စစ်ခွေး၊ ရဲခွေး ဟု စာရေးထားသော PDF အလံကို ခြေဖြင့် ပြေးကန်သည့် နယ်ထိန်းရဲ တွတ်ပီ မိုင်းကွဲ ထိမှန် ပွဲချင်းပြီးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၀
စစ်ခွေး၊ ရဲခွေး ဟု စာရေးထားသော PDF အလံကို ခြေဖြင့် ပြေးကန်သည့် မိုးကောင်း နယ်ထိန်းရဲ တွတ်ပီ မိုင်းကွဲ ထိမှန် ပွဲချင်းပြီးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် စစ်ခွေး၊ ရဲခွေးဟု စာရေးထားသော PDF အလံ စိုက်ထူထားမှုကို ခြေဖြင့် ပြေးကန် သည့် မိုးကောင်းနယ်ထိန်းရဲ တပ်ကြပ် တွတ်ပီ အလံနှင့်အတူ တွဲဖက်ထားသော မိုင်း ပေါက်ကွဲ ထိမှန်၍ သေဆုံးသွားကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ၊ မီးပွိုင့်အနီးတွင် မိုင်းကွဲမှု ဖြစ်ပွားကြောင်း၊ မိုင်းကွဲမှုကြောင့် မိုးကောင်းနယ်ထိန်းရဲတပ်ကြပ် တွတ်ပီ ပွဲချင်းပြီးသေဆုံးကြောင်း၊
ဖြစ်စဉ်မှာ မီးပွိုင့်အနီးတွင် PDF အလံပေါ်တွင် စစ်ခွေးရဲခွေး ရေးသားထားပြီး အလံကို မိုင်းထည့်ထားသော ခြင်းတောင်းဘေးတွင် စိုက်ထူထားကြောင်း၊ ရဲတပ်ကြပ် တွတ်ပီက ယင်းအလံကို ပြေးကန်စဉ် မိုင်းကွဲ၍ ခြေပြတ် လက်ပြတ်ဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ကျနော်တို့က မိုးကောင်းသတင်းမီဒီယာတွေကြောက်တယ်ဗျ။ မိုင်းကွဲတော့ နယ်ထိန်းရဲတွတ်ပီကတော့ ပွဲချင်းပြီး သေတယ်။
ဖြစ်တာက ဒီမနက် ၄ နာရီခွဲမှာဖြစ်တာ။ ကျနော်တို့ PDF တွေက တိုက်ရိုက် ပေးပို့တာပါ” ဟု မိုးကောင်း PDF ရဲဘော်တစ်ဦးက ပြောဆိုသည်။