္းေသ၊ ပန္းညွိုးေရာဂါကိုယ္ဝန္ေဆာင္မိခင္မ်ားကိုယ္တိုင္ေဆးလိပ္ေသာက္ျခင္း၊ သူတစ္ပါး၏ေဆးလိပ္ေငြ႕ကိုရႉရွိုက္ရျခင္းႏွင့္ ေဆးပါေသာကြမ္းစားျခင္းတို႔ေၾကာင့္ အထက္ေဖာ္ျပပါေရာဂါမ်ားအျပင္ ေအာက္ပါတို႔ကိုျဖစ္ပြါးေစပါသည္။

သားပ်က္၊ သားေလွ်ာျခင္း (ကိုယ္ဝန္ပ်က္ျခင္း)လမေစ့၊ ေပါင္မျပည့္ေသာခေလးေမြးဖြားျခင္းေမြးရာပါကိုယ္အဂၤါ ခ်ိဳ႕ယြင္းခ်က္ပါလာျခင္းေမြးကင္းစခေလး႐ုတ္တရက္ေသဆုံးျခင္းခေလးအေသေမြးဖြားျခင္းေဆးလိပ္ေသာက္သုံးသူ၏ ပတ္ဝန္းက်င္အတြက္ အႏၱရာယ္ေဆးလိပ္ေငြ႕ကိုရႉရွိုက္ရေသာလသားခေလး ႐ုတ္တရက္ေသဆုံးျခင္း၊ အဆုတ္ေရာဂါျဖစ္ျခင္း။

ခေလးငယ္မ်ားရင္ၾကပ္၊ ပန္းနာျဖစ္ျခင္း၊ နားျပည္ယိုျခင္း။

ေဆးလိပ္ေငြ႕သည္ေသာက္သုံးသူကိုသာမက ရႉရွိုက္ရေသာ ပတ္ဝန္းက်င္ရွိ လူမ်ားကိုပါ ထိခိုက္ေစပါသည္။ သို႔ျဖစ္၍ အမ်ားျပည္သူႏွင့္ဆိုင္ေသာေနရာမ်ား

(ဥပမာ- ေဆး႐ုံ၊ ေဆးခန္း၊ စာသင္ေက်ာင္းမ်ား၊ ေလေအးေပးစက္တပ္ထားေသာ အလုံပိတ္အခန္းမ်ား၊ ခရီးသည္တင္ယာဥ္မ်ား စသည္တြင္ ေဆးလိပ္မေသာက္သင့္ပါ။)

က်န္းမာေရး အသိရွိသူတိုင္းေအာက္ပါတို႔ကို သတိျပဳလိုက္နာပါ။

ေဆးလိပ္၊ ေဆး႐ြက္ႀကီးတို႔ကိုအစျပဳလွ်င္စြဲတတ္ေသာေၾကာင့္ လုံးဝအစျပဳပါႏွင့္။

မိဘျပည္သူမ်ားက သားသမီးမ်ားႏွင့္ ခေလးသူငယ္မ်ားကို ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္း အစမျပဳမိေစရန္ ဝိုင္းဝန္းေစာင့္ေရွာက္ၾကပါ။

သတိေပးၾကပါ ခေလးငယ္မ်ားေရွ႕တြင္ေဆးလိပ္ေသာက္ျခင္း၊ ခေလးငယ္မ်ားအားေဆးလိပ္မီးညွိခိုင္းျခင္း၊ ေဆးလိပ္ဝယ္ခိုင္းျခင္းတို႔ကိုေရွာင္ၾကဥ္ပါ။

မိမိကိုယ္တိုင္လည္းေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္းရွိလွ်င္ျဖတ္နိုင္ရန္ႀကိဳးစားပါ။

မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြမ်ား ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္းကိုျဖတ္နိုင္ရန္လည္း တိုက္တြန္းအားေပး ကူညီပါ။

လိုအပ္ပါကနီးစပ္ရာ က်န္းမာေရးဝန္ထမ္းႏွင့္ေဆြးေနြးတိုင္ပင္ပါ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *