အိမ်တွေမှာ ၊ ဆိုင်တွေ ၊ အရက် ဘီယာဆိုင်တွေမှာ နာမည် ကြီးတဲ့ ဟင်းပွဲ အမြည်းပွဲ အဖြစ် စားသုံးကြပါတယ်
မြန်မာနိုင်ငံရဲ့ ရိုးရာဟင်းအမယ်မဟုတ်ပေမယ့် ဆိုင်တွေမှာဟင်း အမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် ( ခေါ်) ဆေးဘဲဥသုပ်ကို လူတိုင်းစားဖူးကြမှာပါ။
အထူးသဖြင့် ဘီယာသောက်တတ်တဲ့ လူငယ်တွေအကြားမှာဖီတန်ဟာ အမြည်းတစ်ခုအဖြစ် အမြဲဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ်လည်း ဖြစ်ပါတယ်။
ဖီတန်လို့ခေါ်တဲ့ ဆေးဘဲဥ ရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီး ဆေးဘဲဥ ရဖို့အတွက် လပေါင်းများစွာ ကြာအောင် လုပ်ကြရပါတယ်။
အဲ့ဒီနောက်မှာ တော့ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီးပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ်။
အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင် ငယ်ရေနံ့ ) ဘက်သို့ ပြောင်းလဲသွားပါတယ်။
PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။ ဒါက ရိုးရာနည်းပါ။
ဒါပေမယ့် ဈေးကွက်မှာ ဝယ်လိုအား များလာတဲ့အခါ စီးပွားရေး သမားတွေဟာ ရိုးရာနည်းအတိုင်း လုပ်ဖို့အလျင်မမီတာကြောင့် ပိုမိုမြန်မြန်ဆန်ဆန်နဲ့ဆေးဘဲဥဖြစ်တဲ့နည်းကို ဓာတုဗေ ဆေးတွ သုံးပြီး လုပ်လာကြပါတယ်။
အဲ့တာကတော့ alcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ် ရက်အတွင်:ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမပျက် ရရှိစေ တာမို့အချိန်ကုန်ခံထုတ်လုပ် လာတာပါပဲ။
ဆိုးကျိုးအနေနဲ့တော့ ခဲဓာတ် များစွာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။
ဒီလို ခဲဓာတ် များပြားတဲ့ အစားအစာကို စားမိရင် လူတွေဟာ ခဲဆိပ်သင့်မှုတွေဖြစ်ပြီး အသက်တိုပါတယ်။
ခဲဆိပ်သင့်ခြင်းရဲ့ ကြောက်စရာဆိုးကျိုးတွေကတော့ဦးနှောက်မြေး ရောင်ရမ်းခြင်း ၊ခန္တာကိုယ်က ကြွက်သားများနာကျင်ခြင်းမောပန်း နွမ်းနယ်ခြင်း ၊အော့အန်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့်ခြင်း ၊ ဝမ်းချူပ် ဝမ်းလျောခြင်း ၊ သွားပိုးစားခြင်း ၊သုတ်ကောင်များနည်းသွားခြင်း အာရုံစူးစိုက်မှုအား နည်းခြင်း အပြင်သွေးပေါင်တက်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ် လို့သိရပါတယ်။
ဒါကြောင့် ဆေးဘဲဥ ကြိုက်သူများ ၊ ဖီတန်သုပ်ကြိုက်သူများတို့ရေ..
ကျန်းမာရေးအသိ ကျန်းမာရေး သတိလေးနဲ့ စားသုံးနိုင်အောင် သတိပေးတင်ဆက်ပေးလိုက်ပါတယ်နော်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
zawgyi
အိမ္ေတြမွာ ၊ ဆိုင္ေတြ ၊ အရက္ ဘီယာဆိုင္ေတြမွာ နာမည္ ႀကီးတဲ့ ဟင္းပြဲ အျမည္းပြဲ အျဖစ္ စားသုံးၾကပါတယ္
ျမန္မာနိုင္ငံရဲ႕ ရိုးရာဟင္းအမယ္မဟုတ္ေပမယ့္ ဆိုင္ေတြမွာဟင္း အမယ္ တစ္ခုအျဖစ္ ပါဝင္ေနတဲ့ ဖီတန္သုပ္ ( ေခၚ) ေဆးဘဲဥသုပ္ကို လူတိုင္းစားဖူးၾကမွာပါ။
အထူးသျဖင့္ ဘီယာေသာက္တတ္တဲ့ လူငယ္ေတြအၾကားမွာဖီတန္ဟာ အျမည္းတစ္ခုအျဖစ္ အၿမဲျဖည့္ဆည္းေပးခဲ့တဲ့ ဟင္းအမယ္လည္း ျဖစ္ပါတယ္။
ဖီတန္လို႔ေခၚတဲ့ ေဆးဘဲဥ ရဲ႕ အစက တ႐ုတ္နိုင္ငံက ျဖစ္ၿပီးေတာ့ သူတို႔ဟာ ႐ြံ႕ေျမ ၊ ဆား၊ ထုံး၊ ထမင္း ေပ်ာ့ စတာေတြကိုလိုအပ္သလိုထည့္ၿပီး ေဆးဘဲဥ ရဖို႔အတြက္ လေပါင္းမ်ားစြာ ၾကာေအာင္ လုပ္ၾကရပါတယ္။
အဲ့ဒီေနာက္မွာ ေတာ့ စိမ္းပုတ္ေရာင္မွသည္ မီးခိုးေရာင္ ၊မီးခိုးေရာင္မွသည္ အညိုနက္ေရာင္သို႔ေျပာင္းလဲသြားၿပီးျပစ္ခဲမႈ မွာလည္း အရည္အျဖစ္မွ ဂ်ယ္လီအျဖစ္သို႔ေျပာင္းလဲသြားပါတယ္။
အနံ႕ မွာလည္း ကန႔္ sulphur ႏွင့္ အမိုးနီးယား (က်င္ ငယ္ေရနံ႕ ) ဘက္သို႔ ေျပာင္းလဲသြားပါတယ္။
PH level သည္လည္း ၉ -၁၀ ၾကားေျပာင္းလဲၿပီး ျပင္းအားမ်ားေသာ အယ္လ္ကာလိုင္း ျဖစ္သြားပါတယ္။ ဒါက ရိုးရာနည္းပါ။
ဒါေပမယ့္ ေဈးကြက္မွာ ဝယ္လိုအား မ်ားလာတဲ့အခါ စီးပြားေရး သမားေတြဟာ ရိုးရာနည္းအတိုင္း လုပ္ဖို႔အလ်င္မမီတာေၾကာင့္ ပိုမိုျမန္ျမန္ဆန္ဆန္နဲ႕ေဆးဘဲဥျဖစ္တဲ့နည္းကို ဓာတုေဗ ေဆးတြ သုံးၿပီး လုပ္လာၾကပါတယ္။
အဲ့တာကေတာ့ alcium hydroxide ႏွင့္ sodium carbonate ေပ်ာ္ရည္တြင္ ဘဲဥကိုစိမ္ျခင္းက ဆယ္ ရက္အတြင္:ပုံမွန္ရိုးရာနည္း ျဖင့္ျပဳလုပ္ေသာ လအနည္းငယ္ၾကာ ေဆးဘဲဥကို ပုံမွန္အရသာမပ်က္ ရရွိေစ တာမို႔အခ်ိန္ကုန္ခံထုတ္လုပ္ လာတာပါပဲ။
ဆိုးက်ိဳးအေနနဲ႕ေတာ့ ခဲဓာတ္ မ်ားစြာ ပါဝင္လာတာပဲ ျဖစ္ပါတယ္။
ဒီလို ခဲဓာတ္ မ်ားျပားတဲ့ အစားအစာကို စားမိရင္ လူေတြဟာ ခဲဆိပ္သင့္မႈေတြျဖစ္ၿပီး အသက္တိုပါတယ္။
ခဲဆိပ္သင့္ျခင္းရဲ႕ ေၾကာက္စရာဆိုးက်ိဳးေတြကေတာ့ဦးႏွောက္ေျမး ေရာင္ရမ္းျခင္း ၊ခႏၱာကိုယ္က ႂကြက္သားမ်ားနာက်င္ျခင္းေမာပန္း ႏြမ္းနယ္ျခင္း ၊ေအာ့အန္ျခင္း ၊ ဗိုက္နာ ဗိုက္ေအာင့္ျခင္း ၊ ဝမ္းခ်ဴပ္ ဝမ္းေလ်ာျခင္း ၊ သြားပိုးစားျခင္း ၊သုတ္ေကာင္မ်ားနည္းသြားျခင္း အာ႐ုံစူးစိုက္မႈအား နည္းျခင္း အျပင္ေသြးေပါင္တက္ၿပီး အသက္ေသဆုံးတဲ့အထိ ျဖစ္နိုင္တယ္ လို႔သိရပါတယ္။
ဒါေၾကာင့္ ေဆးဘဲဥ ႀကိဳက္သူမ်ား ၊ ဖီတန္သုပ္ႀကိဳက္သူမ်ားတို႔ေရ..
က်န္းမာေရးအသိ က်န္းမာေရး သတိေလးနဲ႕ စားသုံးနိုင္ေအာင္ သတိေပးတင္ဆက္ေပးလိုက္ပါတယ္ေနာ္။
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။